Wednesday 30 July 2014

အိန္ဒိယ၊ဂျပန်နှင့်တောင်ကိုရီးယားနိုင်ငံများက အမှိုက်သိမ်းယာဉ် (၉၇)စီးရောက်ရှိမည်

ရန်ကုန်မြို့တော်သန့်ရှင်းသာယာရေးအတွက် အိန္ဒိယ၊ ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံများက အမှိုက်သိမ်း ယာဉ်(၉၇)စီးသည် အောက်တိုဘာလတွင် ရန်ကုန်မြို့ကိုရောက်ရှိလာမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် မော်တော်ယာဉ်ဌာနမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။
ရောက်ရှိလာမည့် အမှိုက်သိမ်းယာဉ်(၉၇)စီး (၆၆၀)လီတာအမှိုက်ပုံးများကို ချိတ်ဆွဲ သယ်ဆောင်နိုင်သည့် အိန္ဒိယနိုင်ငံထုတ်Compactor Garbage Truck (၆၂)စီး၊ အမှိုက် ပုံးကြီးများ ချိတ်ဆွဲနိုင်သည့် ကိုရီးယားနိုင်ငံ ထုတ် Roll on/ Roll off (၁၀)ဘီး၊ (၁၂)ဘီးကားရှစ်စီး၊ အမှိုက်ပုံးများ တိုက်ရိုက်တင်ပြီး စွန့်ပစ်နိုင်သည့် ဂျပန်နိုင်ငံထုတ် DunkTruck (၁၀)ဘီးကား(၁၇)စီး စုစုပေါင်း(၉၇)စီးဖြစ်ကြောင်း သိရ သည်။

ထိုအမှိုက်သိမ်းယာဉ်များကို လက်ရှိသုံးစွဲနေသည့် ယာဉ်များနေရာတွင် အစားထိုးသွားမည်ဖြစ်သည်။ အမှိုက်သိမ်းကားများရောက်ရှိလာပါက ခရီးအကွာအဝေးပေါ်မူတည်ပြီး မြို့နယ်တစ်မြို့နယ်လျှင် ငါးစီးမှ (၁၀)စီး အထိအစားထိုးသွားမည်ဖြစ်သည်။ လက်ရှိတွင် ရန်ကုန်မြို့တော်စည်ပင်ယာရေးကော်မတီတွင် အမှိုက် သိမ်းယာဉ်(၂၆၉)စီးရှိပြီး သက်တမ်းနှစ် (၂၀)ကျော်ကြာသည့် ကားအစီး(၅၀)ကျော်နှင့် သက်တမ်းခြောက်နှစ်ခန့် ရှိသော်လည်း ကြံ့ခိုင်မှုအကျပိုင်းသို့ဦးတည်နေသည့် ယာဉ်အစီး(၆၀ )ကျော် နေ ရာတွင် အစားထိုးပြေးဆွဲရန် စီစဉ်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် မော်တော်ယာဉ်ဌာနမှ တာဝန်ရှိသူတစ်ဦးထံကနေသိရသည်။

SkyNet TV Browser

No comments:

Post a Comment