Thursday 25 September 2014

ကိုယ်ဝန်ဆောင်စဉ် သံဓာတ်ချို့တဲ့မှုကြောင့် ကလေးငယ်၏ ဖွံ့ဖြိုး တိုးတက်မှု နောက်ကျနိုင်

ကလေးငယ်များဖွံ့ဖြိုးမှု နောက်ကျခြင်းနှင့် မိခင်၏သံဓာတ် စားသုံးမှုကြား ဆက်နွှယ်မှုကို ပထမဆုံးလေ့ လာသော လေ့လာမှုအသစ်တစ်ရပ်အရ ကိုယ်ဝန်ဆောင်ချိန်အတွင်း (သို့မဟုတ်) ကိုယ်ဝန်မဆောင်မီ သံ ဓာတ်ဖြည့် စွက်ခြင်း မရှိသည့် အမျိုးသမီးများ၏ သားသမီးများသည် ဖွံ့ဖြိုးမှုနောက်ကျခြင်း ပိုဖြစ်နိုင်ကြောင်း သိရသည်။
ယင်းလေ့လာမှုအရ မိခင်၏ သံဓာတ်စားသုံးမှုနှင့် ကလေးငယ်၏ ဖွံ့ဖြိုး မှုနောက်ကျခြင်းကြား အခိုင်အမာ ဆက်စပ်မှုရှိကြောင်း သိရပြီး အသက်(၃၅)နှစ်နှင့် အထက် အမျိုးသမီးကိုယ်ဝန်ဆောင်စဉ် အ၀လွန်နေခြင်း (သို့မဟုတ်) ဆီးချိုရောဂါရှိပါက ကလေးငယ်ဖွံ့ဖြိုးမှု နောက်ကျခြင်း အန္တရာယ် ငါးဆပိုများကြောင်း သိရ သည်။

ကိုယ်ဝန်ဆောင်စဉ် သံဓာတ်စားသုံးမှုနည်းပါးခြင်းနှင့် ကလေးငယ်  ဖွံ့ဖြိုး မှုနောက်ကျခြင်းကြား ဆက်နွှယ် မှုမှာ ဖောလစ်အက်စစ်စားသုံးမှုအတွက် ထိန်းညှိလိုက်ပြီးနောက် နို့ချိုတိုက်ကျွေးစဉ်အတွင်း အခိုင်မာဆုံး ဆက်စပ်သည် ဟု လေ့လာမှုတွင် ပါဝင်သည့် လက်ထောက် ပါမောက္ခဒေါက်တာ ရေဗက္ကာဂျေရှမစ် က ပြောသည်။

သံဓာတ်ချို့တဲ့ခြင်းကို ကိုယ်ဝန်ဆောင်အမျိုးသမီးများတွင် များစွာ မြင်တွေ့နေကျဖြစ်၍ ကိုယ်ဝန်ဆောင်မည့် မိခင်လောင်းများအတွက် ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်သစ်တစ်ခုပေးရန် ယခုလေ့လာမှုကို အသုံးပြု ရန် ဆန္ဒမရှိကြောင်း မစ္စစ်ရှမစ်နှင့် လုပ်ဖော်ကိုင်ဖက်များက ပြောသည်။

ကိုယ်ဝန်ဆောင်မည့် အမျိုးသမီးများမှာဆရာဝန်လမ်းညွှန်ချက်အတိုင်း ကိုယ်ဝန်ဆောင်စဉ်အတွင်း ဗီတာမင် များ စားသုံးပေးရမည်ဖြစ်ကာ ညွှန်ကြားသောဆေးများကို နေ့စဉ်သောက်ရန် လိုအပ်သည်။ အကယ် ၍ ဘေးထွက်ဆိုးကျိုးများ ကြုံတွေ့ရပါက ယင်းပြသနာကိုဖြေရှင်းရန် ဆရာဝန်နှင့် တိုင် ပင်ဆွေးနွေး ပါ။

သို့သော် ကလေးငယ်များ ဖွံ့ဖြိုးမှုနောက်ကျခြင်းနှင့်ပတ်သက်၍  ဆန်းကြယ်သောအကြောင်းရင်းများ ရှိနေ ဆဲဖြစ်သောကြောင့် နောက်ထပ်လေ့လာမှုများ ပြုလုပ်ရန် လိုအပ်သေးကြောင်း သုတေသီ များက ပြောကြား သည်။ ယခုလေ့လာမှုမှာ ယင်းကဲ့သို့ ဆန်းကြယ်သော အကြောင်းရင်းများအတွက် သဲလွန်စတစ်ခု ဖြစ် သည် ဟုလည်း သုတေသီများက ပြောသည်။

UPI
7Day DAILY

No comments:

Post a Comment