Thursday 25 September 2014

ဂျူဗင်တပ်၏ဝင်ငွေ ယူရိုသန်း ၃၀၀ ကျော်သလို ကြွေးမြီ သန်း ၂၀၀ ကျော် တင်ရှိ

အီတလီစီးရီးအေချန်ပီယံ ဂျူဗင်တပ်သည် ပြီးခဲ့သည့် ၂၀၁၃-၁၄ ဘောလုံး ရာသီတွင် ဝင်ငွေ ယူရိုသန်း ၃၀၀ ရခဲ့သော်လည်း စုစုပေါင်း ကြွေးမြီမှာ ယူရိုသန်း ၂၀၀ ကျော်ခဲ့ပြီဖြစ်သည်။
အသင်းသည် ၎င်းတို့၏ ၂၀၁၃-၁၄ ရာသီ ဘဏ္ဍာရေးရှင်းတမ်းကို ထုတ်ပြန် ခဲ့ရာတွင် ကြွေး

မြီပမာဏမှာ ယခင် ယူရို ၁၆၀ ဒသမ ၃ သန်းရှိခဲ့ရာမှ ယူရို ၂၀၆ သန်းသို့ ရောက်ရှိသွားခြင်းဖြစ်သည်။ ယင်းသို့ ကြွေးမြီပမာဏ မြင့်တက်မှုတွင် ကစားသမားခေါ်ယူမှုများ၊ ရင်းနှီးမြှုပ်နှံမှုများ၊ အခြားဘဏ္ဍာရေး လှုပ်ရှား မှုများကြောင့် တိုးလာခြင်းဖြစ်သည်။

ဂျူဗင်တပ်သည် ပြီးခဲ့သည့်ရာသီတွင် စုစုပေါင်း ယူရို  ၆ ဒသမ ၇ သန်း ရှုံးခဲ့ပြီး ယခင် ၂၀၁၂-၁၃ တွင် ရှုံးခဲ့ သည့် ယူရို ၁၅ ဒသမ ၉ သန်းထက် ပိုသက်သာခဲ့ သည်ဟု ဆိုသည်။ ဂျူဗင်တပ်သည် ပြီးခဲ့ သည့် ဘောလုံးရာသီတွင် ယူရို ၃၁၅ ဒသမ ၈ သန်း ဝင်ငွေရှိခဲ့ပြီး ထိုရာသီမတိုင်မီနှစ်က ယူရို ၂၈၃ ဒသမ ၈ သန်း ရခဲ့သည်ထက် ဝင်ငွေ ၁၁ ဒသမ ၃ ရာခိုင်နှုန်းတိုးခဲ့သည်။

Ref: Goal

No comments:

Post a Comment