Wednesday 30 July 2014

ပဋိပက္ခကြိုတင်အသိပေးစနစ် အကောင်အထည်ဖော်ရန် စီစဉ်

Photo: ပဋိပက္ခကြိုတင်အသိပေးစနစ် အကောင်အထည်ဖော်ရန် စီစဉ်
Wednesday, July 30, 2014

တိုက်ပွဲများကြိုတင် ကာကွယ်နိုင်ရန်အတွက် ပဋိပက္ခ ကြိုတင်သတိပေးစနစ်အကောင် အထည်ဖော်ရန် ပြင်ဆင်မှုလုပ် နေကြောင်း မြန်မာနိုင်ငံငြိမ်းချမ်း ရေးပြန်လည်ထူထောင်ရေးဗဟို ဌာနမှ အပစ်အခတ်ရပ်စဲရေးဆိုင် ရာ ညွှန်ကြားရေးမှူးဒေါက်တာ မင်းဇော်ဦးကပြောသည်။ယင်းစနစ်သည်အစိုးရတပ် မတော်နှင့်တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များကြားမြေပြင်အ ချက်အလက်များ ကောက်ယူ သုတေသနပြု၍ ပဋိပက္ခဖြစ်ပွား မည့်အရိပ်အယောင်ကို ကြိုတင် တွေ့ရှိနိုင်ပြီး ယင်းမှရရှိသည့် တွေ့ရှိချက်အပေါ်မူတည်၍ အ ခြေအနေကို နှစ်ဖက်အဖွဲ့အစည်း နှင့် လူမှုအဖွဲ့အစည်းများသိရှိရန် သတင်းပြန်ကြား၍ ပဋိပက္ခမဖြစ် ရေးကြိုတင်ကာကွယ်ရန်အချက် ပေးမည့် စနစ်ဖြစ်သည်။

‘‘ပြည်ထောင်စုအင်စတီကျု့ဒ်ကိုလည်း တင်ပြထားပြီးပါပြီ။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တွေဘက်နဲ့ ဆွေးနွေးဖို့လည်း ပြ ဿနာမရှိပါဘူး။ အခုတစ်နိုင်ငံ လုံးအတိုင်းအတာအပစ်အခတ် ရပ်စဲရေးလက်မှတ်ထိုးပြီးရင် ဒီစ နစ်ကိစ္စကိုပြောရတော့မှာပါ’’ဟု ၎င်းက ပြောသည်။

ပဋိပက္ခကြိုတင်သတိပေးစ နစ်အတွက် အချက်အလက်များစု ဆောင်းထားပြီး အမေရိကန်အ စိုးရ၏ ပဋိပက္ခကြိုတင်သတိပေး စနစ်လုပ်ငန်းခွင်တွင် အတွေ့ အကြုံခုနစ်နှစ်ခန့် ရှိထားသူ အပါ အ၀င် ပညာရှင်အချို့လည်း မြန်မာနိုင်ငံငြိမ်းချမ်းရေးပြန်လည်ထူ ထောင်ရေးဗဟိုဌာနတွင် အဆင် သင့်ရှိနေပြီဟု ဆိုသည်။

နိုင်ငံတကာတွင် ဤစနစ်အ ကောင်အထည်ဖော်ရန်အတွက် သုံးနှစ်ခန့်အချိန်ယူ ပြင်ဆင်ရလေ့ ရှိပြီး အမေရိကန်ဒေါ်လာတစ် သန်းခွဲမှ သုံးသန်းအထိကုန်ကျ လေ့ရှိသည်။ မြန်မာနိုင်ငံအနေ ဖြင့်ငွေကြေး၊ ရင်းမြစ်နှင့် ပစ္စည်း ကိရိယာများအားစစချင်းတွင်နိုင် ငံတကာနှင့်အပြိုင်သုံးနိုင်မည်မ ဟုတ်ဘဲ ပြည်တွင်းရှိနည်းပညာ ရှင်များအပေါ် အဓိကအားထား လုပ်ကိုင်ရမည်ဟုဆိုသည်။

အမေရိကန်အစိုးရအနေ ဖြင့် ကုန်ကျစရိတ်ကို အစိုးရဘတ် ဂျက်မှကျခံလေ့ရှိသည်။ နိုင်ငံတ ကာအဖွဲ့အစည်းများ၏ ဘတ် ဂျက်နှင့်လည်ပတ်နေသည့် မြန် မာနိုင်ငံငြိမ်းချမ်းရေးပြန်လည်ထူ ထောင်ရေးဗဟိုဌာနအနေဖြင့်မူ ယခုပဋိပက္ခကြိုတင်သတိပေးစ နစ်အတွက် နိုင်ငံတကာအဖွဲ့အ စည်းများနှင့် ဘတ်ဂျက်ညှိနှိုင်းနေ ဆဲဟုဆိုသည်။

7Day Daily 

မြစ်ကြီးနားမြို့တွင်တွေ့ရသည့် ကေအိုင်အေတပ်သားများ(ဓာတ်ပုံ − အောင်ခိုင်)
မြစ်ကြီးနားမြို့တွင်တွေ့ရသည့် ကေအိုင်အေတပ်သားများ(ဓာတ်ပုံ − အောင်ခိုင်)
တိုက်ပွဲများကြိုတင် ကာကွယ်နိုင်ရန်အတွက် ပဋိပက္ခ ကြိုတင်သတိပေးစနစ်အကောင် အထည်ဖော် ရန် ပြင်ဆင်မှုလုပ် နေကြောင်း မြန်မာနိုင်ငံငြိမ်းချမ်း ရေးပြန်လည်ထူထောင်ရေးဗဟို ဌာနမှ အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညွှန်ကြားရေးမှူးဒေါက်တာ မင်းဇော်ဦးကပြောသည်။ယင်းစနစ်သည်အစိုးရတပ် မတော်နှင့် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များကြားမြေပြင်အ ချက်အလက်များ ကောက်ယူ သုတေ သနပြု၍ ပဋိပက္ခဖြစ်ပွား မည့်အရိပ်အယောင်ကို ကြိုတင် တွေ့ရှိနိုင်ပြီး ယင်းမှရရှိ သည့် တွေ့ရှိ ချက်အပေါ်မူတည်၍ အ ခြေအနေကို နှစ်ဖက်အဖွဲ့အစည်း နှင့် လူမှုအဖွဲ့အစည်းများသိရှိရန် သတင်းပြန်ကြား၍ ပဋိပက္ခ မဖြစ် ရေးကြိုတင်ကာကွယ်ရန်အချက် ပေးမည့် စနစ်ဖြစ်သည်။
‘‘ပြည်ထောင်စုအင်စတီကျု့ဒ်ကိုလည်း တင်ပြထားပြီးပါပြီ။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တွေ ဘက်နဲ့ ဆွေးနွေးဖို့လည်း ပြ ဿနာမရှိပါဘူး။ အခုတစ်နိုင်ငံ လုံးအတိုင်းအတာအပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးပြီးရင် ဒီစ နစ်ကိစ္စကိုပြောရတော့မှာပါ’’ဟု ၎င်းက ပြောသည်။

ပဋိပက္ခကြိုတင်သတိပေးစ နစ်အတွက် အချက်အလက်များစု ဆောင်းထားပြီး အမေရိကန်အ စိုးရ၏ ပဋိပက္ခကြိုတင်သတိပေး စနစ်လုပ်ငန်းခွင်တွင် အတွေ့ အကြုံခုနစ်နှစ်ခန့် ရှိထားသူ အပါ အ၀င် ပညာရှင်အချို့လည်း မြန်မာနိုင်ငံငြိမ်းချမ်းရေးပြန်လည်ထူ ထောင်ရေးဗဟိုဌာနတွင် အဆင် သင့်ရှိနေပြီဟု ဆိုသည်။

နိုင်ငံတကာတွင် ဤစနစ်အ ကောင်အထည်ဖော်ရန်အတွက် သုံးနှစ်ခန့်အချိန်ယူ ပြင်ဆင်ရလေ့ ရှိပြီး အမေရိကန်ဒေါ်လာတစ် သန်းခွဲမှ သုံးသန်းအထိကုန်ကျ လေ့ရှိသည်။ မြန်မာနိုင်ငံအနေ ဖြင့်ငွေကြေး၊ ရင်းမြစ်နှင့် ပစ္စည်း ကိရိယာများအားစစချင်းတွင်နိုင် ငံတကာနှင့်အပြိုင်သုံးနိုင်မည်မ ဟုတ်ဘဲ ပြည်တွင်းရှိ နည်းပညာ ရှင်များအပေါ် အဓိကအားထား လုပ်ကိုင်ရမည်ဟုဆိုသည်။

အမေရိကန်အစိုးရအနေ ဖြင့် ကုန်ကျစရိတ်ကို အစိုးရဘတ် ဂျက်မှကျခံလေ့ရှိသည်။ နိုင်ငံတ ကာအဖွဲ့ အစည်း များ၏ ဘတ် ဂျက်နှင့်လည်ပတ်နေသည့် မြန် မာနိုင်ငံငြိမ်းချမ်းရေးပြန် လည်ထူ ထောင်ရေး ဗဟို ဌာန အနေဖြင့်မူ ယခုပဋိပက္ခကြိုတင်သတိပေးစ နစ်အတွက် နိုင်ငံတကာအဖွဲ့အ စည်းများနှင့် ဘတ်ဂျက် ညှိနှိုင်းနေ ဆဲဟုဆိုသည်။

7Day Daily

No comments:

Post a Comment