Thursday 25 September 2014

ဓမ္မစေတီခေါင်းလောင်းကို ဦးဆောင်ဆယ်ယူရန် အစီအစဉ်မရှိဟု ယဉ်ကျေးမှုဝန်ကြီးဌာန ပြော

ရှေးဟောင်းဓမ္မစေတီ ခေါင်းလောင်းရှာဖွေမှုလုပ်ငန်းကို ယဉ်ကျေးမှုဝန်ကြီးဌာန ဦးဆောင်ဆယ်ယူမည့် အစီအစဉ်မရှိဘဲ ရှာဖွေသည့်အဖွဲ့များကို စောင့်ကြည့် အားပေးမည်ဖြစ်ကြောင်း ယဉ်ကျေးမှုဝန်ကြီး ဌာနပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်ကြူက ပြောသည်။ ‘‘ရှာမယ့်သူကို ခွင့်ပြုပါတယ်။ မဖြစ်နိုင်ဘူးလို့ မပြောပါဘူး။ သမိုင်းအမွေအနှစ်ကို ထိန်းသိမ်းချင်ပါတယ်။ စောင့်ကြည့် အားပေးတယ်။ နောက်ကပဲ အားပေး ပါတယ်’’ဟု ၀န်ကြီးကဆို သည်။
အမျိုးသားပြတိုက်တွင် စက် တင်ဘာ ၂၄ ရက်က ပြုလုပ်သော ပုဂံ၌ကျင်းပမည့် အာဆီယံအစည်းအဝေးနှင့် ပတ်သက်သောသတင်းစာ ရှင်းလင်းပွဲတွင် ဓမ္မ စေတီခေါင်းလောင်းနှင့်ပတ်သက်၍ သတင်းဌာနများ ၏ မေးမြန်း မှုအပေါ် ၎င်းက အထက်ပါအ  တိုင်းပြောကြားခြင်းဖြစ်သည်။

‘‘ဒီနေရာမှာတကယ့်သုတေ သီတွေရှိတယ်။ ဘတ်ဂျက်ရှိရ မယ်။ ပညာရှင်တွေဝိုင်းရှာရမယ်။ ဦးစံလင်း ရှာမယ် ဆိုတော့လည်း ကျွန်တော်တို့ဆီလာပါတယ်။ရန် ကုန်တိုင်းအစိုးရဆီလွှဲလိုက်တာ ပါ’’ဟု ၎င်းက ဆိုသည်။

ဓမ္မစေတီခေါင်းလောင်းရှာ ဖွေရာတွင် အသုံးပြုသောသောင် တူးသင်္ဘောကို အစိုးရကပြန်သိမ်း လိုက် ပြီးနောက် စက်တင်ဘာ၂၅ ရက်(ယနေ့)တွင် ပဲခူးမြို့မှ ဦးဝင်း မြင့်(ရွှေအုန်းပင်) က အလှူငွေများနှင့် ပတ်သက်၍ ရှင်းလင်းမည် ဖြစ်သည်။ ကာယကံရှင်ဦးစံလင်း တက်ရောက်မည်မဟုတ်ဟုလည်း သတင်း များ ထွက်ပေါ်နေသည်။

သြဂုတ် ၉ ရက်တွင် စတင်ရှာဖွေခဲ့သော ဓမ္မစေတီ ခေါင်းလောင်းသည် ရှာဖွေချိန် ရက်ပေါင်း ၄၄ ရက်ကြာမြင့်ခဲ့ပြီး ဦးစံလင်းအဖွဲ့ အပေါ် ဝေဖန်မှုများနှင့်လူထုစိတ်ဝင်စားမှုများရှိခဲ့သည်။

7Day DAILY

No comments:

Post a Comment