Wednesday 30 July 2014

ကျောက်ဖြူ-ကူမင်းရထားလမ်း စီမံကိန်းရပ်ဆိုင်းမှု တရုတ်ကုန်သွယ်ရေး အနာဂတ်ကို ဆိုးရွားစေမည်

ကျောက်ဖြူ-ကူမင်းရထားလမ်းစီမံကိန်း ရပ်ဆိုင်းမှုသည် တရုတ်ကုန်သွယ်ရေး အနာဂတ်ကို သိသိသာသာ ဆိုးရွားစေမည်ဟု ဂတ်ဖ်တိုင်းမ်သတင်းဌာနက ဖော်ပြခဲ့သည်။
အရှေ့အလယ်ပိုင်းမှ တရုတ်အထိပေါက်ရောက်ရာ အာဆီယံသယ်ယူပို့ဆောင်ရေးစင်္ကြံလမ်းသစ်ရှိနေ သင့်သလားဟူ၍ ဂတ်ဖ်တိုင်းမ်သတင်းဌာနက မြန်မာ-ယူနန် ရထားလမ်းပိုင်းဆိုင်ရာ သတင်းကိုဖော်ပြ ခဲ့ခြ င်းဖြစ် သည်။

အဆိုပါရထားလမ်းကွန်ရက်ကိုတရုတ် အစိုးရကကန်ဒေါ်လာ ၂၀ ဘီလီယံ ရင်းနှီးမြှုပ်နှံရန်လျာထား ခဲ့ပြီး မြန် မာဒေသခံတို့၏ ဆန့်ကျင်ကန့်ကွက်မှုကြောင့် မြန်မာအစိုးရက ဇူလိုင်လ ၁၈ ရက်တွင် တရားဝင် ရပ် တန့်ခဲ့ခြင်းဖြစ်သည်။

ယင်းရထားလမ်းကွန်ရက်မှတစ်ဆင့် အရှေ့အလယ်ပိုင်းနှင့် အနောက်တိုင်းနိုင်ငံများမှ ကုန်စည်များကို တရုတ်သို့ သယ်ယူပို့ဆောင်ရန် ရည်မှန်းထားခြင်းဖြစ်သည်။ ယခုကဲ့သို့ အကောင်အထည် မဖော်ဖြစ်ေ သာ ကြောင့် အရှေ့တောင်အာရှနှင့်အရှေ့အလယ်ပိုင်းအကြား တရုတ်ကုန်သွယ်ရေး အတွက် သိသိသာ သာ ဆိုးရွားစေမည်ဟု အကဲခတ်သူများက ပြောသည်။

ထို့ပြင် ဥရောပနှင့် အာရှအကြား စီမံထားသော ရထားလမ်းကွန်ရက်အတွက် ကွက်လပ်ဖြစ်လာမည်ဟု လည်း တရုတ် တက္ကသိုလ်တစ်ခုမှ ပါမောက္ခ ကျို့ကျိအန်းက ထောက်ပြထားသည်။

အခြားတစ်ဖက်တွင်လည်း ၁,၂၁၅ ကီလိုမီတာရှည်လျားသည် ယင်းစီမံကိန်းအတွက် သဘောတူညီမှု အသစ်ကို မြန်မာအစိုးရ ပေးလာအောင် တရုတ်အစိုးရက ထပ်မံလုပ်ဆောင်နေဟန်ရှိသည်။

မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး ယန်ဟူးလန်းက စီမံကိန်းကအခက်အခဲရှိပါကြောင်း၊ တရုတ်ဘက် က လက်လျှော့သွားမည်မဟုတ်ကြောင်း ပြောကြားသည်ကိုလည်း တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်း က ဖော်ပြသည်။

“ တရုတ်-မြန်မာ ဆက်ဆံရေးက အကျိုးဖြစ်ထွန်းမှုများစွာရှိပါတယ်။ ဒါပေမဲ့လည်း စိန်ခေါ်မှုတချို့လ ည်း တွေ့ကြုံနေ ရပါတယ် ” ဟု သံအမတ်ကြီးက သံခင်းတမန်ခင်းပြောခဲ့သည်။

စီမံကိန်းနှင့် ပတ်သက်လျှင် ရထားလမ်းတည်ဆောက်ရေး ဘီလီယံ ၂၀ ရှိ ကုန်ကျစရိတ်ကို မြန်မာအစိုးရ တတ်နိုင်မည်မဟုတ်သကဲ့သို့ နှစ် ၅၀ လုပ်ကိုင်ခွင့်မှာလည်း သင့်လျော်သည်ဟုလည်း တရုတ်က လက်ခံ ထားသည်။

Mizzima - News in Burmese

No comments:

Post a Comment