Wednesday 30 July 2014

ဂါဇာပိတ်ဆို့မှု မဖယ်ရှားသရွေ့ အစ္စရေးနှင့်အပစ်ရပ်မည်မဟုတ်ဟု ဟားမတ်စ်အဖွဲ့ပြော

Photo: ဂါဇာပိတ်ဆို့မှု မဖယ်ရှားသရွေ့ အစ္စရေးနှင့်အပစ်ရပ်မည်မဟုတ်ဟု ဟားမတ်စ်အဖွဲ့ပြော
Wednesday, 30 July 2014
 
ဟားမတ်စ်အဖွဲ့ စစ်ဦးစီးချုပ် မိုဟာမက်ဒိုင်ယက်က သူ့လူတွေ လွတ်လပ် ဂုဏ်သိက္ခာရှိတဲ့ ဘ၀မှာ မနေနိုင်သေးသရွေ့၊ ဂါဇာ ပိတ်ဆို့ထားမှုကို မဖယ်မချင်း အစ္စရေးနဲ့ အပစ်အခတ်ရပ်စဲဖို့ ဖြစ်လာမှာ မဟုတ်ဘူးလို့ ဇူလိုင် ၂၉ ရက်နေ့က ပြောဆိုလိုက်ပါတယ်။

ကျနော်တို့ ပြည်သူတွေအတွက် အကျိုးမရှိတဲ့ ကြားဖြတ်ဖြေရှင်းမှုကို လက်ခံမှာ မဟုတ်ဘူးလို့လည်း ဟားမတ်စ်ရုပ်သံ အယ်လ်အာဆာကနေ ထုတ်လွှင့်တဲ့ အသံမှတ်တမ်းအတွင်း သူက ပြောပါတယ်။

ဒီအသံလွှင့်မှတ်တမ်းကို သီးခြားလွတ်လွတ်လပ်လပ် စစ်ဆေးအတည်ပြုနိုင်မှုတော့ မရှိပါဘူး။

သူဟာ အစ္စရေးနိုင်ငံတွင်း ရာနဲ့ချီတဲ့ အစ္စရေးနိုင်ငံသားတွေကို သေကျေဒဏ်ရာရစေတဲ့ အသေခံ ဗုံးခွဲမှုအတော်များများကို နောက်ကွယ်က စီရင်ခဲ့သူလို့ စွပ်စွဲခံထားရပြီး သူဟာ ၂၀၁၂ အစ္စရေးနဲ့ ၈ ရက်ကြာ စစ်ပွဲအတွင်းကလည်း အများပြည်သူကို မိန့်ခွန်းပြောခဲ့ဖူးပါတယ်။

ဇူလိုင် ၂၉ ရက်နေ့ကတော့ အစ္စရေးတင့်ကားတွေဟာ ဂါဇာကမ်းမြောင်မြောက်ပိုင်းက  ဂျဘာလယာအရှေ့ပိုင်းက အိမ်တွေကို ပစ်ခတ်ခဲ့တဲ့အတွက် မွေးကင်းစနဲ့ ဆေးဘက် လုပ်သားတွေအပါအ၀င် လူ ၁၃ ယောက် သေဆုံးပြီး တခြားလူ အများအပြား ဒဏ်ရာရတယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ပြောခွင့်ရက ပြောပါတယ်။

ဇူလိုင် ၈ ရက်နေ့က စတဲ့တိုက်ပွဲတွေကြောင့် ပါလက်စတိုင်းဘက်က အရပ်သား အများစုပါတဲ့လူ စုစုပေါင်း ၁၂၂၄ ယောက် သေဆုံးခဲ့ပြီး အစ္စရေးစစ်သား ၅၃ ယောက်နဲ့ အရပ်သား ၃ ယောက် သေဆုံးပါတယ်။

ဒီဗွီဘီ

ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးမှ ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်စဉ် (ဓာတ်ပုံ – အေပီ)
ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးမှ ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်စဉ် (ဓာတ်ပုံ – အေပီ)
ဟားမတ်စ်အဖွဲ့ စစ်ဦးစီးချုပ် မိုဟာမက်ဒိုင်ယက်က သူ့လူတွေ လွတ်လပ် ဂုဏ်သိက္ခာရှိတဲ့ ဘ၀မှာ မနေ နိုင်သေး သရွေ့၊ ဂါဇာ ပိတ်ဆို့ထားမှုကို မဖယ်မချင်း အစ္စရေးနဲ့ အပစ်အခတ်ရပ်စဲဖို့ ဖြစ်လာမှာ မဟုတ်ဘူးလို့ ဇူလိုင် ၂၉ ရက်နေ့က ပြောဆိုလိုက်ပါတယ်။
ကျနော်တို့ ပြည်သူတွေအတွက် အကျိုးမရှိတဲ့ ကြားဖြတ်ဖြေရှင်းမှုကို လက်ခံမှာ မဟုတ်ဘူးလို့လည်း ဟားမတ်စ်ရုပ်သံ အယ်လ်အာဆာကနေ ထုတ်လွှင့်တဲ့ အသံမှတ်တမ်းအတွင်း သူက ပြောပါတယ်။

ဒီအသံလွှင့်မှတ်တမ်းကို သီးခြားလွတ်လွတ်လပ်လပ် စစ်ဆေးအတည်ပြုနိုင်မှုတော့ မရှိပါဘူး။

သူဟာ အစ္စရေးနိုင်ငံတွင်း ရာနဲ့ချီတဲ့ အစ္စရေးနိုင်ငံသားတွေကို သေကျေဒဏ်ရာရစေတဲ့ အသေခံ ဗုံးခွဲမှု အတော်များများကို နောက်ကွယ်က စီရင်ခဲ့သူလို့ စွပ်စွဲခံထားရပြီး သူဟာ ၂၀၁၂ အစ္စရေးနဲ့ ၈ ရက်ကြာ စစ်ပွဲ အတွင်းကလည်း အများပြည်သူကို မိန့်ခွန်းပြောခဲ့ဖူးပါတယ်။

ဇူလိုင် ၂၉ ရက်နေ့ကတော့ အစ္စရေးတင့်ကားတွေဟာ ဂါဇာကမ်းမြောင်မြောက်ပိုင်း 
က  ဂျဘာလယာ အရှေ့ပိုင်းက အိမ်တွေကို ပစ်ခတ်ခဲ့တဲ့အတွက် မွေးကင်းစနဲ့ ဆေးဘက် လုပ်သားတွေအပါအ၀င် လူ ၁၃ ယောက် သေဆုံးပြီး တခြားလူ အများအပြား ဒဏ်ရာရတယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ပြောခွင့်ရက ပြောပါတယ်။

ဇူလိုင် ၈ ရက်နေ့က စတဲ့တိုက်ပွဲတွေကြောင့် ပါလက်စတိုင်းဘက်က အရပ်သား အများစုပါတဲ့လူ စုစုပေါင်း ၁၂၂၄ ယောက် သေဆုံးခဲ့ပြီး အစ္စရေးစစ်သား ၅၃ ယောက်နဲ့ အရပ်သား ၃ ယောက် သေဆုံးပါတယ်။

ဒီဗွီဘီ

No comments:

Post a Comment