Wednesday 30 July 2014

ဘင်္ဂလား ပင်လယ်အော် တွင် လေဖိ အားနည်း ရပ်ဝန်း ဖြစ်ပေါ် ဒေသ အချို့ နေရာကွက် မိုးကြီးနိုင်

Photo: ဘင်္ဂလား ပင်လယ်အော် တွင် လေဖိ အားနည်း ရပ်ဝန်း ဖြစ်ပေါ် ဒေသ အချို့ နေရာကွက် မိုးကြီးနိုင်
Wednesday, July 30, 2014 

ဘင်္ဂလား ပင်လယ်အော် တွင် ဇူလိုင်လ အတွင်း သုံးကြိမ် မြောက်လေဖိ အားနည်း ရပ်ဝန်း ဖြစ်ပေါ်နေပြီး မုတ်သုံလေ အားကောင်း နေသောကြောင့် ဒေသအချို့ နေရာကွက်၍ မိုးကြီးနိုင် သေးကြောင်း မိုး/ဇလဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော် မိုးဦး ကပြောသည်။

‘‘ လေဖိအားနည်း ရပ်ဝန်းက ကုန်းတစ်ဝက်၊ ရေတစ်ဝက အနေ အထားနဲ့ အိန္ဒိယ ကမ်းရိုးတန်း ဘက်ကိုတော့ ရွေ့နေတယ်။ မြန်မာနိုင်ငံ အတွက်တော့ နေရာကွက်ပြီး မိုးကြီးမယ့် အန္တရာယ် ရှိနေသေးတယ် ’’ဟု ဦးကျော်မိုးဦး က ပြော သည်။

နေရာကွက်၍ မိုးကြီးမည့် အန္တရာယ် ရှိသော ဒေသများ အဖြစ် စစ်ကိုင်းတိုင်း ဒေသကြီး အထက်ပိုင်း၊ တနင်္သာရီတိုင်း ဒေသကြီး၊ ကချင်ပြည်နယ်၊ ရခိုင် ပြည်နယ် နှင့် မွန်ပြည်နယ် တို့တွင် မိုး/ဇလဌာနက သတိ ပေးထား သည်။ ထို့အပြင် မြန်မာ့ကမ်းရိုးတန်း တစ်လျှောက် နှင့် ကမ်းလွန် ပင်လယ်ပြင် တို့တွင် မိုးသက် လေပြင်း ကျရောက် နိုင်ပြီး လေတိုက်နှုန်း တစ်နာရီ လျှင် ၃၅ မိုင်မှ မိုင် ၄၀ အထိ တိုက်ခတ်နိုင် ကြောင်း သတင်း ထုတ်ပြန် ထား သည်။

ယခု ရက်ပိုင်း အတွင်း ဒေသအနှံ့ မိုးသည်း ထန်စွာ ရွာသွန်း နေသော ကြောင့် ဧရာဝတီ၊ စစ် တောင်း၊ သံလွင်နှင့် ချင်းတွင်း မြစ်တို့တွင် မြစ်ရေတက် လာပြီး ဘားအံ့မြို့တွင် သံလွင်မြစ်၏ စိုး ရိမ်ရေမှတ် အထက်သို့ ရောက်ရှိ နေကြောင်း မိုး/ဇလဌာနမှ သတင်း ရရှိသည်။

7 Day's News
ဘင်္ဂလား ပင်လယ်အော် တွင် ဇူလိုင်လ အတွင်း သုံးကြိမ် မြောက်လေဖိ အားနည်း ရပ်ဝန်း ဖြစ်ပေါ်နေပြီး မုတ်သုံလေ အားကောင်း နေသောကြောင့် ဒေသအချို့ နေရာကွက်၍ မိုးကြီးနိုင် သေးကြောင်း မိုး/ဇလဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော် မိုးဦး ကပြောသည်။
‘‘ လေဖိအားနည်း ရပ်ဝန်းက ကုန်းတစ်ဝက်၊ ရေတစ်ဝက အနေ အထားနဲ့ အိန္ဒိယ ကမ်းရိုးတန်း ဘက် ကိုတော့ ရွေ့နေတယ်။ မြန်မာနိုင်ငံ အတွက်တော့ နေရာကွက်ပြီး မိုးကြီးမယ့် အန္တရာယ် ရှိနေသေးတယ် ’’ဟု ဦးကျော်မိုးဦး က ပြော သည်။

နေရာကွက်၍ မိုးကြီးမည့် အန္တရာယ် ရှိသော ဒေသများ အဖြစ် စစ်ကိုင်းတိုင်း ဒေသကြီး အထက်ပိုင်း၊ တနင်္သာရီတိုင်း ဒေသကြီး၊ ကချင်ပြည်နယ်၊ ရခိုင် ပြည်နယ် နှင့် မွန်ပြည်နယ် တို့တွင် မိုး/ဇလဌာနက သတိ ပေးထား သည်။ ထို့အပြင် မြန်မာ့ကမ်းရိုးတန်း တစ်လျှောက် နှင့် ကမ်းလွန် ပင်လယ်ပြင် တို့တွင် မိုးသက် လေပြင်း ကျရောက် နိုင်ပြီး လေတိုက်နှုန်း တစ်နာရီ လျှင် ၃၅ မိုင်မှ မိုင် ၄၀ အထိ တိုက် ခတ်နိုင် ကြောင်း သတင်း ထုတ်ပြန် ထား သည်။

ယခု ရက်ပိုင်း အတွင်း ဒေသအနှံ့ မိုးသည်း ထန်စွာ ရွာသွန်း နေသော ကြောင့် ဧရာဝတီ၊ စစ် တောင်း၊ သံလွင်နှင့် ချင်းတွင်း မြစ်တို့တွင် မြစ်ရေတက် လာပြီး ဘားအံ့မြို့တွင် သံလွင်မြစ်၏ စိုး ရိမ်ရေမှတ် အထက်သို့ ရောက်ရှိ နေကြောင်း မိုး/ဇလဌာနမှ သတင်း ရရှိသည်။

7 Day's News

No comments:

Post a Comment