Wednesday 30 July 2014

အင်းဝဘဏ် လီမိတက်၊ နေ ပြည် တော် ဇေ ယျာ သီ ရိ ဘဏ်ခွဲ (Mini Branch) ဖွင့်လှစ်

Photo: အင်းဝဘဏ် လီမိတက်၊ နေ ပြည် တော် ဇေ ယျာ သီ ရိ ဘဏ်ခွဲ (Mini Branch) ဖွင့်လှစ်
Wednesday, July 30, 2014

အင်းဝဘဏ် လီမိတက်၏ နေပြည်တော် ဇေယျာသီရိဘဏ်ခွဲ (Mini Branch) ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီ ၁၅ မိနစ်တွင် နေပြည်တော်၊ ဇေယျာသီရိ မြို့နယ်၊ ဇေယျာသီရိ ကုန်ပဒေသာ တိုက်ရှိ အဆိုပါဘဏ်ခွဲ၌ ကျင်းပရာ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး လှဌေးဝင်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ မြန်မာ စီးပွားရေး ကော်ပိုရေးရှင်း ဥက္ကဋ္ဌ စစ်ထောက်ချုပ် ဗိုလ်ချုပ် ညိုစော၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မောင်မောင် အေးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ အင်းဝဘဏ် လီမိတက် အုပ်ချုပ်မှု ဒါရိုက်တာ ဦးမြသိန်းက ဘဏ်ခွဲ ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားသည်။

ထို့နောက် မြန်မာ စီးပွားရေး ကော်ပိုရေးရှင်း ဥက္ကဋ္ဌ စစ်ထောက်ချုပ် ဗိုလ်ချုပ် ညိုစော၊ မြန်မာစီးပွားရေး ကော်ပိုရေးရှင်း ဦးဆောင် ညွှန်ကြားရေးမှူး ဦးသန့်ဆွေနှင့် အင်းဝဘဏ် လီမိတက် အုပ်ချုပ်မှု ဒါရိုက်တာ ဦးမြသိန်း တို့က ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးသည်။

ဆက်လက်ပြီး ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး လှဌေးဝင်းက ဘဏ်ခွဲ ဆိုင်းဘုတ်အား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးသည်။

၎င်းနောက် ဗိုလ်ချုပ်ကြီး လှဌေးဝင်းနှင့် တာက်ရောက် လာကြသူများက ဘဏ်ခွဲ အဆောက်အဦ အတွင်းသို့ လည်းကောင်း၊ မြန်မာစီးပွားရေး ကော်ပိုရေးရှင်းမှမကြာမီ ဖွင့်လှစ်မည့် 2012 Call Center အားလည်းကောင်း လှည့် လည်ကြည့်ရှု လေ့လာကြသည်။

ယခု ဖွင့်လှစ်သော နေပြည်တော်၊ ဇေယျာ သီရိဘဏ်ခွဲသည် အင်းဝဘဏ်လီမိတက်၏ ၃၆ ခုမြောက် ဘဏ်ခွဲဖြစ်ပြီး ၎င်းဘဏ်ခွဲတွင် ATM စက်ထား ရှိကာ Innwa ATM Debit Card များဖြင့် ငွေထုတ် ယူနိုင်ခြင်း၊ ငွေပေး ချေနိုင်ခြင်း၊ ငွေလက်ကျန် စစ်ဆေး နိုင်ခြင်းMini Statement ထုတ်ယူနိုင်ခြင်း၊ စာရင်း တစ်ခုမှ တစ်ခုသို့ လွှဲပြောင်း နိုင်ခြင်း စသည့် လုပ်ငန်းများကို ဆောင်ရွက်နိုင်မည်ဖြစ် ကြောင်းနှင့် အဆိုပါဘဏ်ခွဲ အနီး၌ သိရှိလိုသော သတင်း အချက်အလက် ဝန်ဆောင်မှု လုပ်ငန်း ဖြစ်သည့် 2012 Call Centerကိုလည်း ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ နေပြည်တော်၊ ဇေယျာသီရိ ဘဏ်ခွဲ ဖွင့်လှစ်ခဲ့ခြင်းကြောင့် ပတ်ဝန်းကျင် ရေဆင်းနယ်မြေရှိ တက္ကသိုလ်များ၊ ဝန်ထမ်းများ၊ ဒေသခံပြည်သူများ အနေဖြင့် ငွေထုတ်ယူခြင်း၊ ငွေလွှဲခြင်းများကို အလွယ်တကူ လျှင်မြန်စွာ ဆောင်ရွက်နိုင် တော့မည်ဖြစ်ကြောင်း သတင်း ရရှိသည်။

မြ၀တီ
အင်းဝဘဏ် လီမိတက်၏ နေပြည်တော် ဇေယျာသီရိဘဏ်ခွဲ (Mini Branch) ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီ ၁၅ မိနစ်တွင် နေပြည်တော်၊ ဇေယျာသီရိ မြို့နယ်၊ ဇေယျာသီရိ ကုန်ပဒေသာ တိုက်ရှိ အဆိုပါဘဏ်ခွဲ၌ ကျင်းပရာ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး လှဌေးဝင်း၊ ကာ ကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ မြန်မာ စီးပွားရေး ကော်ပိုရေးရှင်း ဥက္ကဋ္ဌ စစ်ထောက်ချုပ် ဗိုလ်ချုပ် ညိုစော၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မောင်မောင် အေးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ အင်းဝဘဏ် လီမိတက် အုပ်ချုပ်မှု ဒါရိုက်တာ ဦးမြသိန်းက ဘဏ်ခွဲ ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက် အား ရှင်းလင်း ပြောကြားသည်။

ထို့နောက် မြန်မာ စီးပွားရေး ကော်ပိုရေးရှင်း ဥက္ကဋ္ဌ စစ်ထောက်ချုပ် ဗိုလ်ချုပ် ညိုစော၊ မြန်မာ စီးပွားရေး ကော်ပိုရေးရှင်း ဦးဆောင် ညွှန်ကြားရေးမှူး ဦးသန့်ဆွေနှင့် အင်းဝဘဏ် လီမိတက် အုပ်ချုပ်မှု ဒါရိုက်တာ ဦးမြသိန်း တို့က ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးသည်။

ဆက်လက်ပြီး ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး လှဌေးဝင်းက ဘဏ်ခွဲ ဆိုင်းဘုတ် အား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးသည်။

၎င်းနောက် ဗိုလ်ချုပ်ကြီး လှဌေးဝင်းနှင့် တာက်ရောက် လာကြသူများက ဘဏ်ခွဲ အဆောက်အဦ အတွင်းသို့ လည်းကောင်း၊ မြန်မာစီးပွားရေး ကော်ပိုရေးရှင်းမှမကြာမီ ဖွင့်လှစ်မည့် 2012 Call Center အား လည်းေ ကာင်း လှည့် လည်ကြည့်ရှု လေ့လာကြသည်။

ယခု ဖွင့်လှစ်သော နေပြည်တော်၊ ဇေယျာ သီရိဘဏ်ခွဲသည် အင်းဝဘဏ်လီမိတက်၏ ၃၆ ခုမြောက် ဘဏ်ခွဲဖြစ်ပြီး ၎င်းဘဏ်ခွဲတွင် ATM စက်ထား ရှိကာ Innwa ATM Debit Card များဖြင့် ငွေထုတ် ယူနိုင်ခြင်း၊ ငွေပေး ချေနိုင်ခြင်း၊ ငွေလက်ကျန် စစ်ဆေး နိုင်ခြင်းMini Statement ထုတ်ယူနိုင်ခြင်း၊ စာရင်း တစ်ခုမှ တစ်ခုသို့ လွှဲပြောင်း နိုင်ခြင်း စသည့် လုပ်ငန်းများကို ဆောင်ရွက်နိုင်မည်ဖြစ် ကြောင်းနှင့် အဆိုပါဘဏ်ခွဲ အနီး၌ သိရှိလိုသော သတင်း အချက်အလက် ဝန်ဆောင်မှု လုပ်ငန်း ဖြစ်သည့် 2012 Call Centerကိုလည်း ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ နေပြည်တော်၊ ဇေယျာသီရိ ဘဏ်ခွဲ ဖွင့်လှစ်ခဲ့ခြင်းကြောင့် ပတ်ဝန်းကျင် ရေဆင်းနယ်မြေရှိ တက္ကသိုလ်များ၊ ဝန်ထမ်းများ၊ ဒေသခံပြည်သူများ အနေဖြင့် ငွေထုတ်ယူခြင်း၊ ငွေလွှဲခြင်းများကို အလွယ် တကူ လျှင်မြန်စွာ ဆောင်ရွက်နိုင် တော့မည်ဖြစ်ကြောင်း သတင်း ရရှိသည်။

မြ၀တီ

No comments:

Post a Comment