Thursday 25 September 2014

ပစ်ကပ်နှင့် ဒယ်ဘယ်ကပ်များ နယ်စပ်လမ်းကြောင်းမှ တင်သွင်းခွင့်ပြု

Photo: ပစ်ကပ်နှင့် ဒယ်ဘယ်ကပ်များ နယ်စပ်လမ်းကြောင်းမှ တင်သွင်းခွင့်ပြု
Thursday, September 25, 2014

တံခါးနှစ်ပေါက်ပါ ပစ် ကပ်နှင့် ဒယ်ဘယ်ကပ်ကားများ ကို နယ်စပ် လမ်းကြောင်း များမှ တစ်ဆင့် တင်သွင်းခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း စီးပွားရေးနှင့် ကူး သန်းရောင်း ဝယ်ရေးဝန်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်းက ပြောသည်။

 အဆိုပါ ကားများကို လုပ် ငန်းသုံး အုပ်စုကားများအဖြစ် ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြား မှုဦးစီးဌာနက ထည့်သွင်းလိုက်ပြီး နောက် စီးပွားကူးသန်းက နယ် စပ်လမ်းကြောင်းမှတစ်ဆင့် တင် သွင်းခွင့်ပြုလိုက်ခြင်းဖြစ်သည်။

အဆိုပါ ကားများကို ဆိပ် ကမ်းမှတစ်ဆင့် တင်သွင်းရာတွင် ယခင်က လူစီးနှင့် လုပ်ငန်းသုံးဟူ ၍ အမျိုးမျိုးသတ်မှတ်တင်သွင်း လာကြပြီး အခွန်ဆောင်ရာတွင် လည်း ကွဲလွဲမှုများ၊ အငြင်းပွားမှု များဖြစ်ပွားခဲ့သည်။

ယခုကဲ့သို့ လုပ်ငန်းသုံးကားအဖြစ်သတ်မှတ်ကာ နယ်စပ်မှတင်သွင်းခွင့်ပြုလိုက်သောကြောင့် အခွန်သက်သာသွားနိုင်ကြောင်း ကားတင်သွင်းသူလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

လုပ်ငန်းသုံးကား အမျိုးအစားများဖြစ်သည့် ပစ်ကပ်၊ ဆင်ဂယ်ကပ်၊ အိတ်စတန်းကပ်၊ အိုးပင်းကပ်များကို ကညနက ပြီးခဲ့သည့် ဧပြီ ၁ ရက်မှစတင်ပြီး လုပ်ငန်းသုံးကားစာရင်း ထည့်သွင်းသတ်မှတ်ခဲ့ပြီး အခွန်ကိုလည်း ၅ ရာခိုင်နှုန်းသာ ကောက်ခံခဲ့သည်။

 ယခင်က  FOB  ပုံစံဖြင့် သင်္ဘောဖြင့်တင်သွင်းလာသည့် ပစ်ကပ်ကားများကို ယခုအခါ နယ်စပ်ကုန်သွယ်ရေး  လမ်း ကြောင်းများမှတစ်ဆင့် တင်သွင်း နိုင်မည်ဖြစ်ရာ သယ်ယူစရိတ် များစွာသက်သာလာပြီး ဈေးလည်းကျနိုင်ကြောင်း ကားတင်သွင်းသူအချို့က ခန့်မှန်းပြောကြားသည်။

7Day DAILY

ပြခန်းတစ်ခုတွင် ပြသထားသည့် ဒယ်ဘယ်ကပ်တစ်စီး ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
ပြခန်းတစ်ခုတွင် ပြသထားသည့် ဒယ်ဘယ်ကပ်တစ်စီး ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
တံခါးနှစ်ပေါက်ပါ ပစ်ကပ်နှင့် ဒယ်ဘယ်ကပ်ကားများကို နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် တင်သွင်းခွင့်ပြု လိုက်ပြီ ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်းက ပြောသည်။
 အဆိုပါ ကားများကို လုပ် ငန်းသုံး အုပ်စုကားများအဖြစ် ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြား မှုဦးစီးဌာနက ထည့်သွင်းလိုက်ပြီး နောက် စီးပွားကူးသန်းက နယ်စပ်လမ်းကြောင်းမှတစ်ဆင့် တင်သွင်းခွင့်ပြု လိုက်ခြင်းဖြစ်သည်။

အဆိုပါ ကားများကို ဆိပ် ကမ်းမှတစ်ဆင့် တင်သွင်းရာတွင် ယခင်က လူစီးနှင့် လုပ်ငန်းသုံးဟူ ၍ အမျိုးမျိုး သတ်မှတ်တင်သွင်း လာကြပြီး အခွန်ဆောင်ရာတွင် လည်း ကွဲလွဲမှုများ၊ အငြင်းပွားမှု များဖြစ်ပွားခဲ့သည်။

ယခုကဲ့သို့ လုပ်ငန်းသုံးကားအဖြစ်သတ်မှတ်ကာ နယ်စပ်မှတင်သွင်းခွင့်ပြုလိုက်သောကြောင့် အခွန် သက်သာ သွားနိုင်ကြောင်း ကားတင်သွင်းသူလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

လုပ်ငန်းသုံးကား အမျိုးအစားများဖြစ်သည့် ပစ်ကပ်၊ ဆင်ဂယ်ကပ်၊ အိတ်စတန်းကပ်၊ အိုးပင်းကပ်များကို ကညနက ပြီးခဲ့သည့် ဧပြီ ၁ ရက်မှစတင်ပြီး လုပ်ငန်းသုံးကားစာရင်း ထည့်သွင်းသတ်မှတ်ခဲ့ပြီး အခွန်ကို လည်း ၅ ရာခိုင်နှုန်းသာ ကောက်ခံခဲ့သည်။

 ယခင်က  FOB  ပုံစံဖြင့် သင်္ဘောဖြင့်တင်သွင်းလာသည့် ပစ်ကပ်ကားများကို ယခုအခါ နယ်စပ်ကုန် သွယ်ရေး  လမ်း ကြောင်းများမှတစ်ဆင့် တင်သွင်း နိုင်မည်ဖြစ်ရာ သယ်ယူစရိတ် များစွာသက်သာ လာပြီး ဈေးလည်းကျနိုင်ကြောင်း ကားတင်သွင်းသူအချို့က ခန့်မှန်းပြောကြားသည်။

7Day DAILY

No comments:

Post a Comment