Thursday 25 September 2014

လားရှိုးဈေးအတွင်း နေ့ခင်းကြောင်တောင် ဓားပြတိုက်မှုဖြစ်

Photo: လားရှိုးဈေးအတွင်း နေ့ခင်းကြောင်တောင် ဓားပြတိုက်မှုဖြစ်
Thursday, September 25, 2014

 စက်တင်ဘာ၂၄ရက် မွန်းလွဲက လားရှိုးမြို့ စည်ပင်သာ ယာဈေးရှိ ရွှေဆိုင် တစ်ဆိုင် တွင် ဆိုင်ရှင်ကို သေနတ်ဖြင့် ထောက်ကာ ကျပ်သိန်း တစ်ရာကျော်တန် ရွှေထည်ပစ္စည်းများ လုယက်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

လားရှိုးမြို့ အမှတ်(၃) ရပ် ကွက် လမ်းမတော်လမ်းမပေါ်ရှိ လားရှိုးစည်ပင်သာယာမြို့မဈေး၊ ချယ်ရီဈေးရုံတွင် ဖွင့်ထား သော ဝေဟင်ရွှေဆိုင်သို့ မွန်းလွဲ ပိုင်းက အမျိုးသားတစ်ဦး ရောက်လာပြီး ဆိုင်ရှင်အား နောက်ကျောဘက်မှ သေနတ်ဖြင့် ထောက်ကာ ရွှေများကို ကောင်တာပေါ်   တင်ခိုင်းခဲ့ သည်။ထိုအချိန်တွင် ဆိုင်ရှင်နှင့်အ တူ ပန်းထိမ်ဆရာ ဦးပြည်အောင် တို့ရှိနေပြီး ဆိုင်ပိုင်ရှင် ဦးစိုင်းထွန်းအေးက ရွှေလက်စွပ်များ ထည့် ထားသော ရွှေလင်ဗန်းတစ်ဗန်းကို ကောင်တာပေါ်သို့ တင်ပေးလိုက် ရာ လုယက်သူက အသင့်ပါလာ သော ကျောပိုးအိတ်အတွင်းသို့ထည့်ပြီး ထွက်ပြေးသွားခြင်းဖြစ် သည်။

ထို့နောက် သေနတ်သမား သည် ရွှေဆိုင်နှင့် ၂၅ ပေခန့်ကွာ သော အောင်သီရိရုပ်ရှင်ရုံ နောက်ဖေးလမ်းကြား၌ အသင့်ရပ်စောင့် နေသော ဆိုင်ကယ်တစ်စီးဖြင့် ထွက်ပြေးသွားကြကြောင်း ဒေသခံဦးသောင်းလွင်က ပြောသည်။

 ‘‘ရွှေထည်ပစ္စည်းတန်ဖိုး သိန်းတစ်ရာဖိုးလောက်ပါသွား တယ်လို့သိရပါတယ်။ ဈေးလုံခြုံ ရေးယူထားတဲ့ ရဲတပ်ဖွဲ့ဝင်တွေ ဒီဆိုင်ဘက်ရောက်လာဖို့ ၁၅မိနစ် အလိုမှာ ခုလိုဖြစ်သွားတာပါ။ ရွှေ ထည်တွေလုသွားတဲ့လူ ဈေးအ ပြင်လမ်းပေါ်ကိုရောက်သွားပြီးမှ သိကြတာပါ’’ဟု လားရှိုးရွှေကုန် သည်များအသင်းဥက္ကဋ္ဌ  ကိုညီ ထွေးကပြောသည်။

သေနတ်ကိုင်လုယက်သွား သူသည် ရွှေထည်များရယူပြီးချိန် တွင် အသင့်ရပ်ထားသောဆိုင်ကယ်ဖြင့် ထွက်သွားခဲ့ခြင်းကို CC-TV မှတ်တမ်းအရသိရကြောင်းလုံခြုံရေးတာဝန်ကျရဲတပ်ဖွဲ့ဝင် တစ်ဦးကပြောသည်။

အဆိုပါလုယက်မှုနှင့်ပတ် သက်၍ တရားခံကိုဖမ်းဆီးဖော် ထုတ်နိုင်ရန် သက်ဆိုင်ရာရဲတပ် ဖွဲ့ဝင်များက မြို့အ၀င်၊ အထွက် လမ်းဟူသမျှကို  ပိတ်ဆို့လျက်ရှာ ဖွေစစ်ဆေးမှုများ   ပြုလုပ်နေ ကြောင်းသိရသည်။

 လွန်ခဲ့သည့် ၁၀ နှစ်ကျော် ၂၀၀၃ ခုနှစ်ကလည်း အထက်ပါ ဖြစ်စဉ်မျိုး ဖြစ်ပွားခဲ့သည့် လားရှိုးစည်ပင်သာယာမြို့မဈေး အပြင်ဘက်တန်းမှ   လပ်ကီးရွှေဆိုင် လုယက်မှုမှ တရားခံများကို နှစ်လကျော်ကြာမှ ဖမ်းမိခဲ့ပြီး ယင်းမှုခင်းကို ၁၂ နာရီ ၁၃ မိနစ် အမည်ဖြင့် ဇာတ်လမ်းရိုက်ကူးခဲ့သည်။

7Day DAILY 

လားရှိုးမြို့ဈေးကို လုယက်မှုအပြီး တွေ့ရစဉ်-ဓာတ်ပုံ−တင်ဦး(လားရှိုး)
လားရှိုးမြို့ဈေးကို လုယက်မှုအပြီး တွေ့ရစဉ်-ဓာတ်ပုံ−တင်ဦး(လားရှိုး)
 စက်တင်ဘာ၂၄ရက် မွန်းလွဲက လားရှိုးမြို့စည်ပင်သာယာဈေးရှိ ရွှေဆိုင်တစ်ဆိုင်တွင် ဆိုင်ရှင်ကို သေ နတ်ဖြင့် ထောက်ကာ ကျပ်သိန်းတစ်ရာကျော်တန် ရွှေထည်ပစ္စည်းများ လုယက်မှုဖြစ်ပွားခဲ့ကြောင်း သတင်း ရရှိသည်။
လားရှိုးမြို့ အမှတ်(၃) ရပ်ကွက် လမ်းမတော်လမ်းမပေါ်ရှိ လားရှိုးစည်ပင်သာယာမြို့မဈေး၊ ချယ်ရီဈေးရုံတွင် ဖွင့်ထား သော ဝေဟင်ရွှေဆိုင်သို့ မွန်းလွဲပိုင်းက အမျိုးသားတစ်ဦး ရောက်လာပြီး ဆိုင်ရှင် အား နောက်ကျော ဘက်မှ သေနတ်ဖြင့် ထောက်ကာ ရွှေများကို ကောင်တာပေါ်တင်ခိုင်းခဲ့သည်။ ထိုအချိန် တွင် ဆိုင် ရှင်နှင့် အတူ ပန်းထိမ်ဆရာ ဦးပြည်အောင် တို့ရှိနေပြီး ဆိုင်ပိုင်ရှင် ဦးစိုင်းထွန်းအေး က ရွှေလက် စွပ်များထည့်ထားသော ရွှေလင်ဗန်းတစ်ဗန်းကို ကောင်တာပေါ်သို့ တင်ပေးလိုက်ရာ လုယက်သူက အသင့်ပါလာ သော ကျောပိုးအိတ်အတွင်းသို့ထည့်ပြီး ထွက်ပြေးသွားခြင်းဖြစ်သည်။

ထို့နောက် သေနတ်သမားသည် ရွှေဆိုင်နှင့် ၂၅ ပေခန့်ကွာ သော အောင်သီရိ ရုပ်ရှင် ရုံ နောက်ဖေး လမ်းကြား၌ အသင့်ရပ်စောင့် နေသော ဆိုင်ကယ်တစ်စီးဖြင့် ထွက်ပြေးသွားကြကြောင်း ဒေသခံ ဦးသောင်းလွင် က ပြောသည်။

 ‘‘ရွှေထည်ပစ္စည်းတန်ဖိုး သိန်းတစ်ရာဖိုးလောက်ပါသွား တယ်လို့သိရပါတယ်။ ဈေးလုံခြုံ ရေးယူထားတဲ့ ရဲတပ်ဖွဲ့ဝင်တွေ ဒီဆိုင်ဘက်ရောက်လာဖို့ ၁၅မိနစ် အလိုမှာ ခုလိုဖြစ်သွားတာပါ။ ရွှေ ထည်တွေ လုသွားတဲ့ လူ ဈေးအ ပြင်လမ်းပေါ်ကိုရောက်သွားပြီးမှ သိကြတာပါ’’ဟု လားရှိုးရွှေကုန် သည်များအသင်းဥက္ကဋ္ဌ  ကိုညီ ထွေးကပြောသည်။

သေနတ်ကိုင်လုယက်သွား သူသည် ရွှေထည်များရယူပြီးချိန် တွင် အသင့်ရပ်ထားသောဆိုင်ကယ်ဖြင့် ထွက်သွားခဲ့ခြင်းကို CC-TV မှတ်တမ်းအရသိရကြောင်းလုံခြုံရေးတာဝန်ကျရဲတပ်ဖွဲ့ဝင် တစ်ဦးကပြောသည်။

အဆိုပါလုယက်မှုနှင့်ပတ်သက်၍ တရားခံကိုဖမ်းဆီးဖော်ထုတ်နိုင်ရန် သက်ဆိုင်ရာရဲတပ်ဖွဲ့ဝင်များက မြို့ အ၀င်၊ အထွက် လမ်းဟူသမျှကို  ပိတ်ဆို့လျက်ရှာ ဖွေစစ်ဆေးမှုများ   ပြုလုပ်နေ ကြောင်းသိရသည်။

 လွန်ခဲ့သည့် ၁၀ နှစ်ကျော် ၂၀၀၃ ခုနှစ်ကလည်း အထက်ပါ ဖြစ်စဉ်မျိုး ဖြစ်ပွားခဲ့သည့် လားရှိုးစည်ပင် သာယာမြို့မဈေး အပြင်ဘက်တန်းမှ   လပ်ကီးရွှေဆိုင် လုယက်မှုမှ တရားခံများကို နှစ်လကျော်ကြာမှ ဖမ်းမိ ခဲ့ပြီး ယင်းမှုခင်းကို ၁၂ နာရီ ၁၃ မိနစ် အမည်ဖြင့် ဇာတ်လမ်းရိုက်ကူးခဲ့သည်။

7Day DAILY

No comments:

Post a Comment