Wednesday 30 July 2014

UWSA နှင့် မူးယစ်/ NCCT / တရုတ်အရေး

Photo: UWSA နှင့် မူးယစ်/ NCCT / တရုတ်အရေး
Wednesday, July 30, 2014 

ပြီးခဲ့တဲ့အပတ်ထဲက "၀" ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် အကြီးအကဲကို မြန်မာ့တပ်မတော်အကြီးအကဲ တွေကနေ ခေါ်ယူတွေ့ဆုံတယ်လို့ သတင်းတွေကြားရပါတယ်။ ဘယ်သူက ခေါ်ယူတွေ့ဆုံပါသလဲ။ ဘာအကြောင်းတွေဆွေးနွေးဖြစ်ပါသလဲ ။ UWSA ၀ တပ်ဖွဲ့ရဲ့ပြောခွင့်ရပုဂ္ဂိုလ် ဦးအောင်မြင့်ကို သျှမ်းသံတော်ဆင့်က မေးမြန်းထားပါတယ်။

မေး။ ။ ပြီးခဲ့တဲ့အပတ်ထဲမှာ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၀ တပ်ဖွဲ့အကြီးအကဲကို ဖိတ်ခေါ် ပြီး ဆွေးနွေးတယ်လို့ ကြားရပါတယ်။ ဘာအကြောင်း ဆွေးနွေးခဲ့ပါသလဲ။

ဖြေ။ ။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မဟုတ်ပါဘူး။ ကျနော်တို့ကိုဖိတ်ခေါ်တာ လားရှိုးတိုင်းမှူးပါ။ ဒါတင် မက ပါဘူး ကျိုင်းတုံတိုင်းမှူးကလည်း အထူးဒေသ ၄ ကို ဖိတ် ခေါ်ပါတယ်။ ပြောတဲ့ကိစ္စကတော့အတူတူဘဲ။ အိန္ဒိယ နယ်စပ် တမူးဘက်မှာ တရုတ်အမျိုးသား ၈ ဦး အဖမ်းခံရတဲ့ ကိစ္စ။ အခုနောက်ဆုံး မန္တလေး ထောင် မှာ စစ်ဆေး တဲ့ အခြေအနေတွေ ပြစ်ဒဏ်ပေးတာတွေ ကိုပြောပါတယ်။ ဒီလူတွေထဲက တယောက်ကို ၁၀ နှစ် ကျန် ၇ ယောက် ကို တယောက် ၁၃ နှစ်စီ ထောင်ချတယ်လို့ပြောတယ် ။ သူတို့တွေဟာ လားရှိုးဘက်မှာ လူသတ်မှု ဓါးပြတိုက်မှု တွေရှိခဲ့တယ် လို့ပြောပါတယ်။ ဒီအဖွဲ့တွေက မိုင်းလား ဘက်က ဝင်လာတယ်လို့ပြောတယ်။ အစက အလည် အပတ် အလုပ်လာရှာတာ။ ကိုးကန့်အဖွဲ့က စည်း ရုံး တယ် ။ ၀ ဒေသကိုလာပြီးတော့ သင်တန်း တက်တယ် ။ အဲ ဒီနောက်တော့ သံလွင်မြစ်အနောက်ခြမ်းကို သွားတယ်။ ဓါးပြတိုက်တယ် လူသတ် တယ်။ ပြီးတော့ အနောက်ဘက်ခြမ်းနယ်စပ်ကို အသွားမှာဖမ်းမိတာ - လို့ တိုင်းမှူးကပြောတယ်။

ကျနော်တို့တော့ အဲတာတွေ မသိဘူး။ သူတို့ကိုလည်း သင်တန်းမပို့ချပေးရဘူး။ ဘာသင်တန်းမှန်းတောင် မသိဘူး။ သူတို့ကိုသိတောင် မသိဘူး။ ကိုးကန့် အရေးအခင်းနောက်ပိုင်း ကျနော်တို့ ၀ ဒေသမှာ အရပ်သားအဖြစ် ရောက်နေကြတာ တွေရှိတယ်။ ဒါကြောင့် တိုင်းမှူးပြောခဲ့တာတွေကိုကျနော်တို့ လည်းအဖြေမပေးနိုင်တာ ဖြစ်တယ်။

ရှင်းရှင်းပြောရင် ဒီတရုတ် ၈ ယောက်က ကျနော်တို့နဲ့ ဘယ်လိုမှ ပတ်သက်ဆက်နွယ်တာမရှိပါဘူး။ မိုင်းလား ကနေ ဒီဘက်ကိုဖြတ်လာတုန်း ဒီမှာခဏတဖြုတ်နားတုန်း သင်တန်းရှိတယ်ဆိုတာတော့ ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒါပေမယ့် သူတို့အကြောင်း ကျနော်တို့ ဘာမှမသိလိုက်ရပါဘူး။

မေး။ ။ ဟုတ်ကဲ့ ဒီ ၈ ယောက်ကို ဘယ်တုန်းက ထောင်ဒဏ်ချလိုက်တာလဲ။

ဖြေ။ ။ တလောလေးကပါဘဲ။ သတင်းစာထဲမှာထည့်တယ်ပြောတယ်။ ကျနော်တို့က မဖတ်လိုက်ရတော့ မသိလိုက်ပါဘူး။

မေး။ ။ အပစ်ရပ်ထားတယ်ဆိုပေမယ့် သျှမ်းပြည်တပ်မတော် မြောက်ပိုင်းနဲ့ အစိုးရအကြားတိုက်ခိုက်မှု တွေဆ က် တိုက်ဖြစ်နေတယ်။ ၀ နဲ့ သျှမ်းပြည်တပ်မတော်မြောက်ပိုင်း အခရာ ကျတဲ့ လမ်းကိုဖြတ်ချင်တာလို့ ပြောပါတယ်။

ဖြေ။ ။ ကျနော်တို့လည်း အဲဒီသတင်းတွေမှာ ဖတ်ရပါတယ်။ သျှမ်းပြည်တပ်မတော်က ထုတ်ပြန်ကြေငြာချက် တွေ တွေ့ရတယ်။ နေပြည်တော်အစိုးရနဲ့ အရေးပေါ်သွားတွေ့တယ်လို့လည်း သိရတယ်။ တိုင်းရင်းသား အချင်း ချင်း အခုငြိမ်းချမ်းရေး ဆွေးနွေးနေနတဲ့ကာလ ဒီလိုဖြစ်နေတာမကောင်းဘူး။ လွှတ်တော်က ဒုဝန်ကြီးဖြေကြား ထား တဲ့ကိစ္စ ကျနော်တို့ကြားတယ်။ ဟိုဘက်မှာ ဒီလိုဖြစ်နေပေမယ့် ၀ ကတော့ဘာမှမဖြစ်ဘူး။ စစ်သေနင်္ဂဟ ဗျူဟာဆိုတာ လေ့လာသူတွေတော့သိတယ်။ ဒီလိုဖြစ်တော့ ကျနော်တို့ဘက်က လူကြီးတွေလည်း ခံစားချက် တော့ရှိတာပေါ့။

မေး။ ။ မိုင်းပေါက်မှာ အကြီးအကဲ တွေက အစည်းအဝေးထိုင်တယ်လို့ ကြားရတယ်။ အနောက်ခြမ်းက စစ်ရေးတင်းမာနေတဲ့ကိစ္စနဲ့ပတ်သက်လို့ ဆွေးနွေးတာ၊ မူးယစ်ကိစ္စဆွေးနွေးတာဖြစ်တယ်လို့ ကြားရတယ်။ ဒီအစည်းအဝေးက ကြာလည်းကြာနေပြီလို့ ကြားရပါတယ်။ ဒီကိစ္စ ပြောနိုင်ရင်ပြောပြ ပါလား။

ဖြေ။ ။ ဒီကိစ္စကတော့ အပြင်ကသတင်းတွေ ဒီလိုထွက်နေတာ မကြားရဘူး။ ဒါပေမယ့်ကျနော်တို့ဒီမှာ မိုင်းပေါက်မှာတင်မက ၀ ဒေသတခုလုံး ၆ လ ဦးပိုင်းကစပြီး ဒေသအတွင်းမူးယစ်ဆေးဝါးတိုက်ဖျက်ရေး လောင်း ကစားတိုက်ဖျက်ရေး မူးယစ်ဆေးသုံးစွဲရောင်းဝယ်မှုတိုက်ဖျက်ရေးအကုန်လုံး ရှင်းလင်းနေတယ်။ ကျနော်တို့စီမံကိန်းတခုက အဓိကက ကျနော်တို့ နိုင်ငံတော်နဲ့ငြိမ်းချမ်းရေးစယူပြီးတဲ့နောက်မှာ ၁၉၉၅-၉၆ ကစပြီးတော့ ၁၀ နှစ် ၁၅ နှစ်အတွင်း ဘိန်းစိုက်ပျိုးမှုပပျောက်ရေး ဆောင်ရွက်ဖို့ဆုံးဖြတ်တယ်။

အဲဒီကဏ္ဍ ၂ ပိုင်းသွားတယ်။ တပိုင်းက ဝါဒဖြန့်တယ်။ တပိုင်းက ပညာပေးတယ်။ အစားထိုးသီးနှံတွေ လက်ဖက်တို့ အခြားသီးနှံတို့ စိုက်တယ်။ ပြည်သူလူထုကိုပညာပေးတယ်။ သိအောင်နားလည်အောင်ရှင်းပြ ရတယ်။ ၁၀ နှစ်အတွင်းမှာ ၂၀၀၅ မှာ ကျနော်တို့ဒေသမှာ မူးယစ်တွေလုံးဝ ပပျောက်အောင်အောင်မြင်စွာ ဆောင်ရွက်နေခဲ့တယ်။ အခုဆိုရင်အောင်မြင်မှု ၉ နှစ် ပြည့်ပြီ။ ဘိန်းအစားထိုး ရော်ဘာ စိုက်ပျိုးထားတာ ဧက သုံးသိန်းနီးပါးရှိနေပြီ။ ဒါကြောင့်ဒေသတွင်းလူထု နေထိုင်မှု စီးပွါးရေးအားလုံး အရင်နဲ့အတူ ဖွံ့ဖြိုးတိုးတက်မှု ရှိခဲ့တယ်။ ကျနော်တို့ဒေသအတွင်းမှာ မစိုက်တော့ဘူးဆိုပေမယ့် တခြားဒေသကနေ စိုက်ပြီး ကျနော်တို့ဒေသ အတွင်းဖြတ်သန်းသယ်ဆောင်မှုတွေ ရှိတယ်။ တရုတ်ဘက်ကိုဝင်တယ်။ တရုတ်ကဖမ်းမိ ကျနော်တို့ကို ဖိအား ပေး၊ ဒါကြောင့်ကျနော်တို့လည်း ဒေသအတွင်းမူးယစ်ဆေးဝါးပပျောက်ရေးနှစ်ရှည်စီမံကိန်း ၆ လ ပိုင်းကတည်း က ကျနော်တို့ ဆုံးဖြတ်ချက်နဲ့ ဒေသတခုလုံးမှာ စစ်ဆေးတာ ဖမ်းဆီးတာ တိုက်ဖျက်တာတွေလုပ်နေပါတယ်။

ဒါကြောင့်ခုနမေးတဲ့ မိုင်းပေါက်အစည်းအဝေးမှာ ဒီကိစ္စတွေပါဝင်တယ်။ ပန်ဆန်းမှာလည်းလုပ်တယ်။ အတွင်း အပြင်ချိတ်ဆက်ပြီးတော့ တခြားကဘိန်းတွေယူလာပြီး ဒီမှာ လာချက်တာ ထုတ်လုပ်တာ တွေကို ဖမ်းတယ်။ မူးယစ်စွဲနေတဲ့လူတွေကိုလည်း ဖမ်းတယ်။ ပြစ်ဒဏ်ပေးတဲ့အနေနဲ့ ခေတ္တခေါ်ထားပြီးတော့ ပညာပေး တယ်။ ဒါမယ့်ထုတ်လုပ်တဲ့လူတွေကျတော့ ဘယ်လိုလုပ်မလဲဆိုတာ ကတော့ နောက်ထပ်ဆွေးနွေးဆုံးဖြတ် ရမှာဖြစ် တယ် ။ ဒါကြောင့်မို့ အဓိကဆောင်ရွက်နေတာ။ ကျနော်တို့ဆီမှာ ဘိန်းစိုက်ပျိုးမှု လုံးဝ ပပျောက်သွားအောင် လုပ်ခဲ့တဲ့ အစီအစဉ်လိုမျိုး- အခု လုံးဝ မူးယစ်ကင်းစင်အောင် ဒုတိယခြေလှမ်းအနေနဲ့ကျနော်တို့ လုပ်နေခြင်းဖြစ်ပါတယ်။

မေး။ ။ ဆရာတို့ဘက်က မူးယစ်ကင်းစင်ပြီလို့ပြောဆိုပေမယ့် ၀တပ်ဖွဲ့က မူးယစ်ဆေးတွေ ယာဘတွေလုပ် နေတုန်းဘဲဆိုတဲ့ဝေဖန်သံတွေအပေါ်ကော ဘယ်လိုပြောချင်ပါသလဲခင်ဗျ။

ဖြေ။ ။ ဒီဝေဖန်သံတွေအတွက် အခု ကျနော်တို့လုပ်နေတဲ့စီမံကိန်းက လက်တွေ့ပြနေပါတယ်။ အကုန်ပါပါတယ်။ ၀ ဒေသမှာ ဒါတွေရှိသေးတယ်လို့သူတို့ဝေဖန်နေတာကတော့ - ဒါ လုံးဝ မရှိဘူး လို့ကျနော်တို့ မငြင်းဘူး။ အပြင်ကဝင်လာတွေလည်းရှိနေလို့လေ။ အတွင်း အပြင်ချိတ်ဆက်ပြီး ခိုးသွင်းနေတာတွေရှိတယ်။ အခြေအနေကတော့ ပြောနေစရာတောင်မလိုတော့ပါဘူး။ ဒါ လုံးဝ ပပျောက်အောင် လုပ်နေတာ။ ၀ ဒေသ ဘဏ္ဍာရေးအနေနဲ့ ဘိန်းအစားထိုး သီးနှံကရလာတဲ့ဝင်ငွေတွေဖြစ်ပါတယ်။ ကိုယ့်ဒေသအတွင်းက သတ္တုတွေတူးဖော်ထုတ်လုပ်နေတာဖြဟစ်တယ်။ ပြည်တွင်းပြည်ပစီးပွါးရေးရှိတယ်။

မေး။ ။ လိုင်ဇာမှာလုပ်နေတဲ့အစည်းအဝေးက ဆရာတို့ကိုဖိတ်ထားတယ်လို့ကြားတယ်။ လူလွှတ်အစည်းအဝေးတက်ခိုင်းတာတွေရှိလားခင်ဗျ။

ဖြေ။ ။ သူတို့ဖိတ်လာတယ်ဆိုတဲ့ ကိစ္စကဗျာ မီဒီယာတွေက မေးလာတာများနေပြီ။ ဒီလိုရှိတယ်။ လိုင်ဇာ အစည်း အဝေးမစခင် ဆုံးဖြတ်ချက်ချချခြင်း ချင်းမိုင်မှာလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ တာဝန်ရှိ ပုဂ္ဂိုလ် တဦးကပြောတယ်။ ၀ နဲ့ အထူး ၄ ကိုဖိတ်ထားတယ်တဲ့။ ဒီသတင်း ပျံ့နေတယ်။ တကယ့် လက်တွေ့ ကျတော့ ကျနော်တို့ကိုလာမေးတယ်။ ဖိတ်စာရလား။ ကျနော်တို့မရဘူး ခင်ဗျားတို့ဘယ်ဆီကိုပို့ထားလဲ။ ကျနော်တို့ မရဘူးဆိုတော့ သူတို့ပို့လာတယ်။ အထူး ၄ ကို ပို့ပေးတယ်။ ရုံးအဖွဲ့ဆီကိုပို့တာမဟုတ်ဘဲ သူတို့သိကျွမ်းတဲ့ ပုဂ္ဂိုလ်ဆီကနေတဆင့်ပို့လိုက်တာ၊ ကျနော်တို့ဆီကို အီးမေးနဲ့ပို့တဲ့ဟာက ဖွင့်ကြည့်လို့မရဘူး။ အဲတာ ကျနော်တို့ က အထူး ၄ ဆီကို မေးကြည့် တောင်းကြည့်တော့မှ တကယ်ဘဲ တွေ့ရပါတယ်။ သူတို့ ၄ ဖွဲ့ဖိတ်ထားပါတယ်။ ဒါပေမယ့် အစည်းအဝေး ၂ ရက်အလိုမှာမှ ရောက်လာတယ်။ ကျနော်တို့ဆီမှာက အခက်အခဲလေးတွေရှိ တာ တခုက - အရင်အစည်းအဝေးတွေတုန်းကဆိုရင် သူတို့ဆီက မူကြမ်းတွေဘာတွေတောင်းကြည့်တယ်လေ။ သူတို့ဘက်က မပို့လာတော့ ကျနော်တို့လူကြီးတွေက သိတဲ့အတိုင်းဘဲလေ။ ရှင်းပြရမယ် အချိန်ယူရဦးမယ် ဘာသာပြန်ရဦးမယ်ဆိုတော့လေ။ ဟဲဟဲဟဲ မသိဘဲနဲ့ ဆွေးနွေးပွဲဘယ်လိုသွားမလဲ ။ မဟုတ်ဘူးလား။ ဒါမယ့်နောက်မှ ကျနော်တို့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရှာယူပြီးရရှိလာတတော့ရှိပါတယ်။ ဒါလည်းအစည်းအဝေး နီးမှရတာလေ။ ကျနော်တို့လူကြီး ထိပ်သီးအစည်းအဝေးသွားတက်ပြီး ဟိုရောက်မှ ပါးစပ်ဟ နားထောင်နေရရင် ဘာထူးမှာလဲ။ မဟုတ်ဘူးလား။

ဒါမယ့်ဘာဘဲဖြစ်ဖြစ် သူတို့ရဲ့လိုင်ဇာအစည်းအဝေးကိုကျနော်တို့ထောက်ခံပါတယ်။ ဆုံးဖြတ်ချက် သင့်သင့်မြတ်မြတ် ရှိအောင် အကျိုးရှိအောင် ငြိမ်းချမ်းရေး အတွက် လမ်းခရီးမှာ တဆင့်တက်ပြီးတော့ တိုးတက်မှုရရှိအောင် ကျနော်တို့အားပေးပါတယ်။

မေး။ ။ တဖက်ကလည်း တိုင်းရင်းသားတွေကိုထိုးစစ်ဆင်နေတယ်။ တဘက်ကလည်း ငြိမ်းချမ်းရေးအတွက် လုပ်နေတယ်။ မကြာခင်မှာ တပြည်လုံးအပစ်ရပ်ဖို့လည်းပြောနေတယ်။

ဖြေ။ ။ ဒါနှစ်ဘက်ကြည့်ရမှာပါ။ သဘောတူညီချက်တွေကို တသွေမသိမ်းလိုက်နာကြလား။ ဘယ်လိုချိုးဖျက် နေလဲပေါ့နော်။ ၂ ဘက်ကြည့်ရမှာပါ၊

မေး။ ။ ဒေသခံပြည်သူလူထုကို ဘာတွေ ဖြည့်စွက်ပြောပြချင်ပါသလဲ ။

ဖြေ။ ။ လက်နက်ကိုင် အရင်ကတော့ တော်လှန်ရေးတပ်ဖွဲ့ပေါ့နော် သူတို့နဲ့အခု ဆွေးနွေးနေတယ်။ ဒါမယ့် ဒီလိုဖြစ်လာတာ နှစ်ပေါင်း ၆၀ ကျော်တော့ ပြည်သူလူထုက ခံစားနေရပြီ။ ကျနော်တို့တိုင်းပြည်မှာ ပဋိပက္ခ ဆိုတာ သာဓက ထိပ်ဆုံးမှာ ရှိနေပါပြီ။ ဘယ်နိုင်ငံမှာမှ မရှိခဲ့ဖူးပါဘူး။ ၂ ပိုင်းပေါ့ တပိုင်းက ငြိမ်းချမ်းရေး အကောင်အထည်ဖော်နိုင်မယ်ဆိုရင် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ မြန်ဆန်လာမယ်။ နောက်တပိုင်းက ကျနော်တို့ တိုင်းရင်းသားတွေ ဒုက္ခခံလာရတာ နှစ်ပေါင်း ၆၀။ ဒီဒုက္ခတွေမြန်မြန် ဖြေရှင်းနိုင်ပြီး ဒေသဖွံ့ဖြိုးရေးဆောင်ရွက် နိုင်ပြီး ပြည်သူလူထု နေထိုင်မှု မြင့်တင်နိုင်ဖို့ ကျနော်တို့မှန်းပြီးကြိုးစားရမှာဖြစ်တယ် ဒါအားလုံးရဲ့မျှော်လင့်ချက် ဘဲလို့ ယုံကြည်ပါတယ်။

ရှမ်းသံတော်ဆင့်
ပြီးခဲ့တဲ့အပတ်ထဲက "၀" ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် အကြီးအကဲကို မြန်မာ့တပ်မတော် အကြီး အကဲ တွေကနေ ခေါ်ယူတွေ့ဆုံတယ်လို့ သတင်းတွေကြားရပါတယ်။ ဘယ်သူက ခေါ်ယူတွေ့ဆုံ ပါသလဲ။ ဘာအကြောင်းတွေဆွေးနွေးဖြစ်ပါသလဲ ။ UWSA ၀ တပ်ဖွဲ့ရဲ့ပြောခွင့်ရပုဂ္ဂိုလ် ဦးအောင်မြင့်ကို သျှမ်း သံတော်ဆင့် က မေးမြန်းထားပါတယ်။
မေး။ ။ ပြီးခဲ့တဲ့အပတ်ထဲမှာ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၀ တပ်ဖွဲ့အကြီးအကဲ ကို ဖိတ်ခေါ် ပြီး ဆွေးနွေးတယ်လို့ ကြားရပါတယ်။ ဘာအကြောင်း ဆွေးနွေးခဲ့ပါသလဲ။

ဖြေ။ ။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မဟုတ်ပါဘူး။ ကျနော်တို့ကိုဖိတ်ခေါ်တာ လားရှိုးတိုင်းမှူးပါ။ ဒါတင် မက ပါဘူး ကျိုင်းတုံတိုင်းမှူးကလည်း အထူးဒေသ ၄ ကို ဖိတ် ခေါ်ပါ တယ်။ ပြောတဲ့ကိစ္စကတော့ အတူတူဘဲ။ အိန္ဒိယ နယ်စပ် တမူးဘက်မှာ တရုတ်အမျိုးသား ၈ ဦး အဖမ်းခံရတဲ့ ကိစ္စ။ အခုနောက်ဆုံး မန္တလေး ထောင် မှာ စစ်ဆေး တဲ့ အခြေအနေတွေ ပြစ်ဒဏ်ပေးတာတွေ ကိုပြောပါတယ်။ ဒီလူတွေထဲက တယောက်ကို ၁၀ နှစ် ကျန် ၇ ယောက် ကို တယောက် ၁၃ နှစ်စီ ထောင်ချတယ်လို့ပြောတယ် ။ သူတို့တွေဟာ လားရှိုးဘက်မှာ လူသတ်မှု ဓါးပြတိုက်မှု တွေရှိခဲ့တယ် လို့ပြောပါတယ်။ ဒီအဖွဲ့တွေက မိုင်းလား ဘက်က ဝင်လာတယ်လို့ပြောတယ်။ အစက အလည် အပတ် အလုပ်လာရှာတာ။ ကိုးကန့်အဖွဲ့က စည်း ရုံး တယ် ။ ၀ ဒေသကိုလာပြီးတော့ သင်တန်း တက်တယ် ။ အဲ ဒီနောက်တော့ သံလွင်မြစ်အနောက်ခြမ်းကို သွားတယ်။ ဓါးပြတိုက်တယ် လူသတ် တယ်။ ပြီးတော့ အနောက်ဘက်ခြမ်း နယ်စပ်ကို အသွားမှာဖမ်းမိတာ - လို့ တိုင်းမှူးကပြောတယ်။

ကျနော်တို့တော့ အဲတာတွေ မသိဘူး။ သူတို့ကိုလည်း သင်တန်းမပို့ချပေးရဘူး။ ဘာသင်တန်းမှန်းတောင် မသိဘူး။ သူတို့ကိုသိတောင် မသိဘူး။ ကိုးကန့် အရေးအခင်းနောက်ပိုင်း ကျနော်တို့ ၀ ဒေသမှာ အရပ်သားအဖြစ် ရောက်နေကြတာ တွေရှိတယ်။ ဒါကြောင့် တိုင်းမှူးပြောခဲ့တာတွေကိုကျနော်တို့ လည်း အဖြေမပေး နိုင်တာ ဖြစ်တယ်။

ရှင်းရှင်းပြောရင် ဒီတရုတ် ၈ ယောက်က ကျနော်တို့နဲ့ ဘယ်လိုမှ ပတ်သက်ဆက်နွယ်တာမရှိပါဘူး။ မိုင်းလားကနေ ဒီဘက်ကိုဖြတ်လာတုန်း ဒီမှာခဏတဖြုတ်နားတုန်း သင်တန်းရှိတယ်ဆို တာတော့ ဖြစ်ကော င်းဖြစ် နိုင် တယ်။ ဒါပေမယ့် သူတို့အကြောင်း ကျနော်တို့ ဘာမှမသိလိုက်ရပါဘူး။

မေး။ ။ ဟုတ်ကဲ့ ဒီ ၈ ယောက်ကို ဘယ်တုန်းက ထောင်ဒဏ်ချလိုက်တာလဲ။

ဖြေ။ ။ တလောလေးကပါဘဲ။ သတင်းစာထဲမှာထည့်တယ်ပြောတယ်။ ကျနော်တို့က မဖတ်လိုက်ရတော့ မသိလိုက်ပါဘူး။

မေး။ ။ အပစ်ရပ်ထားတယ်ဆိုပေမယ့် သျှမ်းပြည်တပ်မတော် မြောက်ပိုင်းနဲ့ အစိုးရအကြားတိုက်ခိုက် မှု တွေဆ က် တိုက်ဖြစ်နေတယ်။ ၀ နဲ့ သျှမ်းပြည်တပ်မတော်မြောက်ပိုင်း အခရာ ကျတဲ့ လမ်းကိုဖြတ်ချင် တာ လို့ ပြောပါတယ်။

ဖြေ။ ။ ကျနော်တို့လည်း အဲဒီသတင်းတွေမှာ ဖတ်ရပါတယ်။ သျှမ်းပြည်တပ်မတော်က ထုတ်ပြန်ကြေငြာ ချက် တွေ တွေ့ရတယ်။ နေပြည်တော်အစိုးရနဲ့ အရေးပေါ်သွားတွေ့တယ်လို့လည်း သိရတယ်။ တိုင်းရင်း သား အချင်း ချင်း အခုငြိမ်းချမ်းရေး ဆွေးနွေးနေနတဲ့ကာလ ဒီလိုဖြစ်နေတာမကောင်းဘူး။ လွှတ်တော်က ဒုဝန်ကြီးဖြေကြား ထား တဲ့ကိစ္စ ကျနော်တို့ကြားတယ်။ ဟိုဘက်မှာ ဒီလိုဖြစ်နေပေမယ့် ၀ ကတော့ ဘာမှမဖြစ်ဘူး။ စစ်သေနင်္ဂဟ ဗျူဟာဆိုတာ လေ့လာသူတွေတော့သိတယ်။ ဒီလိုဖြစ်တော့ ကျနော်တို့ ဘက်က လူကြီးတွေလည်း ခံစားချက် တော့ရှိတာပေါ့။

မေး။ ။ မိုင်းပေါက်မှာ အကြီးအကဲ တွေက အစည်းအဝေးထိုင်တယ်လို့ ကြားရတယ်။ အနောက်ခြမ်းက စစ်ရေးတင်းမာနေတဲ့ကိစ္စနဲ့ပတ်သက်လို့ ဆွေးနွေးတာ၊ မူးယစ်ကိစ္စဆွေးနွေးတာဖြစ်တယ်လို့ ကြားရတယ်။ ဒီအစည်းအဝေးက ကြာလည်းကြာနေပြီလို့ ကြားရပါတယ်။ ဒီကိစ္စ ပြောနိုင်ရင်ပြောပြ ပါလား။

ဖြေ။ ။ ဒီကိစ္စကတော့ အပြင်ကသတင်းတွေ ဒီလိုထွက်နေတာ မကြားရဘူး။ ဒါပေမယ့်ကျနော်တို့ဒီမှာ မိုင်းပေါက်မှာတင်မက ၀ ဒေသတခုလုံး ၆ လ ဦးပိုင်းကစပြီး ဒေသအတွင်း မူးယစ်ဆေးဝါး တိုက် ဖျက်ရေး လောင်း ကစားတိုက်ဖျက်ရေး မူးယစ်ဆေးသုံးစွဲရောင်းဝယ်မှုတိုက်ဖျက်ရေးအကုန်လုံး ရှင်းလင်းနေ တယ်။ ကျနော်တို့စီမံကိန်းတခုက အဓိကက ကျနော်တို့ နိုင်ငံတော်နဲ့ငြိမ်းချမ်းရေးစယူပြီးတဲ့နောက်မှာ ၁၉၉၅-၉၆ ကစပြီးတော့ ၁၀ နှစ် ၁၅ နှစ်အတွင်း ဘိန်းစိုက်ပျိုးမှုပပျောက်ရေး ဆောင်ရွက်ဖို့ဆုံးဖြတ်တယ်။

အဲဒီကဏ္ဍ ၂ ပိုင်းသွားတယ်။ တပိုင်းက ဝါဒဖြန့်တယ်။ တပိုင်းက ပညာပေးတယ်။ အစားထိုးသီးနှံတွေ လက်ဖက်တို့ အခြားသီးနှံတို့ စိုက်တယ်။ ပြည်သူလူထုကိုပညာပေးတယ်။ သိအောင်နားလည်အောင်ရှင်းပြ ရတယ်။ ၁၀ နှစ်အတွင်းမှာ ၂၀၀၅ မှာ ကျနော်တို့ဒေသမှာ မူးယစ်တွေလုံးဝ ပပျောက်အောင်အောင်မြင် စွာ ဆောင်ရွက်နေခဲ့တယ်။ အခုဆိုရင်အောင်မြင်မှု ၉ နှစ် ပြည့်ပြီ။ ဘိန်းအစားထိုး ရော်ဘာ စိုက်ပျိုးထားတာ ဧက သုံးသိန်းနီးပါးရှိနေပြီ။ ဒါကြောင့်ဒေသတွင်းလူထု နေထိုင်မှု စီးပွါးရေးအားလုံး အရင်နဲ့အတူ ဖွံ့ဖြိုးတိုးတက်မှု ရှိခဲ့တယ်။ ကျနော်တို့ဒေသအတွင်းမှာ မစိုက်တော့ဘူးဆိုပေမယ့် တခြားဒေသကနေ စိုက်ပြီး ကျနော်တို့ဒေသ အတွင်းဖြတ်သန်းသယ်ဆောင်မှုတွေ ရှိတယ်။ တရုတ်ဘက်ကိုဝင်တယ်။ တရုတ်ကဖမ်းမိ ကျနော်တို့ကို ဖိအား ပေး၊ ဒါကြောင့်ကျနော်တို့ လည်း ဒေသအတွင်း မူးယစ်ဆေးဝါး ပပျောက်ရေးနှစ်ရှည်စီမံကိန်း ၆ လ ပိုင်းကတည်း က ကျနော်တို့ ဆုံးဖြတ်ချက်နဲ့ ဒေသတခုလုံးမှာ စစ်ဆေး တာ ဖမ်းဆီးတာ တိုက်ဖျက်တာတွေလုပ်နေပါတယ်။

ဒါကြောင့်ခုနမေးတဲ့ မိုင်းပေါက်အစည်းအဝေးမှာ ဒီကိစ္စတွေပါဝင်တယ်။ ပန်ဆန်းမှာလည်းလုပ်တယ်။ အတွင်း အပြင်ချိတ်ဆက်ပြီးတော့ တခြားကဘိန်းတွေယူလာပြီး ဒီမှာ လာချက်တာ ထုတ်လုပ်တာ တွေကို ဖမ်းတယ်။ မူးယစ်စွဲနေတဲ့လူတွေကိုလည်း ဖမ်းတယ်။ ပြစ်ဒဏ်ပေးတဲ့အနေနဲ့ ခေတ္တခေါ်ထားပြီးတော့ ပညာပေး တယ်။ ဒါမယ့်ထုတ်လုပ်တဲ့လူတွေကျတော့ ဘယ်လိုလုပ်မလဲဆိုတာ ကတော့ နောက် ထပ်ဆွေးနွေး ဆုံးဖြတ် ရမှာဖြစ် တယ် ။ ဒါကြောင့်မို့ အဓိကဆောင်ရွက်နေတာ။ ကျနော်တို့ဆီမှာ ဘိန်းစိုက်ပျိုးမှု လုံးဝ ပပျောက်သွားအောင် လုပ်ခဲ့တဲ့ အစီအစဉ်လိုမျိုး- အခု လုံးဝ မူးယစ်ကင်းစင်အောင် ဒုတိယခြေလှမ်းအနေနဲ့ကျနော်တို့ လုပ်နေခြင်းဖြစ်ပါတယ်။

မေး။ ။ ဆရာတို့ဘက်က မူးယစ်ကင်းစင်ပြီလို့ပြောဆိုပေမယ့် ၀တပ်ဖွဲ့က မူးယစ်ဆေးတွေ ယာဘတွေလုပ် နေတုန်းဘဲဆိုတဲ့ဝေဖန်သံတွေအပေါ်ကော ဘယ်လိုပြောချင်ပါသလဲခင်ဗျ။

ဖြေ။ ။ ဒီဝေဖန်သံတွေအတွက် အခု ကျနော်တို့လုပ်နေတဲ့စီမံကိန်းက လက်တွေ့ပြနေပါတယ်။ အကုန်ပါ ပါတယ်။ ၀ ဒေသမှာ ဒါတွေရှိသေးတယ်လို့သူတို့ဝေဖန်နေတာကတော့ - ဒါ လုံးဝ မရှိဘူး လို့ကျနော်တို့ မငြင်းဘူး။ အပြင်ကဝင်လာတွေလည်းရှိနေလို့လေ။ အတွင်း အပြင်ချိတ်ဆက်ပြီး ခိုးသွင်းနေတာတွေ ရှိတယ်။ အခြေအနေကတော့ ပြောနေစရာတောင်မလိုတော့ပါဘူး။ ဒါ လုံးဝ ပပျောက်အောင် လုပ်နေတာ။ ၀ ဒေသ ဘဏ္ဍာရေးအနေနဲ့ ဘိန်းအစားထိုး သီးနှံကရလာတဲ့ဝင်ငွေတွေဖြစ်ပါတယ်။ ကိုယ့်ဒေသအတွင်းက သတ္တုတွေတူးဖော်ထုတ်လုပ်နေတာဖြဟစ်တယ်။ ပြည်တွင်းပြည်ပစီးပွါးရေးရှိတယ်။

မေး။ ။ လိုင်ဇာမှာလုပ်နေတဲ့အစည်းအဝေးက ဆရာတို့ကိုဖိတ်ထားတယ်လို့ကြားတယ်။ လူလွှတ်အစည်း အဝေး တက်ခိုင်းတာတွေရှိလားခင်ဗျ။

ဖြေ။ ။ သူတို့ဖိတ်လာတယ်ဆိုတဲ့ ကိစ္စကဗျာ မီဒီယာတွေက မေးလာတာများနေပြီ။ ဒီလိုရှိတယ်။ လိုင်ဇာ အစည်း အဝေးမစခင် ဆုံးဖြတ်ချက်ချချခြင်း ချင်းမိုင်မှာလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ တာဝန်ရှိ ပုဂ္ဂိုလ် တဦးကပြောတယ်။ ၀ နဲ့ အထူး ၄ ကိုဖိတ်ထားတယ်တဲ့။ ဒီသတင်း ပျံ့နေတယ်။ တကယ့် လက်တွေ့ ကျတော့ ကျနော်တို့ကိုလာမေးတယ်။ ဖိတ်စာရလား။ ကျနော်တို့မရဘူး ခင်ဗျားတို့ဘယ်ဆီကိုပို့ထားလဲ။ ကျနော်တို့ မရဘူးဆိုတော့ သူတို့ပို့လာတယ်။ အထူး ၄ ကို ပို့ပေးတယ်။ ရုံးအဖွဲ့ဆီကိုပို့တာမဟုတ်ဘဲ သူတို့ သိကျွမ်းတဲ့ ပုဂ္ဂိုလ်ဆီကနေတဆင့်ပို့လိုက်တာ၊ ကျနော်တို့ဆီကို အီးမေးနဲ့ပို့တဲ့ဟာက ဖွင့်ကြည့်လို့မရဘူး။ အဲတာ ကျနော်တို့ က အထူး ၄ ဆီကို မေးကြည့် တောင်းကြည့်တော့မှ တကယ်ဘဲ တွေ့ရပါတယ်။ သူတို့ ၄ ဖွဲ့ဖိတ်ထားပါတယ်။ ဒါပေမယ့် အစည်းအဝေး ၂ ရက်အလိုမှာမှ ရောက်လာတယ်။ ကျနော်တို့ဆီမှာက အခက်အခဲလေးတွေရှိ တာ တခုက - အရင် အစည်းအဝေးတွေတုန်းကဆိုရင် သူတို့ဆီက မူကြမ်းတွေဘာတွေတောင်းကြည့်တယ်လေ။ သူတို့ဘက်က မပို့လာတော့ ကျနော်တို့လူကြီးတွေက သိတဲ့အတိုင်းဘဲလေ။ ရှင်းပြရမယ် အချိန်ယူရဦးမယ် ဘာသာပြန်ရဦးမယ်ဆိုတော့လေ။ ဟဲဟဲဟဲ မသိဘဲနဲ့ ဆွေးနွေးပွဲဘယ်လိုသွားမလဲ ။ မဟုတ်ဘူးလား။ ဒါမယ့်နောက်မှ ကျနော်တို့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရှာယူပြီးရရှိလာတတော့ရှိပါတယ်။ ဒါလည်းအစည်း အဝေး နီးမှရတာလေ။ ကျနော်တို့လူကြီး ထိပ်သီးအစည်းအဝေးသွားတက်ပြီး ဟိုရောက်မှ ပါးစပ်ဟ နားထောင်နေ ရရင် ဘာထူးမှာလဲ။ မဟုတ်ဘူးလား။

ဒါမယ့်ဘာဘဲဖြစ်ဖြစ် သူတို့ရဲ့လိုင်ဇာအစည်းအဝေးကိုကျနော်တို့ထောက်ခံပါတယ်။ ဆုံးဖြတ်ချက် သင့် သင့်မြတ်မြတ် ရှိအောင် အကျိုးရှိအောင် ငြိမ်းချမ်းရေး အတွက် လမ်းခရီးမှာ တဆင့်တက်ပြီးတော့ တိုးတက် မှု ရရှိအောင် ကျနော်တို့အားပေးပါတယ်။

မေး။ ။ တဖက်ကလည်း တိုင်းရင်းသားတွေကိုထိုးစစ်ဆင်နေတယ်။ တဘက်ကလည်း ငြိမ်းချမ်းရေးအတွက် လုပ်နေတယ်။ မကြာခင်မှာ တပြည်လုံးအပစ်ရပ်ဖို့လည်းပြောနေတယ်။

ဖြေ။ ။ ဒါနှစ်ဘက်ကြည့်ရမှာပါ။ သဘောတူညီချက်တွေကို တသွေမသိမ်းလိုက်နာကြလား။ ဘယ်လိုချိုးဖျက် နေလဲပေါ့နော်။ ၂ ဘက်ကြည့်ရမှာပါ၊

မေး။ ။ ဒေသခံပြည်သူလူထုကို ဘာတွေ ဖြည့်စွက်ပြောပြချင်ပါသလဲ ။

ဖြေ။ ။ လက်နက်ကိုင် အရင်ကတော့ တော်လှန်ရေးတပ်ဖွဲ့ပေါ့နော် သူတို့နဲ့အခု ဆွေးနွေးနေတယ်။ ဒါမယ့် ဒီလိုဖြစ်လာတာ နှစ်ပေါင်း ၆၀ ကျော်တော့ ပြည်သူလူထုက ခံစားနေရပြီ။ ကျနော်တို့တိုင်းပြည်မှာ ပဋိပက္ခ ဆိုတာ သာဓက ထိပ်ဆုံးမှာ ရှိနေပါပြီ။ ဘယ်နိုင်ငံမှာမှ မရှိခဲ့ဖူးပါဘူး။ ၂ ပိုင်းပေါ့ တပိုင်းက ငြိမ်းချမ်းရေး အကောင်အထည်ဖော်နိုင်မယ်ဆိုရင် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ မြန်ဆန်လာမယ်။ နောက်တပိုင်းက ကျနော် တို့ တိုင်းရင်းသားတွေ ဒုက္ခခံလာရတာ နှစ်ပေါင်း ၆၀။ ဒီဒုက္ခတွေမြန်မြန် ဖြေရှင်း နိုင်ပြီး ဒေသဖွံ့ဖြိုးေ ရးဆောင် ရွက် နိုင်ပြီး ပြည်သူလူထု နေထိုင်မှု မြင့်တင်နိုင်ဖို့ ကျနော်တို့မှန်းပြီးကြိုးစားရမှာဖြစ်တယ် ဒါအားလုံးရဲ့မျှော်လင့်ချက် ဘဲလို့ ယုံကြည်ပါတယ်။

ရှမ်းသံတော်ဆင့်

No comments:

Post a Comment