Wednesday 30 July 2014

အူရီးဒူးဆင်းမ်ကတ်များ ကျပ် ၁၅၀၀ ဖြင့် မန္တလေးနှင့် နေပြည်တော်တွင် စရောင်း

Photo: အူရီးဒူးဆင်းမ်ကတ်များ ကျပ် ၁၅၀၀ ဖြင့် မန္တလေးနှင့် နေပြည်တော်တွင် စရောင်း
Wednesday, July 30, 2014

ပြည်ပဆက်သွယ်ရေး ကုမ္ပဏီတစ်ခုဖြစ်သည့် အူရီးဒူးကဆင်းမ်ကတ်များကို ဇူလိုင် ၂၉ ရက်တွင် မန္တလေးနှင့် နေပြည်တော်မြို့၌ စတင်ရောင်းချနေပြီဖြစ်ကြောင်း မန္တလေးမြို့ခံများ ထံမှ သတင်းရရှိသည်။

‘‘မြို့ထဲမှာရှိတဲ့ ဆိုင်တွေ တော်တော်များများမှာ ၀ယ်လို့ရ တယ်။ တစ်ယောက်ကို ၁၀ ကတ် အထိ ရောင်းပေးနေတယ်’’ဟု မန္တ လေးမဟာအောင်မြေမြို့နယ် တွင် နေထိုင်သူ ဒေါ်သင်းခိုင်က ပြောသည်။

အူရီးဒူး၏ မိုဘိုင်းဆင်းမ် ကတ်များကို ဇူလိုင် ၂၉ ရက် နေ့လယ် ၁၂ နာရီခန့်တွင် စတင် ရောင်းချပေးခဲ့ပြီး ဆိုင်အများစု တွင် ငွေကျပ် ၁၅၀၀ ဖြင့် ရောင်း ချပေးနေသော်လည်း ကျပ် ၂၀၀၀ ဖြင့်ရောင်းချသည့် ဆိုင်များ လည်းရှိကြောင်း အသုံးပြုသူများ ကပြောသည်။

အူရီးဒူးအနေဖြင့် မိုဘိုင်း ဆင်းမ်ကတ်များကို ကနဦး ရောင်း ချပေးခြင်းဖြစ်ပြီး လတ်တ လောတွင် ဆိုင်တစ်ဆိုင်လျှင် ဆင်းမ်ကတ် ၄၀၀ စီနှင့် ငွေဖြည့်ကတ် ၁၀၀၀ စီကိုသာ ချ ထားပေးပြီး သြဂုတ် ၂ ရက်နေ့မှ သာ လိုသလောက်ရရှိနိုင်မည်ဖြစ်ကြောင်း မိုဘိုင်းအရောင်း ဆိုင်များမှ သတင်းရရှိသည်။

‘‘အူရီးဒူးဖုန်းတွေအတွက် ၁၄ ရက်အတွင်း ငွေဖြည့်ကတ်နဲ့ အင်တာနက်အသုံးပြုခတွေကို အခမဲ့သုံးခွင့်ရမှာဖြစ်ပါတယ်။ ငွေဖြည့်ကတ်ကတော့ လက်ရှိမှာ ၀ယ်လို့ရဦးမှာ မဟုတ်သေးဘူး။ ၂ ရက်နေ့လောက်မှ ၀ယ်လို့ရ မယ်’’ဟု မန္တလေးမြို့မှ 555 မိုဘိုင်းဖုန်းအရောင်းဆိုင်မှ အရောင်းတာဝန်ခံတစ်ဦးကပြောသည်။

လက်ရှိတွင် အူရီးဒူးသည် အဆိုပါဆင်းမ်ကတ်များရောင်းချ မှုနှင့် ပတ်သက်၍ တိတိကျကျ မထုတ်ပြန်သေးသည့်အတွက် တစ်မိနစ်လျှင် ဖုန်းခေါ်ဆိုခနှင့် အင်တာနက်အသုံးပြုခများကို မသိရှိရသေးပေ။

‘‘ကျွန်မတို့ဆိုင်ကတော့ ဒီ နေ့ညနေမှ စပြီးရောင်းပေးမှာပါ။ ဈေးနှုန်းကတော့ ကုမ္ပဏီက ချ ပေးထားတဲ့အတိုင်းပါပဲ’’ဟု ၎င်းကဆက်လက်ပြောသည်။

ဆင်းမ်ကတ်များဝယ်လိုပါ က ငွေကျပ် ၁၅၀၀၊ မှတ်ပုံတင် မိတ္တူနှင့် ဓာတ်ပုံတစ်ပုံတို့ဖြင့် ၀ယ်ယူရနိုင်ပါကြောင်း အသုံးပြု သူများကပြောသည်။

အချို့ဆိုင်များတွင် ဓာတ်ပုံ ပေးရန် မလိုဟုသိရသည်။

အူရီးဒူးဆင်းမ်ကတ်များကို ဆိုင်အားလုံးတွင် ရောင်းချခြင်း မဟုတ်သေးဘဲ ၎င်းတို့နှင့် Gold Partner စာချုပ် ချုပ်ဆိုထားသည့် ဆိုင်များတွင်သာ ကနဦးအနေဖြင့်ရောင်းချပေးခြင်းဖြစ်သည်။

မန္တလေးမြို့တွင် ယခုစတင် ရောင်းချပေးနေပြီဖြစ်သော် လည်းသြဂုတ် ၁ ရက် (သို့မဟုတ်) ၂ ရက်မှသာ ရန်ကုန်တွင် စတင်ရောင်းချပေးသွားမည်ဖြစ်ကြောင်း မိုဘိုင်းဖုန်းအရောင်းဆိုင်အချို့က ပြောသည်။

‘‘နေပြည်တော်နဲ့ မန္တလေး ကိုတော့ ဒီနေ့စပြီး မိတ်ဆက်မယ် လို့ပြောတယ်။ ရန်ကုန်မှာတော့ သြဂုတ် ၂ ရက်လောက်မှ စပြီး သုံးခွင့်ပေးမယ်လို့သိထားတယ်’’ ဟု လူကြီးမင်းဖုန်းဆိုင် အထွေ ထွေမန်နေဂျာကိုပြည်စိုးထွန်းက ပြောသည်။

‘‘လူမတိုးနိုင်ဘူး။ လိုတော့လိုချင်တယ်။ ၁၅၀၀နဲ့ ဆိုတော့အရမ်းတန်တယ်။ တချို့ဆိုင်တွေဆိုရင် သွားမေးတော့ ကုန်နေပြီ’’ဟု ဆင်းမ်ကတ်မရလိုက်သည့် ပျဉ်းမနားမြို့ခံ တစ်ဦးကပြောကြားသည်။ နေပြည်တော်တွင်လည်း တစ်ဆိုင်လျှင် ကတ် ၄၀၀ ခန့်ရ ပြီး နာရီဝက်အတွင်း ကတ်များ ကုန်သွားကြောင်း သိရသည်။

7Day Daily
ပြည်ပဆက်သွယ်ရေး ကုမ္ပဏီတစ်ခုဖြစ်သည့် အူရီးဒူးကဆင်းမ်ကတ်များကို ဇူလိုင် ၂၉ ရက်တွင် မန္တလေးနှင့် နေပြည်တော်မြို့၌ စတင်ရောင်းချနေပြီဖြစ်ကြောင်း မန္တလေးမြို့ခံများ ထံမှ သတင်းရရှိသည်။
‘‘မြို့ထဲမှာရှိတဲ့ ဆိုင်တွေ တော်တော်များများမှာ ၀ယ်လို့ရ တယ်။ တစ်ယောက်ကို ၁၀ ကတ် အထိ ရော င်းပေးနေ တယ်’’ဟု မန္တ လေးမဟာအောင်မြေမြို့နယ် တွင် နေထိုင်သူ ဒေါ်သင်းခိုင်က ပြောသည်။

အူရီးဒူး၏ မိုဘိုင်းဆင်းမ် ကတ်များကို ဇူလိုင် ၂၉ ရက် နေ့လယ် ၁၂ နာရီခန့်တွင် စတင် ရောင်းချပေးခဲ့ပြီး ဆိုင်အများစု တွင် ငွေကျပ် ၁၅၀၀ ဖြင့် ရောင်း ချပေးနေသော်လည်း ကျပ် ၂၀၀၀ ဖြင့်ရောင်းချသည့် ဆိုင်များ လည်းရှိကြောင်း အသုံးပြုသူများ ကပြောသည်။

အူရီးဒူးအနေဖြင့် မိုဘိုင်း ဆင်းမ်ကတ်များကို ကနဦး ရောင်း ချပေးခြင်းဖြစ်ပြီး လတ်တ လောတွင် ဆိုင်တစ်ဆိုင်လျှင် ဆင်းမ်ကတ် ၄၀၀ စီနှင့် ငွေဖြည့်ကတ် ၁၀၀၀ စီကိုသာ ချ ထားပေးပြီး သြဂုတ် ၂ ရက်နေ့မှ သာ လိုသလောက်ရရှိနိုင်မည်ဖြစ်ကြောင်း မိုဘိုင်းအရောင်း ဆိုင်များမှ သတင်းရရှိသည်။

‘‘အူရီးဒူးဖုန်းတွေအတွက် ၁၄ ရက်အတွင်း ငွေဖြည့်ကတ်နဲ့ အင်တာနက်အသုံးပြုခတွေကို အခမဲ့သုံးခွင့် ရမှာဖြစ်ပါတယ်။ ငွေဖြည့်ကတ်ကတော့ လက်ရှိမှာ ၀ယ်လို့ရဦးမှာ မဟုတ်သေးဘူး။ ၂ ရက်နေ့လောက်မှ ၀ယ်လို့ရ မယ်’’ဟု မန္တလေးမြို့မှ 555 မိုဘိုင်းဖုန်းအရောင်းဆိုင်မှ အရောင်းတာဝန်ခံတစ်ဦးကပြောသည်။

လက်ရှိတွင် အူရီးဒူးသည် အဆိုပါဆင်းမ်ကတ်များရောင်းချ မှုနှင့် ပတ်သက်၍ တိတိကျကျ မထုတ်ပြန်သေး သည့် အတွက် တစ်မိနစ်လျှင် ဖုန်းခေါ်ဆိုခနှင့် အင်တာနက်အသုံးပြုခများကို မသိရှိရသေးပေ။

‘‘ကျွန်မတို့ဆိုင်ကတော့ ဒီ နေ့ညနေမှ စပြီးရောင်းပေးမှာပါ။ ဈေးနှုန်းကတော့ ကုမ္ပဏီက ချ ပေးထားတဲ့အတိုင်းပါပဲ’’ဟု ၎င်းကဆက်လက်ပြောသည်။

ဆင်းမ်ကတ်များဝယ်လိုပါ က ငွေကျပ် ၁၅၀၀၊ မှတ်ပုံတင် မိတ္တူနှင့် ဓာတ်ပုံတစ်ပုံတို့ဖြင့် ၀ယ်ယူရနိုင် ပါကြောင်း အသုံးပြု သူများကပြောသည်။

အချို့ဆိုင်များတွင် ဓာတ်ပုံ ပေးရန် မလိုဟုသိရသည်။

အူရီးဒူးဆင်းမ်ကတ်များကို ဆိုင်အားလုံးတွင် ရောင်းချခြင်း မဟုတ်သေးဘဲ ၎င်းတို့နှင့် Gold Partner စာချုပ် ချုပ်ဆိုထားသည့် ဆိုင်များတွင်သာ ကနဦးအနေဖြင့်ရောင်းချပေးခြင်းဖြစ်သည်။

မန္တလေးမြို့တွင် ယခုစတင် ရောင်းချပေးနေပြီဖြစ်သော် လည်းသြဂုတ် ၁ ရက် (သို့မဟုတ်) ၂ ရက်မှသာ ရန်ကုန်တွင် စတင်ရောင်းချပေးသွားမည်ဖြစ်ကြောင်း မိုဘိုင်းဖုန်းအရောင်းဆိုင်အချို့က ပြောသည်။

‘‘နေပြည်တော်နဲ့ မန္တလေး ကိုတော့ ဒီနေ့စပြီး မိတ်ဆက်မယ် လို့ပြောတယ်။ ရန်ကုန်မှာတော့ သြဂုတ် ၂ ရက်လောက်မှ စပြီး သုံးခွင့်ပေးမယ်လို့သိထားတယ်’’ ဟု လူကြီးမင်းဖုန်းဆိုင် အထွေ ထွေမန်နေဂျာ ကိုပြည်စိုးထွန်း က ပြောသည်။

‘‘လူမတိုးနိုင်ဘူး။ လိုတော့လိုချင်တယ်။ ၁၅၀၀နဲ့ ဆိုတော့အရမ်းတန်တယ်။ တချို့ဆိုင်တွေဆိုရင် သွားမေးတော့ ကုန်နေပြီ’’ဟု ဆင်းမ်ကတ်မရလိုက်သည့် ပျဉ်းမနားမြို့ခံ တစ်ဦးကပြောကြား သည်။ နေပြည်တော်တွင်လည်း တစ်ဆိုင်လျှင် ကတ် ၄၀၀ ခန့်ရ ပြီး နာရီဝက်အတွင်း ကတ်များ ကုန် သွားကြောင်း သိရသည်။

7Day Daily

No comments:

Post a Comment