Wednesday 30 July 2014

ရန်ကုန်မြို့တွင်းမှ ထွက်ရှိသည့် အမှိုက်များ အသုံးပြု၍ ဒလမြို့တွင် အမှိုက်မီးရှို့စက်တည်ဆောက်ကာ လျှပ်စစ်ထုတ်ရန် ကိုရီးယားကုမ္ပဏီတစ်ခု ကမ်းလှမ်း

Photo: ရန်ကုန်မြို့တွင်းမှ ထွက်ရှိသည့် အမှိုက်များ အသုံးပြု၍ ဒလမြို့တွင် အမှိုက်မီးရှို့စက်တည်ဆောက်ကာ လျှပ်စစ်ထုတ်ရန် ကိုရီးယားကုမ္ပဏီတစ်ခု ကမ်းလှမ်း
Wednesday, July 30, 2014

ရန်ကုန်မြို့တွင်း Down Town မြို့နယ်များမှ နေ့စဉ်ထွက်ရှိသည့် အမှိုက်များကို အသုံးပြု၍ ရန်ကုန်တစ်ဖက်ကမ်း ဒလတွင် မီးရှို့စက်ထောင်ကာ မီးရှို့၍ လျှပ်စစ်ထုတ်ရန်အတွက် ကိုရီးယားကုမ္ပဏီတစ်ခုက ကမ်းလှမ်းခဲ့ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ သိရသည်။

အဆိုပါကုမ္ပဏီက BOT စနစ်ဖြင့် လုပ်ကိုင်ခွင့်ရရန် ကမ်းလှမ်းခဲ့ခြင်းဖြစ်ပြီး ယင်းမှထွက်ရှိသည့် လျှပ်စစ်ဓာတ်အားမှာ အမှိုက်မီးရှို့စက် လည်ပတ်ရုံသာရရှိမည်ဖြစ်ကြောင်း သိရသည်။

သို့သော် ရန်ကုန်မြို့တွင်းမြို့နယ်များမှ ထွက်ရှိသည့် အမှိုက်များကို အသုံးပြုမည်ဖြစ်သောကြောင့် အဆိုပါမြို့နယ်များမှ အမှိုက်များ လျော့နည်းကာ ပတ်ဝန်းကျင်သန့်ရှင်းမှုအတွက် အထောက်အကူဖြစ်စေနိုင်မည်ဟု ဆိုသည်။

“အဲဒီကိုရီးယားကုမ္ပဏီကတော့ အမှိုက်မီးရှို့စက်ကို သူတို့နည်းပညာနဲ့ ဆောက်ပေးမယ်။ ကုန်ကျစရိတ်ကို ဌာနကပေးရမယ်။ ထွက်လာမယ့် လျှပ်စစ်ဓာတ်အားကတော့ စက်ရုံလည်ပတ်ရုံလာက်ပဲ ရမယ်။ သို့သော်လည်း မြို့တွင်းမြို့နယ်တွေမှာ အမှိုက်တွေ ရှင်းသွားမယ်။ ဒါပေမဲ့ ကျန်ကျစရိတ် နည်းနည်းများတယ်” ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီအနေဖြင့် မင်္ဂလာဒုံတွင် အမှိုက်မီးရှို့စက်ထောင်မည့်စီမံကိန်းတစ်ခုကို လာမည့်ဘဏ္ဍာနှစ်တွင် အကောင်အထည်ဖော်ရန် စီစဉ်ထားသောကြောင့် ယင်းသို့ကမ်းလှမ်းမှုအား မလုပ်ဖြစ်ရန် ရာခိုင်နှုန်းများနေကြောင်း သိရသည်။

ရန်ကုန်မြို့ရှိ နောက်ဆုံးစွန့်ပစ်အမှိုက်ပုံများဖြစ်သော လှိုင်သာယာမြို့နယ်ရှိ ထိန်ပင်အမှိုက်ပုံနှင့် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်တို့ရှိ ထားဝယ်ချောင်အမှိုက်ပုံတို့တွင် အမှိုက်မှတစ်ဆင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရန် ထိန်ပင်တွင် CHASSON INTERNA- TIONAL Korea Co.Ltd နှင့် ထားဝယ်ချောင်တွင် ZEYA & Association ကုမ္ပဏီတို့က လုပ်ကိုင်နေကြောင်း သိရသည်။

ထိန်ပင်အမှိုက်ပုံရှိ အမှိုက်တန်ချိန် ၈ဝဝ မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း နှင့် နေရောင်ခြည်သုံးစနစ်နည်းပညာကို အသုံးပြုကာ လျှပ်စစ်ဓာတ်အားထုတ်လုပ်မည် ဖြစ်ပြီး ပထမတစ်နှစ်အနေဖြင့် တစ်နာရီလျှင် ၁၂ မဂ္ဂါဝပ်၊ ဒုတိယတစ်နှစ်အနေဖြင့် တစ်နာရီလျှင် ၁ဝ မဂ္ဂါဝပ်နှင့် နောက်ဆုံးနှစ်အနေဖြင့် တစ်နာရီလျှင် ၈ မဂ္ဂါဝပ်ဖြင့် စုစုပေါင်း တစ်နာရီလျှင် ၃၆ မဂ္ဂါဝပ်ထုတ်လုပ်ရန်မှန်းထားကြောင်း သိရသည်။

ထားဝယ်ချောင်အမှိုက်ပုံရှိ အမှိုက်တန်ချိန် ၆ဝဝ အား အမှိုက်မီးရှို့စက်တည်ထောင်ကာ လျှစ်စစ်ဓာတ်အား ထုတ်လုပ်မည်ဖြစ်ပြီး နှစ်နှစ်စီမံကိန်းဖြင့် တစ်နာရီလျှင် ၁၅ ဒသမ ၄ မဂ္ဂါဝပ် ထုတ်လုပ်ရန်မှန်းထားပြီး အသီးသီးရရှိလာမည့် လျှပ်စစ်ဓာတ်အားများအား ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့သို့ ပြန်လည်ရောင်းချရန် ညှိနှိုင်းနေကြောင်း သိရသည်။     

Eleven Media Group 

ရန်ကုန်မြို့တွင်း ကမ်းနားလမ်းပေါ်တွင် အမှိုက်သိမ်းနေသည့် စည်ပင်ဝန်ထမ်းအား တွေ့ရစဉ်
ရန်ကုန်မြို့တွင်း ကမ်းနားလမ်းပေါ်တွင် အမှိုက်သိမ်းနေသည့် စည်ပင်ဝန်ထမ်းအား တွေ့ရစဉ်
ရန်ကုန်မြို့တွင်း Down Town မြို့နယ်များမှ နေ့စဉ်ထွက်ရှိသည့် အမှိုက်များကို အသုံးပြု၍ ရန်ကုန် တစ်ဖက် ကမ်း ဒလတွင် မီးရှို့စက်ထောင်ကာ မီးရှို့၍ လျှပ်စစ်ထုတ်ရန်အတွက် ကိုရီးယားကုမ္ပဏီတစ်ခုက ကမ်း လှမ်း ခဲ့ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေး ဌာနမှ သိရသည်။
အဆိုပါကုမ္ပဏီက BOT စနစ်ဖြင့် လုပ်ကိုင်ခွင့်ရရန် ကမ်းလှမ်းခဲ့ခြင်းဖြစ်ပြီး ယင်းမှထွက်ရှိသည့် လျှပ်စစ် ဓာတ် အားမှာ အမှိုက်မီးရှို့စက် လည်ပတ်ရုံသာရရှိမည်ဖြစ်ကြောင်း သိရသည်။

သို့သော် ရန်ကုန်မြို့တွင်းမြို့နယ်များမှ ထွက်ရှိသည့် အမှိုက်များကို အသုံးပြုမည်ဖြစ်သောကြောင့် အဆိုပါမြို့နယ် များမှ အမှိုက်များ လျော့နည်းကာ ပတ်ဝန်းကျင်သန့်ရှင်းမှုအတွက် အထောက် အကူဖြစ်ေ စနိုင် မည်ဟု ဆိုသည်။

“အဲဒီကိုရီးယားကုမ္ပဏီကတော့ အမှိုက်မီးရှို့စက်ကို သူတို့နည်းပညာနဲ့ ဆောက်ပေးမယ်။ ကုန်ကျစရိတ်ကို ဌာနကပေးရမယ်။ ထွက်လာမယ့် လျှပ်စစ်ဓာတ်အားကတော့ စက်ရုံလည်ပတ်ရုံလာက်ပဲ ရမယ်။ သို့သော် လည်း မြို့တွင်းမြို့နယ်တွေမှာ အမှိုက်တွေ ရှင်းသွားမယ်။ ဒါပေမဲ့ ကျန်ကျစရိတ် နည်းနည်း များတယ်” ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ တာဝန် ရှိသူ တစ်ဦးက ပြောကြားသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီအနေဖြင့် မင်္ဂလာဒုံတွင် အမှိုက်မီးရှို့စက်ထောင်မည့် စီမံကိန်းတစ်ခုကို လာမည့်ဘဏ္ဍာနှစ်တွင် အကောင်အထည်ဖော်ရန် စီစဉ်ထားသောကြောင့် ယင်းသို့ကမ်းလှမ်းမှုအား မလုပ်ဖြစ်ရန် ရာခိုင်နှုန်းများနေကြောင်း သိရသည်။

ရန်ကုန်မြို့ရှိ နောက်ဆုံးစွန့်ပစ်အမှိုက်ပုံများဖြစ်သော လှိုင်သာယာမြို့နယ်ရှိ ထိန်ပင်အမှိုက်ပုံနှင့် ဒဂုံမြို့ သစ်မြောက်ပိုင်းမြို့နယ်တို့ရှိ ထားဝယ်ချောင်အမှိုက်ပုံတို့တွင် အမှိုက်မှတစ်ဆင့် လျှပ်စစ်ဓာတ်အားထုတ်လုပ် ရန် ထိန်ပင်တွင် CHASSON INTERNA- TIONAL Korea Co.Ltd နှင့် ထားဝယ်ချောင်တွင် ZEYA & Association ကုမ္ပဏီတို့က လုပ်ကိုင်နေကြောင်း သိရသည်။

ထိန်ပင်အမှိုက်ပုံရှိ အမှိုက်တန်ချိန် ၈ဝဝ မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း နှင့် နေရောင်ခြည်သုံး စနစ်နည်းပညာကို အသုံးပြုကာ လျှပ်စစ်ဓာတ်အားထုတ်လုပ်မည် ဖြစ်ပြီး ပထမတစ်နှစ်အနေဖြင့် တစ်နာရီ လျှင် ၁၂ မဂ္ဂါဝပ်၊ ဒုတိယတစ်နှစ်အနေဖြင့် တစ်နာရီလျှင် ၁ဝ မဂ္ဂါဝပ်နှင့် နောက်ဆုံးနှစ်အနေဖြင့် တစ်နာရီလျှင် ၈ မဂ္ဂါဝပ်ဖြင့် စုစုပေါင်း တစ်နာရီလျှင် ၃၆ မဂ္ဂါဝပ်ထုတ်လုပ်ရန်မှန်းထားကြောင်း သိရသည်။

ထားဝယ်ချောင်အမှိုက်ပုံရှိ အမှိုက်တန်ချိန် ၆ဝဝ အား အမှိုက်မီးရှို့စက်တည်ထောင်ကာ လျှစ်စစ်ဓာတ်အား ထုတ်လုပ်မည်ဖြစ်ပြီး နှစ်နှစ်စီမံကိန်းဖြင့် တစ်နာရီလျှင် ၁၅ ဒသမ ၄ မဂ္ဂါဝပ် ထုတ်လုပ်ရန်မှန်းထားပြီး အသီးသီးရရှိလာမည့် လျှပ်စစ်ဓာတ်အားများအား ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့သို့ ပြန် လည်ရောင်းချရန် ညှိနှိုင်းနေကြောင်း သိရသည်။    

Eleven Media Group

No comments:

Post a Comment