Thursday 25 September 2014

နိုင်ငံခြားဘဏ်ခွဲများမှ တိုက်ရိုက်ငွေချေးခွင့်မရ၍ လုပ်ငန်းရှင်များ အတိုးနှုန်း စိုးရိမ်

 နိုင်ငံခြားဘဏ်ခွဲများ ဖွင့်လှစ်ခွင့်ပြုရာတွင် လုပ်ငန်းရှင်များကို တိုက်ရိုက် ငွေချေးခွင့် မပေးဘဲ ပြည်တွင်း ဘဏ်များမှ တစ်ဆင့် ငွေချေး ရမည်ဖြစ်၍ အရင်းအနှီး လိုအပ်နေသော လုပ် ငန်းရှင်များအတွက် အတိုးနှုန်း သက်သာသော ချေးငွေမရရှိနိုင် သေးကြောင်း လုပ်ငန်းရှင်များထံ မှ သတင်းရရှိသည်။
‘‘တစ်ဆင့်ခံ ပြန်ချေးနေရ မှာဆိုတော့ အတိုးနှုန်းက သိပ် လျော့မှာ မဟုတ်ဘူး’’ ဟု တော် ၀င်မိသားစု ကုမ္ပဏီဥက္ကဋ္ဌ ဦးကို ကိုထွေးက ပြောသည်။

ယခုလတွင် ပြည်တွင်း၌ နိုင်ငံခြားဘဏ်ခွဲလိုင်စင်များ ချ ထားပေး မည်ဖြစ်ပြီး ပြည်တွင်း ဘဏ်များနှင့် ပူးပေါင်းလုပ် ဆောင်သော (Corporate Ban-king) ကိုသာ ခွင့်ပြုမည်ဖြစ် သည်။

ယင်းသို့ ခွင့်ပြုရာတွင် နိုင်ငံခြားမှဝင်လာသော လုပ်ငန်းရှင်များကိုသာ ငွေကြေးထောက်ပံ့ ခွင့်ပြုပြီး ပြည် တွင်း ဘဏ်လုပ်ငန်းများကို ခွင့်မပြုကြောင်း  သိရ သည်။

‘‘ပြည်တွင်းမှာက ငွေချေး ချင်သူတွေများတော့ ချေးငွေဈေး ကွက်ကတော့ အပြောင်းအလဲ ဖြစ်နိုင်တယ်’’ ဟု မြန်မာ့ရှေ့ ဆောင်ဘဏ် ဒုတိယအုပ်ချုပ်မှု ဒါရိုက်တာ ဦးကျော်စိုးမင်းက ပြောသည်။

နိုင်ငံခြားဘဏ်များမှ ပြည် တွင်းသို့ ငွေချေးမည့် အစီအစဉ် နှင့်ပတ်သက် ၍ ငွေလုံးငွေရင်းယူ ဆောင် လာပြီး ပြည်တွင်းဘဏ်များကို ချေးပေးမည့်အစီအစဉ် ဖြစ်မည်လား (သို့မဟုတ်) လုပ်ငန်းရှင် များ က ပြည်တွင်းဘဏ်များကို တင်ပြသည့်ချေးငွေပမာဏကို ထုတ်ချေးမည်လားဆိုသည့် အစီအစဉ်ကို ပြည် တွင်း ဘဏ်များက သိလိုနေကြသည်။

‘‘ကြားခံပါပေမယ့် နိုင်ငံခြား ဘဏ်တွေ လုပ်ကိုင်ခွင့်ပေးတာကို ကြိုဆိုပါတယ်။ တိုက်ရိုက်ရဖို့ က တော့ နောက်တစ်ဆင့်ပေါ့’’ ဟု လှိုင်သာယာစက်မှုဇုန် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးမြတ်သင်း အောင် က ပြောသည်။

လက်ရှိ ပြည်တွင်း၌ နိုင်ငံ ခြားဘဏ်ကိုယ်စားလှယ်ရုံးခွဲများ ဖွင့်လှစ်ခွင့်ပြုထားပြီး ၎င်းတို့ အနက်အချို့ကိုသာ ဘဏ်ခွဲဖွင့်လှစ်ခွင့်ပြုမည်ဖြစ်သည်။

7Day DAILY

No comments:

Post a Comment