Wednesday 30 July 2014

ပြည်ထောင်စုဝန်ကြီးများအဖြစ် ခန့်အပ်ရန် ဦးရဲထွဋ်နှင့် ဒေါက်တာသန်းအောင် တို့အား သမ္မတက လွှတ်တော်သို့ အမည်စာရင်း ပေးပို့ထား

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးရဲထွဋ် (လက်ရှိ ဒုတိယ၀န်ကြီး) အားခန့်အပ်ရန်နှင့် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဒေါက်တာ သန်းအောင် (လက်ရှိ ဒုတိယ၀န်ကြီး) တို့အား ခန့်အပ်ရန် နိုင်ငံသမ္မတက လွှတ်တော်သို့ အမည်စာရင်း သ၀ဏ်လွှာကို ယနေ့ (၃၀၊၇၊၂၀၁၄) ပေး ပို့ ထားကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ယနေ့ကျင်းပသော ပြည်ထောင်စု လွှတ်တော်တွင် ကြေညာခဲ့သည်။
ကန့်ကွက်လိုသူများ ရှိပါက (၃၁၊၇၊၂၀၁၄) နောက်ဆုံးထား၍ လွှတ်တော်သို့ အမည်စာရင်း ပေးပို့ရန် လည်း ၄င်းက ဆက်လက်ကြေညာခဲ့သည်။

Eleven Media Group

No comments:

Post a Comment