Wednesday 30 July 2014

စေတီရင်ပြင်တွင် စုံတွဲအချို့ မသင့်လျော်သောအပြုအမူကြောင့် စောင့်ကြည့် သတိပေး မှုများ ပိုမိုလုပ်နေရ

Photo: စေတီရင်ပြင်တွင် စုံတွဲအချို့ မသင့်လျော်သောအပြုအမူကြောင့် စောင့်ကြည့် သတိပေး မှုများ ပိုမိုလုပ်နေရ
Wednesday, July 30, 2014

စေတီရင်ပြင်ပေါ်တွင် စုံတွဲအချို့ မသင့်လျော်သော အပြုအမူဖြင့် နေထိုင်မှုများကို ဂေါပအဖွဲ့ လုံခြုံရေးဝန်ထမ်းများက စောင့်ကြည့်ပြီး သတိပေးပြောဆိုမှုများ တိုးမြှင့်ပြုလုပ်နေကြောင်း သတင်းရရှိသည်။

‘‘ဘုရားက ပရ၀ဏ်လည်း ကျဉ်းပါတယ်။ ဘုရားဖူးတွေပြည့် နေလို့ ဆိုးဆိုးရွားရွား စုံတွဲတွေ ရှားပါတယ်။ သရုပ်ပျက်တာတွေ ဖြစ်လာခဲ့ရင် ထိန်းသိမ်းပြောဆိုမှု တွေ လုပ်ပါတယ်။ လုံခြုံရေးဝန် ထမ်း ၃၀ ကျော်နဲ့ ဆောင်ရွက်နေ ပါတယ်’’ ဟု ကျိုက်မှော်ဝန်းရေ လယ်စေတီတော် ဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးလှသွင်က ဆိုသည်။

လူမှုကွန်ရက် မီဒီယာများ တွင် စေတီရင်ပြင်ပေါ်၌ မဖွယ်မရာနေထိုင်သောပုံကို ရိုက်ထားသည့် တက္ကသိုလ်ကျောင်းသားစုံတွဲပုံနှင့် အခြားကျောင်းသားစုံတွဲဓာတ်ပုံတို့ ပျံ့နှံ့နေပြီး ကျောင်း သားများအနေဖြင့် ဘုရားပရ၀ဏ် အတွင်း နေထိုင်ရန် မပြုမူသင့် သော အမူအရာများဖြစ်ကြောင်း လူမှုကွန်ရက်သုံးစွဲသူများက ပြင်းပြင်းထန်ထန် ဝေဖန်မှုများရှိသည်။

စုံတွဲများအတွက် သတိပေး ဆိုင်းဘုတ်များရေးထားပြီး စုံတွဲ များကို မဖွယ်မရာတွေ့လျှင် နှင် ထုတ်ကြောင်း၊ အရွယ်မရောက် သေးသော အထက်တန်းကျောင်းသားအတွဲများကို စေတီရင်ပြင်ပေါ်တွင် တွေ့လျှင်ကျောင်းသား မိဘကိုခေါ်၍ အပ်နှံခဲ့ဖူးကြောင်း မြောက်ဥက္ကလာပမြို့နယ်ရှိ မဟာကျိန်သစ္စာရှင် ဘုရားဂေါပတွဲဖက်အတွင်းရေးမှူး ဦးညိုဝင်းက ဆိုသည်။

‘‘နယ်ဘက်က ဘုရားတွေ မှာလည်း ကျောင်းဝတ်စုံတွေနဲ့ မဖွယ်မရာလုပ်တာ ရှိတယ်။ ဗုဒ္ဓ ဘာသာဝင် မြန်မာတစ်ယောက် အနေနဲ့ ဒီလိုမဖြစ်သင့်ဘူး။ ဆရာ မကတော့ ကျောင်းသူတွေကို မြန် မာမိန်းကလေးတစ်ယောက်အ နေနဲ့ ထိန်းသိမ်းရမယ့်ကိစ္စတွေ ကို အမြဲဆုံးမတယ်’’ ဟု မအူပင် တက္ကသိုလ် (မြန်မာစာဌာန) လက်ထောက်ကထိကဟောင်း ဒေါ်စန်းကေသီအောင်က ပြောသည်။

ကျောင်းသားဟောင်းတစ်ဦး က ‘‘သန်လျင်ဂျီတီစီကို ဟိုနေ့က သွားတော့ ကျောင်းအပြင် ကန် တင်းက အိမ်မှာ ဖဲဝိုင်းက နှစ်ဝိုင်း ရှိတယ်။ အဲဒါတွေကြောင့် ဒီလို ပုံတွေ ဗီဒီယိုတွေ တက်လာတာ ပေါ့။ သူတို့မကောင်းလို့ ပုံတွေ တက်လာတယ်ဆိုပေမယ့် ကျောင်း သားတွေ ကျောင်းမှာ ပညာရေး စိတ်ဝင်စားအောင် လုပ်ပေးတဲ့ အရာတွေ မရှိဘူးလေ။ အဲဒါကြောင့် ဒီလိုအဖြစ်အပျက်မျိုးတွေ မကြာခဏ တွေ့နေရတာ။ ဆေးတက္ကသိုလ် ၂ မှာဆို မနက် ၈ နာရီဆိုအနီးအနားဂိမ်းဆိုင်မှာ ဆရာဝန်လောင်းတွေနဲ့ ပြည့်နေပြီ’’ ဟုဆိုသည်။

‘‘ဘုရားအနေအထားက အ တွင်းနည်းနည်းကျတယ်။ စည် ကားမှုနည်းတယ်။ စုံတွဲတွေ မ ဖွယ်မရာတွေ မဖြစ်ရအောင်လို့ လုံခြုံရေးဂေါပကက ပုံမှန်မနက် ၇ နာရီခွဲကနေ ည ၉ နာရီအထိ ကြပ်ကြပ်မတ်မတ် လုံခြုံရေးတိုး မြှင့်လုပ်နေပါတယ်’’ ဟု မင်္ဂလာဒုံမြို့နယ်ရှိ ကျိုက်ကလဲ့စေတီတော် ဂေါပကဥက္ကဋ္ဌ ဦးအောင်နိုင်က ဆိုသည်။

ရန်ကုန်မြို့ရှိ တန်ခိုးကြီးဘု ရား အချို့အပါအ၀င် လူပြတ်ပြီး ချောင်ကျသော ဘုရားအချို့တွင် လာရောက်သော စုံတွဲအချို့သည် မနေထိုင်သင့်သော အပြုအမူများဖြင့် တစ်ခါတစ်ရံမြင်တွေ့ရလေ့ရှိကြောင်း ဘုရားဖူးအချို့က ပြောသည်။

7Day Daily

စေတီရင်ပြင်တစ်ခုပေါ်တွင် တွေ့ရသည့် စုံတွဲတစ်တွဲ
စေတီရင်ပြင်တစ်ခုပေါ်တွင် တွေ့ရသည့် စုံတွဲတစ်တွဲ
စေတီရင်ပြင်ပေါ်တွင် စုံတွဲအချို့ မသင့်လျော်သော အပြုအမူဖြင့် နေထိုင်မှုများကို ဂေါပအဖွဲ့ လုံခြုံရေး ၀န်ထမ်း များက စောင့်ကြည့်ပြီး သတိပေးပြောဆိုမှုများ တိုးမြှင့်ပြုလုပ်နေကြောင်း သတင်းရရှိသည်။
‘‘ဘုရားက ပရ၀ဏ်လည်း ကျဉ်းပါတယ်။ ဘုရားဖူးတွေပြည့် နေလို့ ဆိုးဆိုးရွားရွား စုံတွဲတွေ ရှားပါတယ်။ သရုပ်ပျက်တာတွေ ဖြစ်လာခဲ့ရင် ထိန်းသိမ်းပြောဆိုမှု တွေ လုပ်ပါတယ်။ လုံခြုံရေးဝန် ထမ်း ၃၀ ကျော် နဲ့ ဆောင်ရွက်နေ ပါတယ်’’ ဟု ကျိုက်မှော်ဝန်းရေ လယ်စေတီတော် ဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးလှသွင် က ဆိုသည်။

လူမှုကွန်ရက် မီဒီယာများ တွင် စေတီရင်ပြင်ပေါ်၌ မဖွယ်မရာနေထိုင်သောပုံကို ရိုက်ထားသည့် တက္ကသိုလ်ကျောင်းသားစုံတွဲပုံနှင့် အခြားကျောင်းသားစုံတွဲဓာတ်ပုံတို့ ပျံ့နှံ့နေပြီး ကျောင်း သားများအနေဖြင့် ဘုရားပရ၀ဏ် အတွင်း နေထိုင်ရန် မပြုမူသင့် သော အမူအရာများဖြစ်ကြောင်း လူမှုကွန်ရက်သုံးစွဲသူ များက ပြင်းပြင်းထန်ထန် ဝေဖန်မှုများရှိသည်။

စုံတွဲများအတွက် သတိပေး ဆိုင်းဘုတ်များရေးထားပြီး စုံတွဲ များကို မဖွယ်မရာတွေ့လျှင် နှင် ထုတ်ကြောင်း၊ အရွယ်မရောက် သေးသော အထက်တန်းကျောင်းသားအတွဲများ ကို စေတီရင်ပြင်ပေါ် တွင် တွေ့ လျှင်ကျောင်းသား မိဘကိုခေါ်၍ အပ်နှံခဲ့ဖူးကြောင်း မြောက်ဥက္ကလာပမြို့နယ်ရှိ မဟာကျိန်သစ္စာရှင် ဘုရားဂေါပတွဲဖက်အတွင်းရေးမှူး ဦးညိုဝင်းက ဆိုသည်။

‘‘နယ်ဘက်က ဘုရားတွေ မှာလည်း ကျောင်းဝတ်စုံတွေနဲ့ မဖွယ်မရာလုပ်တာ ရှိတယ်။ ဗုဒ္ဓ ဘာသာဝင် မြန်မာတစ်ယောက် အနေနဲ့ ဒီလိုမဖြစ်သင့်ဘူး။ ဆရာ မကတော့ ကျောင်းသူတွေကို မြန် မာမိန်းကလေးတစ်ယောက်အ နေနဲ့ ထိန်းသိမ်းရမယ့်ကိစ္စတွေ ကို အမြဲဆုံးမတယ်’’ ဟု မအူပင် တက္ကသိုလ် (မြန်မာစာဌာန) လက်ထောက်ကထိကဟောင်း ဒေါ်စန်းကေသီအောင်က ပြောသည်။

ကျောင်းသားဟောင်းတစ်ဦး က ‘‘သန်လျင်ဂျီတီစီကို ဟိုနေ့က သွားတော့ ကျောင်းအပြင် ကန် တင်းက အိမ်မှာ ဖဲဝိုင်းက နှစ်ဝိုင်း ရှိတယ်။ အဲဒါတွေကြောင့် ဒီလို ပုံတွေ ဗီဒီယိုတွေ တက်လာတာ ပေါ့။ သူတို့ မကောင်းလို့ ပုံတွေ တက်လာတယ်ဆိုပေမယ့် ကျောင်း သားတွေ ကျောင်းမှာ ပညာရေး စိတ်ဝင်စားအောင် လုပ်ပေးတဲ့ အရာတွေ မရှိဘူးလေ။ အဲဒါကြောင့် ဒီလိုအဖြစ်အပျက်မျိုးတွေ မကြာခဏ တွေ့နေ ရတာ။ ဆေးတက္ကသိုလ် ၂ မှာဆို မနက် ၈ နာရီဆိုအနီးအနားဂိမ်းဆိုင်မှာ ဆရာဝန်လောင်းတွေ နဲ့ ပြည့်နေ ပြီ’’ ဟုဆိုသည်။

‘‘ဘုရားအနေအထားက အ တွင်းနည်းနည်းကျတယ်။ စည် ကားမှုနည်းတယ်။ စုံတွဲတွေ မ ဖွယ်မရာတွေ မဖြစ်ရအောင်လို့ လုံခြုံရေးဂေါပကက ပုံမှန်မနက် ၇ နာရီခွဲကနေ ည ၉ နာရီအထိ ကြပ်ကြပ်မတ်မတ် လုံခြုံရေးတိုး မြှင့်လုပ်နေပါတယ်’’ ဟု မင်္ဂလာဒုံမြို့နယ်ရှိ ကျိုက်ကလဲ့စေတီတော် ဂေါပကဥက္ကဋ္ဌ ဦးအောင်နိုင် က ဆိုသည်။

ရန်ကုန်မြို့ရှိ တန်ခိုးကြီးဘု ရား အချို့အပါအ၀င် လူပြတ်ပြီး ချောင်ကျသော ဘုရားအချို့တွင် လာရော က်သော စုံတွဲအချို့သည် မနေထိုင်သင့်သော အပြုအမူများဖြင့် တစ်ခါတစ်ရံမြင်တွေ့ရလေ့ရှိကြောင်း ဘုရားဖူးအချို့က ပြောသည်။

7Day Daily

No comments:

Post a Comment