Wednesday 30 July 2014

ဖုန်းအော်ပရေတာတို့၏ပြိုင်ပွဲ

Photo: ဖုန်းအော်ပရေတာတို့၏ပြိုင်ပွဲ
Wednesday, July 30, 2014

ပြည်တွင်း၌ မိုဘိုင်းဆင်းမ်ကတ်များ အကန့်အသတ်မရှိ ၀ယ်ယူအသုံးပြုနိုင်ရန် တစ်လကျော်ခန့်သာ လိုတော့သည်။ ပြည်ပအော်ပရေတာများ ချထားပေးမည့် ဆင်းမ်ကတ်များဖြင့် မြန်မာပြည်တွင် ယခင်က မရဖူးသည့် ကောင်းမွန်သော အင်တာနက်လိုင်းနှင့် ဖုန်းဝန်ဆောင်မှုကို အသုံးပြုနိုင်တော့မည်ဟု ပြည်သူများက မျှော်လင့်လျက်ရှိသည်။ဖုန်းခေါ်ဆိုတိုင်း ကြုံတွေ့နေရသည့် ဧရိယာပြင်ပရောက် လူကြီးမင်းနှင့် အင်တာနက်သုံးတိုင်း အ၀ိုင်း (Loading) လည်နေသည်ကို ကြည့်နေရသည်ကို ပြည်သူများ ငြီးငွေ့နေကြပြီ ဖြစ်သည်။ ထို့ကြောင့်လည်း လစဉ်မဲနှိုက်ပြီး ရောင်းချပေးနေသည့် တန်ဖိုးနည်းဖုန်းများကို စိတ်ဝင်စားမှုနည်းလာနေပြီး ပြည်ပအော်ပရေတာများ ချထားပေးမည့် ဆင်းမ်ကတ်များဖြင့် ကောင်းမွန်သော ဆက်သွယ်ရေးကွန်ရက်ကို စောင့်နေကြခြင်းဖြစ်သည်။

‘‘မဲဖောက်ပေးတာတွေလည်း အခုချိန်ထိ မပေါက်သေးတော့ ဖုန်းမကိုင်နိုင်သေးဘူး။ နိုင်ငံခြားကုမ္ပဏီက ဈေးပေါပေါနဲ့ရောင်းမှပဲ ၀ယ်တော့မယ်။ ကိုယ့်ပြည်တွင်းက ဖုန်းတွေလို လိုင်းကျပ်တာတွေ ဖြစ်နိုင်တယ်။ သူတို့ကတော့ တာဝန်ယူမှုရှိမယ်လို့ ယုံကြည်ပါတယ်’’ဟု မင်္ဂလာဒုံမြို့နယ်တွင်နေသူ ကိုအောင်ထက်ကပြောသည်။

ပြည်ပအော်ပရေတာများအနက် တယ်လီနောသည် မိုဘိုင်းဆင်းမ်ကတ်များကို စက်တင်ဘာလအတွင်း ရောင်းချပေးသွားမည်ဟု တရားဝင်ကြေညာထားသည်။ နောက်အော်ပရေတာတစ်ခုဖြစ်သည့် အူရီးဒူးကမူ ချထားပေးမည့်အချိန်ကို အတိအကျမကြေညာထားသော်လည်း သြဂုတ်လဆန်းပိုင်းတွင် ချထားပေးမည်ဟု ပြည်တွင်းရှိ ဖုန်းဆိုင်အချို့ထံမှ သိရသည်။

‘‘အူရီးဒူးက ဆင်းမ်ကတ်တွေ ဒီလကုန်လောက်တော့ ချထားပေးမယ်ပြောတယ်။ ဒီသြဂုတ်လဆန်းမှာတော့ ချပေးမယ်လို့တော့ သိထားတယ်’’ဟု ပြည်တွင်းရှိ မိုဘိုင်းဖုန်းအရောင်းဆိုင်မှ တာဝန်ခံတစ်ဦးက ပြောသည်။

အူရီးဒူးသည် ပထမခြေလှမ်းအဖြစ် ဈေးကွက်အတွင်း မိုဘိုင်းဆင်းမ်ကတ်များကို စမ်းသပ်အသုံးပြုလျက်ရှိပြီး လတ်တလော အခြေအနေအရ လိုင်းဆွဲအားကောင်းမွန်ပြီး အင်တာနက်အသုံးပြုရသည်မှာလည်း လက်ရှိဖုန်းများထက် ပိုကောင်းကြောင်း အသုံးပြုသူများက Facebook စာမျက်နှာများတွင် ရေးသားအမှတ်ပေးခဲ့ကြသည်။

သို့သော် လက်ရှိ အစမ်းပေးသုံးနေသည့် ဆင်းမ်ကတ်အရေအတွက်မှာ အနည်းငယ်သာ ရှိနေသေးသည့်အတွက် လိုင်းကောင်းသော်လည်း အသုံးပြုသူများလာချိန်တွင် လိုင်းအခြေအနေ မည်သို့ရှိလာမည်ကို စောင့်ကြည်ရဦးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်းဥက္ကဋ္ဌ ဦးမင်းဦးကပြောသည်။

‘‘အူရီးဒူးက လက်ရှိချထားပေးတဲ့ ဆင်းမ်ကတ်အရေအတွက်က အလွန်ဆုံးရှိရင် ထောင်ဂဏန်းပဲ ရှိဦးမယ်။ 3G ကွန်ရက်ဖြစ်တဲ့အတွက် လိုင်းမိတဲ့နေရာတွေမှာတော့ သုံးရတာမြန်ပေမယ့် တချို့နေရာတွေမှာ သုံးလို့မရသေးဘူး။ တကယ်သုံးတဲ့လူများလာရင် လိုင်းကောင်းမလားဆိုတာကတော့ စောင့်ကြည့်ရဦးမှာပါ’’ဟု ၎င်းက ဆက်လက်ပြောကြားသည်။

အူရီးဒူးအနေဖြင့် 3G ကွန်ရက်စနစ်ဖြင့် အင်တာနက်ပါ တစ်ခါတည်းအသုံးပြုနိုင်မည့် ဆင်းမ်ကတ်များကို ရောင်းချပေးသွားမည်ဖြစ်ပြီး ၀ယ်ယူလိုသူများအနေဖြင့် မှတ်ပုံတင်မိတ္တူတစ်စောင်နှင့် ငွေ ၁၅၀၀ ကျပ်သာလိုပြီး ကျန်သောကန့်သတ်ချက်များမရှိဘဲ လိုအပ်သလောက် ၀ယ်ယူနိုင်ရန် ရောင်းချပေးသွားမည်ဟု ဆိုသည်။

ကောင်းမွန်သော ဆက်သွယ်ရေးကွန်ရက်မှာ အရေးပါသလို ဈေးနှုန်းချိုသာသော ဖုန်းပြောဆိုခနှင့် အင်တာနက်အသုံးပြုခတို့မှာလည်း ပြည်သူများအတွက် အရေးပါသောကဏ္ဍတစ်ခုဖြစ်သည်။

အူရီးဒူးသည် လိုင်စင်ရပြီးခါစတွင် ဖုန်းပြောဆိုခကို တစ်မိနစ်လျှင် ၃၅ ကျပ်နှုန်းဖြင့် ကောက်ယူသွားမည်ဟု ပြောထားသော်လည်း လက်ရှိတွင် ‘‘ကျွန်တော်တို့အနေနဲ့ ဖုန်းခေါ်ဆိုခနှုန်းထားတွေကို အားလုံးတတ်နိုင်တဲ့ အတိုင်းအတာအတွင်းကနေဖြစ်အောင် ဆောင်ရွက်သွားမှာပါ’’ ဟု အမှုဆောင်အရာရှိချုပ် Ross Cormack က ဖြေကြားထားသည်။

၎င်းတို့၏ပြိုင်ဘက် အော်ပရေတာတစ်ခုဖြစ်သည့် တယ်လီနောသည် မိုဘိုင်းဆင်းမ်ကတ်များ စတင်ရောင်းချချိန်တွင် နိုင်ငံတစ်ဝန်း အသုံးပြုနိုင်ခြင်းမရှိသေးဘဲ မြို့ကြီးများတွင်သာ အသုံးပြုနိုင်မည်ဟု ထုတ်ပြန်ထားသော်လည်း အူရီးဒူးအနေဖြင့် တိကျစွာ ထုတ်ပြန်ခြင်းမရှိခဲ့သဖြင့် မြို့အားလုံးတွင် အသုံးပြုနိုင်မည်လားဆိုသည်မှာ စောင့်ကြည့်ရဦးမည်ဖြစ်သည်။

စက်တင်ဘာလတွင်း ရောင်းချပေးသွားမည်ဟု ကြေညာထားသည့် တယ်လီနောသည် ၎င်းတို့၏ ဆင်းမ်ကတ်များကို ဈေးကွက်အတွင်း၌ စမ်းသပ်အသုံးပြုခြင်းမျိုးမရှိသေးဘဲ လက်ရှိတွင် ကိုယ်စားလှယ်အချို့နှင့်သာ စမ်းသပ်အသုံးပြုလျက်ရှိသောကြောင့် လိုင်းအခြေအနေကို မသိရသေးပေ။

‘‘သုံးစွဲသူတွေ အားလုံးအတွက် အဆင်ပြေအောင် ဆင်းမ်ကတ်တွေကို ဖုန်းခေါ်တာ၊ SMS ပို့တာနဲ့ အင်တာနက်သုံးတာ စတဲ့ဝန်ဆောင်မှုတွေအားလုံး စပြီးတော့ စမ်းသပ်အသုံးပြုနေပါပြီ။ မကြာခင်မှာပဲ ထုတ်ပြန်ပေးသွားပါမယ်’’ဟု တယ်လီနောမြန်မာမှ အကြီးတန်းအရာရှိတစ်ဦးက ပြောသည်။

မိုဘိုင်းဆင်းမ်ကတ်များ စတင်ရောင်းချမည့် အချိန်တွင် တာဝါတိုင်တစ်ထောင်ခန့် တည်ဆောက်သွားမည်ဖြစ်ပြီး လက်ရှိအချိန်တွင် လုပ်ငန်းများစတင်ရန် ရာနှုန်းပြည့်နီးပါး အကောင်အထည်ဖော်ပြီးဖြစ်ကြောင်း တယ်လီနောက ဆိုသည်။

တယ်လီနောသည် လိုင်စင်ရပြီးခါစ ဖုန်းပြောဆိုခများကို တစ်မိနစ်လျှင် ၂၅ ကျပ်နှုန်းဖြင့် ပေးသွားမည်ဟု ပြောကြားထားသော်လည်း လက်ရှိတွင် ‘‘ဖုန်းခေါ်ဆိုခတွေကို အသက်သာဆုံးနှုန်းထားနဲ့ ပေးသွားမှာဖြစ်သလို အင်တာနက်သုံးလို့ ပိုက်ဆံကုန်မှာပဲဆိုပြီး စိုးရိမ်စရာမလိုတဲ့ နှုန်းထားမျိုးနဲ့ ကောက်သွားဖို့ ရှိပါတယ်’’ဟု တယ်လီနောမြန်မာ အမှုဆောင်အရာရှိချုပ် Petter Furberg က ပြောထားသည်။

တယ်လီနောသည် ကွန်ရက်ဖြန့်ကြက်ရာ၌ 2G နှင့် 3G ကွန်ရက်နှစ်ခုလုံးကို နိုင်ငံတစ်ဝန်းတွင် ဖြန့်ကြက်သွားမည်ဖြစ်ပြီး ဆင်းမ်ကတ်တွင် အင်တာနက်ပါ တစ်ခါတည်း အသုံးပြု၍ရမည်ဖြစ်သည်။

ပြည်ပအော်ပရေတာနှစ်ခုလုံးတွင် တူညီသည့်အချက်မှာ ၎င်းတို့၏ ဆက်သွယ်ရေးကွန်ရက်ကို 4G စနစ်သို့ အလွယ်တကူ အဆင့်မြှင့်နိုင်ရန် ပြင်ဆင်ထားပြီး မှတ်ပုံတင်ရှိသူတိုင်း လိုသလောက် ၀ယ်ယူနိုင်မည့် ဆင်းမ်ကတ်များတွင် နိုင်ငံတကာသို့ သယ်ယူအသုံးပြုနိုင်သည့် ဆက်သွယ်ရေးဝန်ဆောင်မှု (Roaming Service)ကိုပါ ထည့်သွင်းပေးထားမည်ဟု ဆိုသည်။

ပြည်ပအော်ပရေတာနှစ်ခု ဈေးကွက်အပြိုင်ကြဲရမည့် အနေအထားတွင် အစိုးရအော်ပရေတာတစ်ခုဖြစ်သော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် အော်ပရေတာများနှင့် ယှဉ်ပြိုင်နိုင်ရန် ဂျပန်ဆက်သွယ်ရေးကုမ္ပဏီနှစ်ခုဖြစ်သည့် KDDI နှင့် Sumitomo Operation တို့နှင့် ပူးပေါင်းလိုက်သောကြောင့် ကောင်းမွန်သော ဆက်သွယ်ရေး ၀န်ဆောင်မှုများပေးရန် အင်အားတောင့်တင်းသော အော်ပရေတာတစ်ဦးဖြစ်လာသည်။

၎င်းတို့သည် မိုဘိုင်းဆင်းမ်ကတ်များကို အကန့်အသတ်မရှိ ရောင်းချခြင်းကို အခြားအော်ပရေတာများထက် ဦးစွာဝန်ဆောင်မှုပေးနိုင်ရန် လုပ်ဆောင်သွားမည်ဟု ဆိုသည်။

‘‘ကျွန်တော်တို့ရဲ့ ၀န်ဆောင်မှုတွေဟာ ပြိုင်ဘက်တွေထက် မလျော့စေရပါဘူး။ သူတို့ထက်ဦးအောင် လုပ်သွားဖို့ပဲရှိပါတယ်။ နေရာဒေသမရွေး ဆင်းမ်ကတ်တွေကို အကန့်အသတ်မရှိ ၀ယ်နိုင်အောင် လုပ်ပေးသွားပါမယ်’’ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အထွေထွေမန်နေဂျာ ဦးခင်မောင်ထွန်းကပြောသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ဆက်သွယ်ရေးကွန်ရက်တွင် ဖုန်းခေါ်ဆိုမှုနှင့် အင်တာနက်အသုံးပြုခြင်းတို့ ပြုလုပ်ရာ၌ လက်ရှိအသုံးပြုသူများ အဆင်မပြေမှုများ မကြာခဏ ကြုံတွေ့နေရသည့်အတွက် ပြည်သူများ စိတ်ဝင်စားမှု နည်းပါးသောကြောင့် ဂျပန်ဆက်သွယ်ရေးကုမ္ပဏီနှစ်ခုမှ နည်းပညာများဖြင့် ကူညီဖြေရှင်းပေးသွားမည်ဟု ဆိုသည်။

‘‘မြန်မာ့ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြုသူတွေဟာ နေရာအများစုမှာ တိုင်မမိသလို လိုင်းကျပ်တဲ့ ပြဿနာနဲ့လည်း ကြုံတွေ့နေရပါတယ်။ အခုကြုံတွေ့နေရတာနဲ့ အင်တာနက်ဆိုင်ရာ ပြဿနာတွေ အားလုံးနီးပါးကို ဖြေရှင်းပေးသွားပါမယ်’’ ဟု ဂျပန်ဆက်သွယ်ရေးကုမ္ပဏီနှစ်ခု ပူးပေါင်းထားသည့် KSGM (Joint Operation) မန်နေဂျင်းဒါရိုက်တာ တကရှိနာဂရှီမက ပြောသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ဖုန်းပြောဆိုခများနှင့် အင်တာနက်အသုံးပြုခများ လျှော့ချရန် နှုန်းထားတစ်ခုကို အတိအကျ ကြေညာထားခြင်း မရှိသော်လည်း ပြိုင်ဘက်အော်ပရေတာများထက် သာလွန်သော အရည်အသွေးနှင့် သက်သာသော ဈေးနှုန်းဖြင့် ၀န်ဆောင်မှုပေးသွားမည်ဟု ဆိုထားသည်။

နောက်ဆုံး အော်ပရေတာတစ်ခုဖြစ်သည့် ရတနာပုံတယ်လီပို့သည် ပြည်ပအော်ပရေတာတစ်ခုနှင့် ပူးပေါင်းနိုင်ရန် လက်မှတ်ရေးထိုးနိုင်ခြင်း မရှိသေးသလို အခြေခံအဆောက်အအုံ တည်ဆောက်မှုအပိုင်းတွင်လည်း အားနည်းနေသေးသည့်အတွက် အော်ပရေတာလေးခုထဲတွင် အကောင်အထည်ဖော်မှု နောက်ဆုံးဖြစ်နေသည်။

‘‘အခု ပြည်ပကုမ္ပဏီတစ်ခုနဲ့ ညှိနှိုင်းမှုကလည်း ပြီးနေပါပြီ။ Additional Process အတွက် လုပ်နေတာတွေကြောင့်ပါ။ အော်ပရေတာပိုင်းနဲ့ပတ်သက်ပြီး အခုကတော့ ဆောင်ရွက်နေဆဲပဲ ရှိပါသေးတယ်။ ကျွန်တော်တို့က အများပိုင်ကုမ္ပဏီ လုပ်မှာဖြစ်တဲ့အတွက် မတူညီမှုလေးတွေတော့ ရှိနိုင်ပါတယ်’’ဟု ရတနာပုံတယ်လီပို့၏ အမှုဆောင်အရာရှိချုပ် ဦးရှိန်းသူအောင်ကပြောသည်။

ရတနာပုံတယ်လီပို့မှလွဲ၍ ကျန်အော်ပရေတာသုံးခုသည် ဈေးကွက်အတွင်း၌ နေရာရရှိရေး အပြိုင်အဆိုင်ပြုလုပ်နေပြီး ရင်းနှီးမြှုပ်နှံမှုအနေဖြင့် တယ်လီနောသည် လက်ရှိအချိန်ထိ ကန်ဒေါ်လာ တစ်ဘီလီယံ ရင်းနှီးမြှုပ်နှံထားပြီး သုံးနှစ်အတွင်း အရင်းကျေမည်ဟု ခန့်မှန်းထားသလို ပြိုင်ဘက်ကုမ္ပဏီတစ်ခုဖြစ်သော အူရီးဒူးသည် လက်ရှိပမာဏကို မပြောသော်လည်း ၁၅ နှစ်အတွင်း ကန်ဒေါ်လာ ၁၅ ဘီလီယံ ရင်းနှီးမြှုပ်နှံသွားမည်ဟု ဆိုသည်။

လက်ရှိတွင် ဆက်သွယ်ရေးကွန်ရက်အများဆုံး ဖြန့်ကြက်ထားသည့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည်လည်း အခြားအော်ပရေတာများနှင့် ယှဉ်ပြိုင်နိုင်ရန် ဂျပန်ကုမ္ပဏီနှစ်ခုနှင့် ပူးပေါင်း၍ သုံးနှစ်အတွင်း ကန်ဒေါ်လာနှစ်ဘီလီယံ ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်သည်။

အော်ပရေတာသုံးခုလုံးသည် မြို့ကြီးများတွင်သာမကဘဲ ကျေးလက်ဒေသများထိ ဆင်းမ်ကတ်များကို လိုသလောက် ရောင်းချပေးသွားမည်ဖြစ်သည်။

ငွေဖြည့်ကတ်ရောင်းချရာတွင်လည်း လက်ရှိရောင်းနေသည့် ငါးထောင်၊ တစ်သောင်းတန်ကတ်များ မဟုတ်ဘဲ မိမိလိုသလောက် အနည်းငယ်ကိုသာ ၀ယ်ယူအသုံးပြုနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ပအော်ပရေတာများက ပြောထားသည်။

ဆက်သွယ်ရေးဝန်ဆောင်မှုပေးရာတွင် မိုဘိုင်းဖုန်းမှတစ်ဆင့် ငွေပေးချေခြင်း၊ မိခင်နှင့်ကလေး ကျန်းမာရေးဝန်ဆောင်မှုများ၊ ပညာရေးဝန်ဆောင်မှုများ၊ သီးနှံဈေးနှုန်း၊ ရာသီဥတုနှင့် ကုန်အငှားဝန်ဆောင်မှုလုပ်ငန်း စသည့် ၀န်ဆောင်မှုများကိုလည်း ထည့်သွင်းပေးသွားမည်ဖြစ်ကြောင်း အူရီးဒူးကဆိုသည်။

ပြိုင်ဘက်ကုမ္ပဏီတစ်ခုဖြစ်သည့် တယ်လီနောတွင်လည်း မိုဘိုင်းဖုန်းမှတစ်ဆင့် ကျန်းမာရေးဝန်ဆောင်မှုများ၊ Wikipedia ကို မြန်မာဘာသာဖြင့် ဖတ်ရှုနိုင်သည့် ၀န်ဆောင်မှု၊ ကျေးလက်ဒေသများတွင် မိုဘိုင်းဖုန်းများမှတစ်ဆင့် အင်တာနက်အသုံးပြုမှုနှင့် ဒစ်ဂျစ်တယ်နည်းပညာ နားလည်တတ်ကျွမ်းမှု မြင့်မားလာစေရန် သတင်းအချက်အလက်စင်တာများ ဖွင့်လှစ်ခြင်း စသည်တို့ကို ဆောင်ရွက်ပေးသွားမည်ဟု ဆိုသည်။ ထို့အတူ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည်လည်း ဂျပန်ဆက်သွယ်ရေးကုမ္ပဏီနှစ်ခုနှင့် ပူးပေါင်း၍ နိုင်ငံတစ်ဝန်းတွင် Customer Service Center များ ဖွင့်လှစ်၍ ၀န်ဆောင်မှုပေးသွားမည်ဖြစ်သည်။

အော်ပရေတာများအနေဖြင့် ၎င်းတို့ ကတိပေးထားသည့်အတိုင်း ဆက်သွယ်ရေးဝန်ဆောင်မှုများကို မပေးပါက အရေးယူမှုများ ပြုလုပ်သွားရန်ကို ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက ပြုလုပ်သွားမည်ဖြစ်ပြီး စာချုပ်ပါအချက်များအရ အူရီးဒူးသည် သြဂုတ်လနှင့် တယ်လီနောသည် စက်တင်ဘာလ နောက်ဆုံးထား၍ ဆင်းမ်ကတ်များကို ချထားပေးရမည်ဟု ဖော်ပြထားကြောင်း သိရသည်။

‘‘လိုင်စင်ချပေးတဲ့အခါ ဘယ်အချိန် နောက်ဆုံးထားလုပ်ရမယ်ဆိုတာ သတ်မှတ်ထားပါတယ်။ အဲဒီရက်မှ မလုပ်နိုင်ရင်တော့ အရေးယူဖို့ရှိပါတယ်’’ဟု ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသန်းထွန်းအောင်က ပြောသည်။

လက်ရှိတွင် ဈေးကွက်အတွင်း၌ ဆက်သွယ်ရေးအော်ပရေတာများ၏ ပြိုင်ဆိုင်မှုသည် ပြင်းထန်လာပြီး ဈေးနှုန်းချိုသာ၍ အရည်အသွေးကောင်းမွန်သည့် ဆက်သွယ်ရေးဝန်ဆောင်မှုများကို အသုံးပြုရတော့မည်မှာ သေချာသလောက် ရှိနေပြီဖြစ်သော်လည်း အဆိုပါလုပ်ငန်းများအား ထိန်းကျောင်းပေးမည့် နည်းဥပဒေစည်းမျဉ်းများလည်း အမြန်ဆုံးထွက်ရှိရန် လိုအပ်နေကြောင်း ရန်ကုန်တိုင်း ကွန်ပျူတာပညာရှင်အသင်းဥက္ကဋ္ဌ ဦးမင်းဦးကဆိုသည်။

‘‘ကျွန်တော်အကြံပြုချင်တာက ပြည်သူတွေအနေနဲ့ အရည်အသွေးကောင်းတဲ့ ဆက်သွယ်ရေးဝန်ဆောင်မှုကို အေးအေးဆေးဆေးနဲ့ ရွေးချယ်ပြီး အသုံးပြုဖို့ပါပဲ။ ပြည်သူတွေ စင်ပေါ်ရောက်တဲ့ အလှည့်ဖြစ်သွားပြီလို့ပဲ ကျွန်တော် ပြောချင်ပါတယ်’’ ဟု ဦးမင်းဦးက အကြံပြုသည်။

နိုင်လင်းအောင်၊ ဆွေမွန်
7Day Daily
ပြည်တွင်း၌ မိုဘိုင်းဆင်းမ်ကတ်များ အကန့်အသတ်မရှိ ၀ယ်ယူအသုံးပြုနိုင်ရန် တစ်လကျော်ခန့်သာ လိုတော့သည်။ ပြည်ပအော်ပရေတာများ ချထားပေးမည့် ဆင်းမ်ကတ်များဖြင့် မြန်မာပြည်တွင် ယခင်က မရဖူးသည့် ကောင်းမွန်သော အင်တာနက်လိုင်းနှင့် ဖုန်းဝန်ဆောင်မှုကို အသုံးပြုနိုင်တော့မည်ဟု ပြည်သူများက မျှော်လင့်လျက်ရှိသည်။ဖုန်းခေါ်ဆိုတိုင်း ကြုံတွေ့နေရသည့် ဧရိယာပြင်ပရောက် လူကြီးမင်းနှင့် အင်တာနက်သုံးတိုင်း အ၀ိုင်း (Loading) လည်နေသည်ကို ကြည့်နေရသည်ကို ပြည်သူများ ငြီးငွေ့နေကြပြီ ဖြစ်သည်။ ထို့ကြောင့်လည်း လစဉ်မဲနှိုက်ပြီး ရောင်းချပေးနေသည့် တန်ဖိုးနည်းဖုန်းများကို စိတ်ဝင်စားမှုနည်းလာနေပြီး ပြည်ပအော်ပရေတာများ ချထားပေးမည့် ဆင်းမ်ကတ် များဖြင့် ကောင်းမွန်သော ဆက်သွယ်ရေးကွန်ရက်ကို စောင့်နေကြခြင်းဖြစ်သည်။
‘‘မဲဖောက်ပေးတာတွေလည်း အခုချိန်ထိ မပေါက်သေးတော့ ဖုန်းမကိုင်နိုင်သေးဘူး။ နိုင်ငံခြားကုမ္ပဏီက ဈေးပေါပေါနဲ့ရောင်းမှပဲ ၀ယ်တော့မယ်။ ကိုယ့်ပြည်တွင်းက ဖုန်းတွေလို လိုင်းကျပ်တာတွေ ဖြစ်နိုင်တယ်။ သူတို့ကတော့ တာဝန်ယူမှုရှိမယ်လို့ ယုံကြည်ပါတယ်’’ဟု မင်္ဂလာဒုံမြို့နယ် တွင်နေသူ ကိုအောင်ထက်က ပြောသည်။

ပြည်ပအော်ပရေတာများအနက် တယ်လီနောသည် မိုဘိုင်းဆင်းမ်ကတ်များကို စက်တင်ဘာလအတွင်း ရောင်းချပေးသွားမည်ဟု တရားဝင်ကြေညာ ထားသည်။ နောက်အော်ပရေတာတစ်ခုဖြစ်သည့် အူရီးဒူးကမူ ချထားပေးမည့်အချိန်ကို အတိအကျမကြေညာ ထားသော် လည်း သြဂုတ်လဆန်းပိုင်းတွင် ချထားပေးမည် ဟု ပြည်တွင်းရှိ ဖုန်းဆိုင်အချို့ထံမှ သိရသည်။

‘‘အူရီးဒူးက ဆင်းမ်ကတ်တွေ ဒီလကုန်လောက်တော့ ချထားပေးမယ်ပြောတယ်။ ဒီသြဂုတ်လဆန်းမှာတော့ ချပေးမယ်လို့တော့ သိထား တယ်’’ဟု ပြည်တွင်းရှိ မိုဘိုင်းဖုန်းအရောင်းဆိုင်မှ တာဝန်ခံတစ်ဦးက ပြော သည်။

အူရီးဒူးသည် ပထမခြေလှမ်းအဖြစ် ဈေးကွက်အတွင်း မိုဘိုင်းဆင်းမ်ကတ်များကို စမ်းသပ်အသုံးပြုလျက်ရှိပြီး လတ်တလော အခြေအနေအရ လိုင်းဆွဲအားကောင်းမွန်ပြီး အင်တာနက်အသုံးပြုရသည်မှာလည်း လက်ရှိဖုန်းများထက် ပိုကောင်းကြောင်း အသုံးပြုသူများက Facebook စာမျက်နှာများတွင် ရေးသား အမှတ်ပေးခဲ့ကြသည်။

သို့သော် လက်ရှိ အစမ်းပေးသုံးနေသည့် ဆင်းမ်ကတ်အရေအတွက်မှာ အနည်းငယ်သာ ရှိနေသေးသည့် အတွက် လိုင်းကောင်းသော်လည်း အသုံးပြုသူများလာချိန်တွင် လိုင်းအခြေအနေ မည်သို့ရှိလာမည်ကို စောင့်ကြည်ရဦးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင် အသင်းဥက္ကဋ္ဌ ဦးမင်းဦးက ပြောသည်။

‘‘အူရီးဒူးက လက်ရှိချထားပေးတဲ့ ဆင်းမ်ကတ်အရေအတွက်က အလွန်ဆုံးရှိရင် ထောင်ဂဏန်းပဲ ရှိဦးမယ်။ 3G ကွန်ရက်ဖြစ်တဲ့အတွက် လိုင်းမိတဲ့နေရာတွေမှာတော့ သုံးရတာမြန်ပေမယ့် တချို့နေရာတွေမှာ သုံးလို့မရသေးဘူး။ တကယ်သုံးတဲ့လူများလာရင် လိုင်းကောင်းမလား ဆိုတာကတော့ စောင့်ကြည့်ရဦးမှာပါ’’ဟု ၎င်းက ဆက်လက်ပြောကြားသည်။

အူရီးဒူးအနေဖြင့် 3G ကွန်ရက်စနစ်ဖြင့် အင်တာနက်ပါ တစ်ခါတည်းအသုံးပြုနိုင်မည့် ဆင်းမ်ကတ်များကို ရောင်းချပေးသွားမည်ဖြစ်ပြီး ၀ယ်ယူလိုသူများအနေဖြင့် မှတ်ပုံတင်မိတ္တူတစ်စောင်နှင့် ငွေ ၁၅၀၀ ကျပ်သာ လိုပြီး ကျန်သောကန့်သတ်ချက်များမရှိဘဲ လိုအပ်သလောက် ၀ယ် ယူနိုင်ရန် ရောင်းချပေးသွားမည်ဟု ဆိုသည်။

ကောင်းမွန်သော ဆက်သွယ်ရေးကွန်ရက်မှာ အရေးပါသလို ဈေးနှုန်းချိုသာသော ဖုန်းပြောဆိုခနှင့် အင်တာနက်အသုံးပြုခတို့မှာလည်း ပြည် သူများ အတွက် အရေးပါသောကဏ္ဍတစ်ခုဖြစ်သည်။

အူရီးဒူးသည် လိုင်စင်ရပြီးခါစတွင် ဖုန်းပြောဆိုခကို တစ်မိနစ်လျှင် ၃၅ ကျပ်နှုန်းဖြင့် ကောက်ယူသွားမည်ဟု ပြောထားသော်လည်း လက်ရှိတွင် ‘‘ကျွန်တော်တို့အနေနဲ့ ဖုန်းခေါ်ဆိုခနှုန်းထားတွေကို အားလုံးတတ်နိုင်တဲ့ အတိုင်းအတာအတွင်းကနေဖြစ်အောင် ဆောင်ရွက်သွားမှာပါ’’ ဟု အမှုဆောင်အရာရှိချုပ် Ross Cormack က ဖြေကြားထားသည်။

၎င်းတို့၏ပြိုင်ဘက် အော်ပရေတာတစ်ခုဖြစ်သည့် တယ်လီနောသည် မိုဘိုင်းဆင်းမ်ကတ်များ စတင်ရောင်းချချိန်တွင် နိုင်ငံတစ်ဝန်း အသုံးပြုနိုင်ခြင်း မရှိသေးဘဲ မြို့ကြီးများတွင်သာ အသုံးပြုနိုင်မည်ဟု ထုတ်ပြန်ထားသော်လည်း အူရီးဒူးအနေဖြင့် တိကျစွာ ထုတ်ပြန်ခြင်း မရှိခဲ့သဖြင့် မြို့အားလုံးတွင် အသုံးပြုနိုင်မည်လားဆိုသည်မှာ စောင့်ကြည့်ရဦးမည်ဖြစ်သည်။

စက်တင်ဘာလတွင်း ရောင်းချပေးသွားမည်ဟု ကြေညာထားသည့် တယ်လီနောသည် ၎င်းတို့၏ ဆင်းမ်ကတ်များကို ဈေးကွက်အတွင်း၌ စမ်းသပ်အသုံးပြုခြင်းမျိုးမရှိသေးဘဲ လက်ရှိတွင် ကိုယ်စားလှယ် အချို့နှင့်သာ စမ်းသပ်အသုံးပြုလျက်ရှိသောကြောင့် လိုင်းအခြေအနေကို မသိရသေးပေ။

‘‘သုံးစွဲသူတွေ အားလုံးအတွက် အဆင်ပြေအောင် ဆင်းမ်ကတ်တွေကို ဖုန်းခေါ်တာ၊ SMS ပို့တာနဲ့ အင်တာနက်သုံးတာ စတဲ့ဝန်ဆောင်မှုတွေ အားလုံး စပြီးတော့ စမ်းသပ်အသုံးပြုနေပါပြီ။ မကြာခင်မှာပဲ ထုတ်ပြန်ပေးသွားပါမယ်’’ဟု တယ်လီနောမြန်မာမှ အကြီးတန်းအရာရှိ တစ်ဦးက ပြောသည်။

မိုဘိုင်းဆင်းမ်ကတ်များ စတင်ရောင်းချမည့် အချိန်တွင် တာဝါတိုင်တစ်ထောင်ခန့် တည်ဆောက် သွားမည်ဖြစ်ပြီး လက်ရှိအချိန်တွင် လုပ်ငန်းများစတင်ရန် ရာနှုန်းပြည့်နီးပါး အကောင်အထည် ဖော်ပြီးဖြစ်ကြောင်း တယ်လီနောက ဆိုသည်။

တယ်လီနောသည် လိုင်စင်ရပြီးခါစ ဖုန်းပြောဆိုခများကို တစ်မိနစ်လျှင် ၂၅ ကျပ်နှုန်းဖြင့် ပေးသွားမည်ဟု ပြောကြားထားသော်လည်း လက်ရှိတွင် ‘‘ဖုန်းခေါ်ဆိုခတွေကို အသက်သာဆုံးနှုန်းထားနဲ့ ပေးသွားမှာဖြစ်သလို အင်တာနက်သုံးလို့ ပိုက်ဆံကုန်မှာပဲဆိုပြီး စိုးရိမ်စရာမလိုတဲ့ နှုန်းထားမျိုးနဲ့ ကောက်သွားဖို့ ရှိပါတယ်’’ဟု တယ်လီနောမြန်မာ အမှုဆောင်အရာရှိချုပ် Petter Furberg က ပြောထားသည်။

တယ်လီနောသည် ကွန်ရက်ဖြန့်ကြက်ရာ၌ 2G နှင့် 3G ကွန်ရက်နှစ်ခုလုံးကို နိုင်ငံတစ်ဝန်းတွင် ဖြန့်ကြက် သွားမည်ဖြစ်ပြီး ဆင်းမ်ကတ်တွင် အင်တာနက်ပါ တစ်ခါတည်း အသုံးပြု၍ရမည်ဖြစ်သည်။

ပြည်ပအော်ပရေတာနှစ်ခုလုံးတွင် တူညီသည့်အချက်မှာ ၎င်းတို့၏ ဆက်သွယ်ရေးကွန်ရက်ကို 4G စနစ်သို့ အလွယ်တကူ အဆင့်မြှင့်နိုင် ရန် ပြင်ဆင်ထားပြီး မှတ်ပုံတင်ရှိသူတိုင်း လိုသလောက် ၀ယ်ယူနိုင်မည့် ဆင်းမ်ကတ်များတွင် နိုင်ငံတကာသို့ သယ်ယူအသုံးပြုနိုင်သည့် ဆက်သွယ်ရေးဝန်ဆောင်မှု (Roaming Service)ကိုပါ ထည့်သွင်းပေးထားမည်ဟု ဆိုသည်။

ပြည်ပအော်ပရေတာနှစ်ခု ဈေးကွက်အပြိုင်ကြဲရမည့် အနေအထားတွင် အစိုးရအော်ပရေတာ တစ်ခုဖြစ်သော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း သည် အော်ပရေတာများနှင့် ယှဉ်ပြိုင်နိုင်ရန် ဂျပန်ဆက်သွယ်ရေးကုမ္ပဏီနှစ်ခုဖြစ်သည့် KDDI နှင့် Sumitomo Operation တို့နှင့် ပူးပေါင်းလိုက်သောကြောင့် ကောင်းမွန်သော ဆက်သွယ်ရေး ၀န်ဆောင်မှုများပေးရန် အင်အားတောင့်တင်းသော အော်ပရေတာ တစ်ဦးဖြစ်လာသည်။

၎င်းတို့သည် မိုဘိုင်းဆင်းမ်ကတ်များကို အကန့်အသတ်မရှိ ရောင်းချခြင်းကို အခြားအော်ပရေတာများထက် ဦးစွာဝန်ဆောင်မှုပေးနိုင်ရန် လုပ်ဆောင်သွားမည်ဟု ဆိုသည်။

‘‘ကျွန်တော်တို့ရဲ့ ၀န်ဆောင်မှုတွေဟာ ပြိုင်ဘက်တွေထက် မလျော့စေရပါဘူး။ သူတို့ထက်ဦးအောင် လုပ်သွားဖို့ပဲရှိပါတယ်။ နေရာဒေသမရွေး ဆင်းမ်ကတ်တွေကို အကန့်အသတ်မရှိ ၀ယ်နိုင်အောင် လုပ်ပေး သွား ပါမယ်’’ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အထွေထွေမန်နေဂျာ ဦးခင်မောင်ထွန်းကပြောသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ဆက်သွယ်ရေးကွန်ရက်တွင် ဖုန်းခေါ်ဆိုမှုနှင့် အင်တာနက်အသုံးပြုခြင်းတို့ ပြုလုပ်ရာ၌ လက်ရှိအသုံးပြုသူများ အဆင်မပြေမှုများ မကြာခဏ ကြုံတွေ့နေရသည့်အတွက် ပြည်သူများ စိတ်ဝင်စားမှု နည်းပါးသောကြောင့် ဂျပန်ဆက်သွယ်ရေးကုမ္ပဏီနှစ်ခုမှ နည်းပညာများဖြင့် ကူညီဖြေရှင်းပေးသွားမည်ဟု ဆိုသည်။

‘‘မြန်မာ့ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြုသူတွေဟာ နေရာအများစုမှာ တိုင်မမိသလို လိုင်းကျပ်တဲ့ ပြဿနာနဲ့လည်း ကြုံတွေ့နေရပါတယ်။ အခုကြုံတွေ့နေရတာနဲ့ အင်တာနက်ဆိုင်ရာ ပြဿနာတွေ အားလုံးနီးပါးကို ဖြေရှင်းပေးသွားပါမယ်’’ ဟု ဂျပန်ဆက်သွယ်ရေးကုမ္ပဏီနှစ်ခု ပူးပေါင်းထားသည့် KSGM (Joint Operation) မန်နေဂျင်းဒါရိုက်တာ တကရှိနာဂရှီမက ပြောသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ဖုန်းပြောဆိုခများနှင့် အင်တာနက်အသုံးပြုခများ လျှော့ချရန် နှုန်းထားတစ်ခုကို အတိအကျ ကြေညာ ထားခြင်း မရှိသော်လည်း ပြိုင်ဘက်အော်ပရေတာများထက် သာလွန်သော အရည်အသွေးနှင့် သက်သာသော ဈေးနှုန်းဖြင့် ၀န်ဆောင်မှုပေး သွားမည်ဟု ဆိုထားသည်။

နောက်ဆုံး အော်ပရေတာတစ်ခုဖြစ်သည့် ရတနာပုံတယ်လီပို့သည် ပြည်ပအော်ပရေတာတစ်ခုနှင့် ပူးပေါင်းနိုင်ရန် လက်မှတ်ရေးထိုးနိုင်ခြင်း မရှိသေးသလို အခြေခံအဆောက်အအုံ တည်ဆောက်မှုအပိုင်း တွင် လည်း အားနည်းနေသေးသည့်အတွက် အော်ပရေတာလေးခုထဲတွင် အကောင်အထည်ဖော်မှု နောက်ဆုံးဖြစ်နေသည်။

‘‘အခု ပြည်ပကုမ္ပဏီတစ်ခုနဲ့ ညှိနှိုင်းမှုကလည်း ပြီးနေပါပြီ။ Additional Process အတွက် လုပ်နေတာတွေကြောင့် ပါ။ အော်ပရေတာ ပိုင်းနဲ့ပတ်သက်ပြီး အခုကတော့ ဆောင်ရွက်နေဆဲပဲ ရှိပါသေးတယ်။ ကျွန်တော်တို့က အများပိုင်ကုမ္ပဏီ လုပ်မှာဖြစ်တဲ့အတွက် မတူညီမှုလေးတွေတော့ ရှိနိုင်ပါတယ်’’ဟု ရတနာပုံတယ်လီပို့၏ အမှုဆောင်အရာရှိချုပ် ဦးရှိန်းသူအောင်ကပြောသည်။

ရတနာပုံတယ်လီပို့မှလွဲ၍ ကျန်အော်ပရေတာသုံးခုသည် ဈေးကွက်အတွင်း၌ နေရာရရှိရေး အပြိုင် အဆိုင်ပြုလုပ် နေပြီး ရင်းနှီးမြှုပ်နှံမှုအနေဖြင့် တယ်လီနောသည် လက်ရှိအချိန်ထိ ကန်ဒေါ်လာ တစ်ဘီလီယံ ရင်းနှီးမြှုပ်နှံထားပြီး သုံးနှစ်အတွင်း အရင်းကျေမည်ဟု ခန့်မှန်းထားသလို ပြိုင်ဘက်ကုမ္ပဏီတစ်ခုဖြစ်သော အူရီးဒူးသည် လက်ရှိပမာဏကို မပြောသော်လည်း ၁၅ နှစ်အတွင်း ကန်ဒေါ်လာ ၁၅ ဘီလီယံ ရင်းနှီးမြှုပ်နှံ သွားမည်ဟု ဆိုသည်။

လက်ရှိတွင် ဆက်သွယ်ရေးကွန်ရက်အများဆုံး ဖြန့်ကြက်ထားသည့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသည်လည်း အခြားအော်ပရေတာများနှင့် ယှဉ်ပြိုင်နိုင်ရန် ဂျပန်ကုမ္ပဏီနှစ်ခုနှင့် ပူးပေါင်း၍ သုံးနှစ်အတွင်း ကန်ဒေါ်လာနှစ်ဘီလီယံ ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်သည်။

အော်ပရေတာသုံးခုလုံးသည် မြို့ကြီးများတွင်သာမကဘဲ ကျေးလက်ဒေသများထိ ဆင်းမ်ကတ်များကို လိုသလောက် ရောင်းချပေး သွားမည်ဖြစ်သည်။

ငွေဖြည့်ကတ်ရောင်းချရာတွင်လည်း လက်ရှိရောင်းနေသည့် ငါးထောင်၊ တစ်သောင်းတန်ကတ်များ မဟုတ်ဘဲ မိမိလိုသလောက် အနည်းငယ်ကိုသာ ၀ယ်ယူအသုံးပြုနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ပအော်ပရေတာများက ပြောထားသည်။

ဆက်သွယ်ရေးဝန်ဆောင်မှုပေးရာတွင် မိုဘိုင်းဖုန်းမှတစ်ဆင့် ငွေပေးချေခြင်း၊ မိခင်နှင့်ကလေး ကျန်းမာရေး ၀န်ဆောင်မှုများ၊ ပညာရေး ၀န်ဆောင် မှုများ၊ သီးနှံဈေးနှုန်း၊ ရာသီဥတုနှင့် ကုန်အငှားဝန်ဆောင်မှုလုပ်ငန်း စသည့် ၀န်ဆောင်မှုများကိုလည်း ထည့်သွင်းပေးသွား မည်ဖြစ်ကြောင်း အူရီးဒူးကဆိုသည်။

ပြိုင်ဘက်ကုမ္ပဏီတစ်ခုဖြစ်သည့် တယ်လီနောတွင်လည်း မိုဘိုင်းဖုန်းမှတစ်ဆင့် ကျန်းမာရေးဝန်ဆောင် မှုများ၊ Wikipedia ကို မြန်မာဘာသာဖြင့် ဖတ်ရှုနိုင်သည့် ၀န်ဆောင်မှု၊ ကျေးလက်ဒေသများတွင် မိုဘိုင်းဖုန်းများမှတစ်ဆင့် အင်တာနက်အသုံးပြုမှုနှင့် ဒစ်ဂျစ်တယ်နည်းပညာ နားလည်တတ်ကျွမ်းမှု မြင့်မားလာစေရန် သတင်းအချက်အလက်စင်တာများ ဖွင့်လှစ်ခြင်း စသည်တို့ကို ဆောင်ရွက်ပေးသွား မည်ဟု ဆိုသည်။ ထို့အတူ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည်လည်း ဂျပန်ဆက်သွယ်ရေးကုမ္ပဏီနှစ်ခုနှင့် ပူးပေါင်း၍ နိုင်ငံတစ်ဝန်းတွင် Customer Service Center များ ဖွင့်လှစ်၍ ၀န်ဆောင်မှုပေးသွား မည်ဖြစ်သည်။

အော်ပရေတာများအနေဖြင့် ၎င်းတို့ ကတိပေးထားသည့်အတိုင်း ဆက်သွယ်ရေးဝန်ဆောင်မှုများကို မပေးပါက အရေးယူမှုများ ပြုလုပ်သွားရန်ကို ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက ပြုလုပ်သွားမည်ဖြစ်ပြီး စာချုပ်ပါအချက်များအရ အူရီးဒူးသည် သြဂုတ်လနှင့် တယ်လီနောသည် စက်တင်ဘာလ နောက်ဆုံးထား၍ ဆင်းမ်ကတ်များကို ချထားပေးရမည်ဟု ဖော်ပြထားကြောင်း သိရသည်။

‘‘လိုင်စင်ချပေးတဲ့အခါ ဘယ်အချိန် နောက်ဆုံးထားလုပ်ရမယ်ဆိုတာ သတ်မှတ်ထားပါတယ်။ အဲဒီရက်မှ မလုပ်နိုင်ရင်တော့ အရေးယူဖို့ရှိ ပါတယ်’’ဟု ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသန်းထွန်းအောင်က ပြောသည်။

လက်ရှိတွင် ဈေးကွက်အတွင်း၌ ဆက်သွယ်ရေးအော်ပရေတာများ၏ ပြိုင်ဆိုင်မှုသည် ပြင်းထန်လာပြီး ဈေးနှုန်းချိုသာ၍ အရည်အသွေးကောင်း မွန်သည့် ဆက်သွယ်ရေးဝန်ဆောင်မှုများကို အသုံးပြုရတော့ မည်မှာ သေချာသလောက် ရှိနေပြီဖြစ်သော်လည်း အဆိုပါလုပ်ငန်းများအား ထိန်းကျောင်းပေးမည့် နည်းဥပဒေ စည်းမျဉ်းများလည်း အမြန်ဆုံးထွက်ရှိရန် လိုအပ်နေကြောင်း ရန်ကုန်တိုင်း ကွန်ပျူတာပညာရှင် အသင်းဥက္ကဋ္ဌ ဦးမင်းဦးကဆိုသည်။

‘‘ကျွန်တော်အကြံပြုချင်တာက ပြည်သူတွေအနေနဲ့ အရည်အသွေးကောင်းတဲ့ ဆက်သွယ်ရေး ၀န်ဆောင်မှု ကို အေးအေးဆေးဆေးနဲ့ ရွေးချယ်ပြီး အသုံးပြုဖို့ပါပဲ။ ပြည်သူတွေ စင်ပေါ်ရောက်တဲ့ အလှည့်ဖြစ်သွားပြီလို့ပဲ ကျွန်တော် ပြောချင်ပါတယ်’’ ဟု ဦးမင်းဦးက အကြံပြုသည်။

နိုင်လင်းအောင်၊ ဆွေမွန်
7Day Daily

No comments:

Post a Comment