Wednesday 30 July 2014

ဆူးလေရှန်ဂရီလာရှေ့ ကားလေးစီးနှင့် လူငါးဦးကို တိုက်ပြီး ထွက်ပြေးသည့် ယာဉ်မောင်းကို ဖမ်းမိ

ရန်ကုန်၊ ဇူလိုင် ၂၉- ဇူလိုင်၂၈ရက် ည ၁ဝနာရီခန့်က မဟာဗန္ဓုလလမ်း ဘေးတွင် ရပ်ထားသော ကားလေးစီး နှင့် လူငါးဦးကို ဝင်တိုက်ပြီး ထွက် ပြေး တိမ်းရှောင်နေသည့် ယာဉ် မောင်းကို ဇူလိုင် ၂၉ရက် နံနက် အစောပိုင်းက စမ်းချောင်းမြို့နယ် တွင် ဖမ်းဆီးရမိခဲ့ကြောင်း ကျောက် တံတားမြို့နယ်ရဲစခန်းမှ အမှုစစ် ရဲအရာရှိတစ်ဦးက ပြောသည်။
ဖမ်းဆီးရမိသူမှာ မောင်မောင် ၂၄နှစ်ဖြစ်ပြီး သစ်တောဝင်း၊ အလုံ မြို့နယ်နေထိုင်သူတစ်ဦးဖြစ်ကြောင်း ၎င်းကို ယာဉ်အမှုစစ် ရဲအုပ်အောင် နိုင်စိုးနှင့် တပ်ဖွဲ့ဝင်များက စမ်းချောင်း မြို့နယ်(တောင်)ဆီဆုံလမ်း အမှတ် (၈၀)၊ ၇ လွှာ၌ ဖမ်းဆီးရမိ ခဲ့ခြင်းဖြစ် ကြောင်းလည်း သိရသည်။

အဆိုပါအမှုကို ယာဉ်မှုစစ် ရဲအုပ် အောင်နိုင်စိုးက တရားလိုပြုလုပ်ကာ ကျောက်တံတားရဲစခန်းတွင် အမှုဖွင့် တိုင်ကြားထားကြောင်း ကျောက်တံ တားရဲစခန်းမှ သိရသည်။

ကျောက်တံတားရဲစခန်းမှ အမှု စစ်ရဲအရာရှိက ''ဇူလိုင် ၂၉ရက် နံနက် ၄နာရီခွဲလောက်မှာ မိ တာ။ ပြစ်မှု ပုဒ်မလေးခုနဲ့ အမှုဖွင့်ထား ပါ တယ်။ ယာဉ်မောင်းကိုပဲ ပြစ်မှုကျူး လွန်သူအဖြစ် အမှုဖွင့်မှာပါ။ တခြား ပါလာတဲ့သူတွေကတော့ သက်သေ တွေအနေနဲ့ လိုက်ပါဆောင်ရွက်ရမှာ ဖြစ်ပါ တယ်''ဟု ပြော သည်။

ဇူလိုင် ၂၈ရက် ည ၁ဝနာရီခန့် တွင် အမျိုးသမီးလေးဦးနှင့် အမျိုးသား နှစ်ဦး စီးနင်းလိုက်ပါလာသော ပရို ဘောက်ငွေရောင် ကားသည် ဆူးလေ ဘုရားအနီးမှ မဟာဗန္ဓုလလမ်းသို့ လမ်းပြောင်းပြန် မောင်းဝင် လာကာ လမ်းဘေးတွင်ရပ်နားထားသည့် ကား လေးစီးခန့် ကိုတိုက်မိပြီး ဆူးလေ ရှန် ဂရီလာရှေ့လမ်းဆုံရှိ လူရပ်နားသည့် လမ်းလယ်ကျွန်းကို ဖြတ်ကျော်တက် ကာ ယင်းနေရာတွင်ရှိသည့် လူငါးဦး ကို တိုက် သွားပြီး အဆိုပါကားသည် ဆူးလေရှန်ဂရီလာအရှေ့ မီးပွိုင့်အ ကျော်တွင် ရပ်တန့်၍ အမျိုးသမီး လေးဦး၊ ယာဉ်မောင်းနှင့် အမျိုးသား တစ်ဦးတို့မှာ ထွက်ပြေးသွားကြောင်း၊ ထွက်ပြေးသူများသည် သမ္မတ ဟိုတယ် အနီး လမ်းအတွင်းရှိ တိုက် ပေါ်သို့ တက်ပြေးသွားရာ အမျိုး သမီးနှစ်ဦးကို ဖမ်းဆီးလိုက် နိုင် ကြောင်း ကျောက် တံတားရဲစခန်းမှ သိရသည်။

အနောက်ပိုင်းခရိုင် ခရိုင်မှူး ဒုရဲမှူးကြီးဝင်းကြည်က ''ဖမ်းဆီးပြီး ရင် ယာဉ်မောင်းအနေနဲ့ မူးယစ်ဆေး ဝါး သုံးစွဲထားခြင်း ရှိမရှိတွေကိုပါ စစ်ဆေးသွားမှာပါ''ဟု ပြောသည်။

အဆိုပါယာဉ်တိုက်မှုကြောင့် လူတစ်ဦးသေဆုံး ကာ လေးဦးဒဏ် ရာရရှိခဲ့ပြီး မော်တော်ယာဉ်လေးစီး ခန့် ပျက်စီးခဲ့ကြောင်း ယာဉ်ထိန်းရဲ တပ်ဖွဲ့မှူးရုံးမှ သိရသည်။ အဆိုပါအမှုတွင် ယာဉ်မောင်း မောင်မောင်ကို (ပ)၁၈/၁၄ ပုဒ်မ- ၃၀၄(က)၊ ၃၃၈/၃၃၇/၂၀၂ တို့ဖြင့် အမှုဖွင့်ကာ စစ်ဆေးနေကြောင်း သိရသည်။

Yangon Media Group

No comments:

Post a Comment