Wednesday 30 July 2014

ဓာတုဗေဒပိုးသတ်ဆေးများ စနစ်တကျမသုံးစွဲခြင်းကြောင့် တောင်သူများ ဓာတုအဆိပ်သင့်၍ သေဆုံးမှုများရှိနေ

မန္တလေးတိုင်း ဒေသကြီးနှင့် ရှမ်းပြည်နယ်မြောက် ပိုင်းရှိ သရက်၊ သခွား၊ ဖရဲ စိုက်ပျိုး သည့်တောင်သူများမှာ ဓာတုဗေဒပိုး သတ်ဆေးများကို အကာအကွယ်မဲ့ စနစ်တကျသုံးစွဲခြင်း မရှိခြင်းကြောင့် သေဆုံးမှုများဖြစ်ပေါ်လျက်ရှိကြောင်း မြန်မာနိုင်ငံသစ်သီးဝလံနှင့်ပန်းမန်များစိုက်ပျိုးထုတ်လုပ်သူများ အသင်း မှ ကော်မတီဝင် ဒေါ်သန်းသန်း ဆွေက ပြောသည်။

ဓာတုဗေဒဆေးဝါးများကို အ ကာအကွယ်မယူဘဲ မတန်တဆသုံး စွဲမှုကြောင့် ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်ကာ အတိတ်မေ့ရောဂါ၊ အသည်းကင်ဆာရောဂါနှင့်အခြား သောရောဂါများ ဖြစ်ပွား၍ သေဆုံးကြ ခြင်း ဖြစ်ကြောင်း သိရသည်။ 

''ဓာတုဆေးတွေကို အကာအကွယ်မဲ့၊ စည်းကမ်းမဲ့စွာသုံးစွဲနေကြ တယ်၊ ၁ဝဝဝမီလီမီတာဝင်ရင် လူအ သက်သေဆုံးနိုင်တဲ့အထိ ဖြစ်ပေါ်နိုင် တယ်၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ သစ်သီး ဝလံစိုက်ပျိုးသူ သုံးပုံတစ်ပုံခန့် သေ ဆုံးနေပါတယ်၊ အစိုးရခွင့်ပြုချက် မရတဲ့ ပိုးသတ်ဆေး၊ မှိုသတ်ဆေး တွေ သုံးစွဲမှုကြောင့် ဖြစ်တာများတယ်'' ဟု ဒေါ်သန်းသန်းဆွေက ပြောသည်။

သစ်သီးဝလံစိုက်ပျိုးသူများသေ ဆုံးမှုမဖြစ်ပွားစေရန် အစိုးရခွင့်ပြု ချက်မရသည့် မှတ်ပုံတင်ထားခြင်းမရှိ သော ဓာတုဆေးဝါးများကို မသုံးစွဲ ရန်နှင့် သုံးစွဲရန်မသင့်သည့် စိုက်ပျိုး ရေးလုပ်ငန်းသုံးဆေးဝါးများကို ကျေး လက်ဒေသများတွင် အသိပေးကြေ ညာခြင်း၊ အသိပညာဖြန့်ဝေခြင်းတို့ ကို လုပ်ဆောင်ပေးနေကြောင်း၊ ဓာ တုဆေးဝါး သုံးစွဲမှုကြာလျှင် ကျန်းမာ ရေးထိခိုက်မှုရှိလာမည့်အပြင် အသက်အန္တရာယ်စိုးရိမ်ရသည့် အခြေ အနေထိ ဖြစ်နိုင်ကြောင်း သိရသည်။

၂ဝ၁၃ခုနှစ်က မုံရွာ၌ ဓာတု ဆေးဝါးသုံး သစ်သီးဝလံများကို သတ်မှတ်ရက်ထက် ဆောလျင်စွာ ခူး ဆွတ်ပြီး သေချာစွာ ဆေးကြောသန့် စင်မှုမရှိဘဲ စားသောက်မိသူ ကလေး ငယ်သေဆုံးခဲ့မှုဖြစ်ပေါ်ခဲ့ကြောင်း၊ သစ်သီးဝလံ စိုက်ပျိုးထုတ်လုပ်ရောင်း ချနေသူများအနေဖြင့် ယင်းကဲ့သို့ မဖြစ် ပွားစေရန် ဂရုပြုလိုက်နာဆောင်ရွက် ကြရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံသစ် သီးဝလံအသင်း(မန္တလေး)မှ အတွင်း ရေးမှူး ဦးကျော်စိုးဦးက ပြောသည်။

AXE
Yangon Media Group 

No comments:

Post a Comment