Wednesday 30 July 2014

လေဆင်နှာမောင်းကြောင့် မင်္ဂလာဒုံတွင် နေအိမ် ၄၀ခန့်ပျက်စီး

မင်္ဂလာဒုံမြို့နယ်၊ ရေ ကြည်အိုင်အနီးတွင် ဇူလိုင် ၁၉ ရက် နံနက်က လေဆင်နှာမောင်း တိုက်ခဲ့သဖြင့် အိမ်ခြေ ၄၀ခန့်နှင့် ကြက်မွေးမြူရေးခြံနှစ်ခြံပျက်စီး ကာ လူနှစ်ဦးဒဏ်ရာရခဲ့ကြောင်း သတင်းရရှိသည်။
မင်္ဂလာဒုံမြို့နယ်အမှတ်(၁) ပြန်လည်နေရာချထားရေးရပ် ကွက်(ပလရ)အုပ်စုရှိ ပြည်လမ်း နှင့် ပုလဲမြို့သစ် ရပ်ကွက်တို့ကို ဆက်သွယ်ထားသော ကားလမ်း မကြီးဘေးရှိ ဘောဂရပ်ကွက်၌  သွပ်မိုး၊ ၀ါးထရံကာ အိမ်ခြေ ၃၇ လုံးနှင့် ရွှေနှင်းဆီးရပ်ကွက်မှ အိမ် သုံးလုံးတို့ ပြိုကျပျက်ဆီးခဲ့ ကြောင်းရပ်ကွက်အုပ်စု အုပ်ချုပ် ရေးမှူးဦးသက်ဇော်မင်းကပြော သည်။

‘‘အိမ် ခြောက်လုံးကတော့ လုံးဝပြိုကျသွားမယ်။ ကွန်ကရစ် ဓာတ်တိုက် ခုနစ်တိုင်လည်းလဲကျ သွားလို့ မီးတွေပြတ်သွားတယ်။ ဘောဂရပ်ကွက်ဓမ္မာရုံမှာ မြေးအ ဘွားနှစ်ယောက်လုံး  ခေါ်ထား တယ်။ သူတို့အိမ်က လုံးလုံးပြိုကျ သွားတာ။ စည်ပင်ရေသန့်ဌာန၀န် ထမ်းအိမ်လည်း လုံးလုံးပြိုကျပြီး သူ့ခြေထောက်မှာ ဒဏ်ရာရလို့ ဆေးရုံမှာ ခြောက်ချက်ချုပ်လိုက် ရတယ်’’ဟု အမှတ်(၁)ပြန်လည် နေရာ ချထားရေးရပ်ကွက်(ပလ ရ)အုပ်စု အုပ်ချုပ်ရေးမှူးဦးသက် ဇော်မင်းကပြောသည်။

ညာဘက်ခြေသလုံးတွင် ကန့်လန့်ဖြတ်ဒဏ်ရာ   ရခဲ့၍ ခြောက်ချက်ချုပ်ခဲ့ရပြီးနောက် ၎င်းအိမ်လည်းအိမ်တိုင် ပါကျွတ် ထွက်သွားသောကြောင့်သူငယ် ချင်းအိမ်တွင် ခေတ္တတည်းခိုနေရ ကြောင်း ကိုသက်နိုင်ထွေး ကပြော သည်။

‘‘လေတိုက်တဲ့အချိန်မှာ သ မီးအကြီးကအိမ်အပြင်ရောက်နေ လို့ လိုက်ဆွဲရင်းအိမ်လယ်တိုင်က ကျွတ် ထွက်ပြီး လွင့်ထွက်သွား တယ်။ ညာဘက်ခြေက ဘယ်လို လုပ်ထိခိုက်မိတယ်မသိဘူး။ ခြောက်ချက်ချုပ် လိုက်ရတယ်။ လည်ပင်းလည်း ပွန်းမိသွားတယ်’’ ဟု ကိုသက်နိုင်ထွေးကပြော သည်။

ထိုနေ့ နံနက် ၆နာရီအချိန် ခန့်က လေတိုက်သံကြားပြီး နောက် မိနစ် ၂၀အတွင်းပေ ၇၀ ရှည်ကာ ပေ ၂၀ကျယ်သော ကြက်မွေးမြူရေးခြံနှစ်ခြံ  ပြိုကျခဲ့သ ဖြင့် ကြက်ကောင်ရေသုံးရာသေ ဆုံးခဲ့ကြောင်း ကြက်ခြံ ပိုင် ရှင်ဦးစိုး ပိုင်ကပြောသည်။

‘‘ငါးဆယ်သား၊ ခြောက် ဆယ်သားအရွယ်တွေအကောင် သုံးရာသေကုန်တယ်။ ကြက်ခြံ ပြင်ထား တာတောင် တစ်လပဲရှိ သေးတယ်။ အစာတွေလည်းတစ် သိန်းဖိုးလောက်   ပျက်စီးကုန် တယ်။ လုပ်ငန်းကို ဘယ်လိုပြန် လုပ်ရမှန်းတောင်မသိတော့ဘူး။ မသေတဲ့  ကြက်အကောင်တစ် ထောင်လောက်ကိုတော့ သူငယ် ချင်းခြံမှာ ရွှေ့ထားတယ်’’   ဟု ၎င်းကပြောသည်။

ထိုသို့ လေဆင်နှာမောင်း တိုက်ခတ်နေစဉ် ဒေါ်သန်းသန်း ဌေးဆိုသူမှာလည်းကြောက်လန့် ကာ မူးမေ့လဲကျသွားကြောင်း ပြောသည်။

‘‘ဖြစ်ဖြစ်ချင်းလန့်ပြီးမူးမေ့ လဲကျသွားတာ။ ပုလဲဆေးရုံမှာ သွားပြခဲ့တယ်။ သက်သာပါ တယ်။ အခုတော့ အိမ်ကိုမိုးကာနဲ့ အုပ်ပြီး ထားရတယ်။မီးတွေပြတ် သွားတယ်။ ထမင်းထုပ်တွေလာ ပေးပါတယ်’’ ဟု ဒေါ်သန်းသန်း ဌေးကပြောသည်။

အဆိုပါလေဆင်နှာမောင်း တိုက်ခတ်ခံရသည့် နေရာသို့အနီးရှိ တပ်မတော်အရာရှိနှင့် တပ်မ တော်သား များရောက်ရှိကာ လဲပြို နေသည့် သစ်ပင်များကို ရှင်း လင်းပြီး၊   ကြက်ခြံကိုလည်းဝိုင်း ၀န်းရှင်း လင်းပေးကြောင်း တွေ့ ရှိရသည်။

ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်  ရာအိမ်မှူးများမှာ အပျက်အစီး စာရင်းများ  တွက်ချက်ခြင်း၊ စားစရာ များဝေငှပေးခြင်းနှင့် စည် ပင်ဌာနနှင့် လျှပ်စစ်ဌာနတို့က လျှပ်စစ်မီးပြန်လည်ရရှိစေရန် စီ စဉ်ဆောင်ရွက် လျက် ရှိသည်။

အလားတူ ရွှေပြည်သာမြို့ နယ်၊ ဇီးကုန်းကျေးရွာအုပ်စု၊ အင်းပေါက်စုတောင်ပိုင်းနှင့်ဇီး ကုန်းတပ်နယ် လိုင်း တွင် အင်အား လျော့လေဆင်နှာမောင်းတိုက်သ ဖြင့်အိမ်အချို့နှင့် ဓမ္မာရုံတို့တွင် အမိုးသွပ်များ လွင့် သွားကြောင်း သတင်းရရှိသည်။

မိုးလေ၀သပညာရှင်ဒေါက် တာထွန်းလွင်က ဇူလိုင် ၂၉ ရက် နေ့တွင် ဘင်္ဂလားပင် လယ်ပြင်နှင့် မြန်မာ့ ကမ်းရိုးတန်းဒေသများ တွင် လေနှင့်မိုးများတိုက်ခတ်ရွာသွန်းနိုင်ကြောင်း ထုတ်ဖော်သတိပေး ထားသည်။

7Day DAILY
http://www.youtube.com/watch?v=6qcct4UvGX8

No comments:

Post a Comment