Monday 21 July 2014

အာဇာနည်နေ့တွင် စက်ရုံမပိတ်ဘဲ အချိန်ပိုဆင်းခိုင်းသော စက်ရုံနှစ်ရုံကို တရားစွဲ

အာဇာနည်နေ့တွင် စက်ရုံမပိတ်ဘဲ အချိန်ပိုဆင်းခိုင်း သော စက်ရုံရှစ်ရုံစစ်ဆေးတွေ့ရှိ ၍ အထည်ချုပ်စက်ရုံနှစ်ရုံကို တရားစွဲဆိုထားကြောင်း အလုပ် ရုံနှင့် အလုပ်သမားဥပဒေစိစစ် ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ချုပ် ဦးဝင်းရှိန်ကပြောသည်။

အစိုးရ ဥပဒေနှင့်အညီ အ လုပ်သမားများခိုင်းစေခြင်း ရှိ၊ မရှိ စက်မှုဇုန်များရှိ စက်ရုံ၊ အ လုပ်ရုံများအား ရှောင်တခင်စစ် ဆေး၍ ဥပဒေချိုးဖောက်သည့် စက်ရုံ၊ အလုပ်ရုံများကို ယခု နောက်ပိုင်းအရေးယူနေသည်။ ယခုစက်ရုံ နှစ်ရုံအပါအ၀င် အချိန်ပိုအဓမ္မခေါ်ယူစေခိုင်းခြင်း၊ ဥပဒေချိုးဖောက်ပြီး စက်ရုံပိတ်သိမ်း သွားသော စက်ရုံငါးရုံကို ၀န်ကြီး ဌာနက တရားစွဲဆိုထားကြောင်း သတင်းရရှိသည်။

‘‘အချိန်ပိုစေခိုင်းလို့ ခွင့်ပြု ချက်မတောင်းဘဲ အလုပ်ပိတ်တဲ့ စက်ရုံတွေ ငါးရုံကို တရားစွဲထား တယ်။ ထုံးစံအတိုင်းဥပဒေကအ ဟောင်းဖြစ်နေတော့ ထောင်ဒဏ် သုံးလနဲ့ ငွေဒဏ်ပဲဖြစ်နေတယ်။ ဆုံးဖြတ်တာတော့ တရားသူကြီးပဲ ဆုံးဖြတ်ရမှာလေ။ အခု ဥပဒေတွေလည်းပြင်နေပါတယ်’’ ဟု ညွှန် ကြားရေးမှူးချုပ် ဦးဝင်းရှိန်က ပြောသည်။

လက်ရှိအစိုးရက အဓမ္မခိုင်း စေခြင်းနှင့် ဥပဒေများကို လေးစားလိုက်နာရန် အသိပညာပေးဟောပြောပွဲများ၊ စစ်ဆေးဆောင်ရွက်မှု များပြုလုပ်လာသည်။ သို့သော် အလုပ်ရှင်များဘက်မှ လေးစား လိုက်နာမှု အားနည်းလျက်ရှိသေး ကြောင်း သတင်းရရှိသည်။

အစိုးရ ပြဋ္ဌာန်းထားသည့် ဥပဒေအရ အလုပ်သမားတစ်ဦး ကို တစ်ရက်လျှင် အလုပ်ချိန် ရှစ် နာရီခိုင်းစေရမည်ဖြစ်သော်လည်း စက်ရုံအချို့မှာ သတ်မှတ်ချိန် ထက်ကျော်လွန် ခိုင်းစေလျက်ရှိ သည်။ ထို့အပြင် စက်ရုံပိတ်သိမ်းမည်ဆိုပါက သက်ဆိုင်ရာအလုပ်သမားဝန်ကြီးဌာနထံ တစ်လကြိုတင်ခွင့်ပြုချက် တောင်းခံရမည် ဖြစ်သော်လည်း  ခွင့်ပြုချက်တောင်းခံခြင်းမရှိဘဲ ကိုရီးယားအလုပ်ရှင် မှ ထွက်ပြေးခဲ့၍ လုပ်သား ရှစ်ရာကျော် ဇူလိုင် ၁၇ ရက်က ကိုရီးယားသံရုံးရှေ့သို့ လမ်းလျှောက်ချီတက်ဆန္ဒပြတောင်းဆိုခဲ့သည်။

ထို့ကြောင့်ဥပဒေချိုးဖောက် ပြီး စက်ရုံပိတ်သိမ်းခဲ့သည့် ကိုရီး ယားအလုပ်ရှင်ကို အရေးယူရန် လုပ်သားရှစ်ရာကျော်က ကိုရီး ယားသံရုံးရှေ့၌ ဆန္ဒပြတောင်းဆို ခဲ့သည့်နေ့မှာပင် အလုပ်သမား ၀န်ကြီးဌာနမှ ပုဒ်မ လေးခုဖြင့် လှိုင်သာယာမြို့နယ်တရားရုံးတွင် တရားစွဲဆိုခဲ့သည်။

‘‘အစိုးရအနေနဲ့ အလုပ်ရှင် ကိုတရားစွဲဖို့ ခဲယဉ်းတယ်။ အလုပ်သမားတစ်ယောက်ကို ထောင်ချတာလွယ်ပေမယ့် အလုပ်ရှင်ကို ထောင်ချဖို့ သူတို့အတွက်ခဲယဉ်းတယ်။ တရားစွဲတယ်ဆိုတာ လည်း အချိန်အကြာကြီးခေါ် ဖြေရှင်းလို့မရတော့တဲ့ အခြေအနေမှ တရားစွဲတာ။ အစိုးရအနေနဲ့ ဖြေရှင်းဆောင်ရွက်တဲ့အခါ အားပျော့သေးတယ်’’ ဟု မာစတာစပေါ့ပ် ဖိနပ်စက်ရုံမှ အလုပ်သမားခေါင်းဆောင် ဦးထွန်းနိုင်ကပြောသည်။

ထို့အပြင် အလုပ်သမားအ ရေးဆောင်ရွက်သူ ရှေ့နေ ဦးဌေး က ‘‘အလုပ်အချိန်ပိုတွေခိုင်းလို့ အရေးယူမယ်ဆိုတာ ကြာလှပါ ပြီ။ လက်တွေ့မှာ အရေးမယူခဲ့လို့ စာတင်ခဲ့တာလည်း ကြာပါပြီ။ အခုလို အရေးယူတာကောင်းပါ တယ်။ ဒါမှာလည်း အလုပ်ရှင်က လိုက်နာလာမှာပါ။ အလုပ်သမား တွေက ဥပဒေကို အားကိုးမှ အုံ ကြွမှုမဖြစ်မှာပါ’’ဟု သုံးသပ်ပြော သည်။

ထို့အပြင် ၎င်းက လက်ရှိ တွင် အငြင်းပွားမှုဖြေရှင်းသည့် အခါ ခုံသမာဓိက အလုပ်ရှင်၊ မန်နေဂျာတို့ကို အရေးယူတရား စွဲရန် အမိန့်ချမှတ်ခဲ့သော်လည်း လက်တွေ့တွင် တရားစွဲဆိုမှုမရှိ သေးဘဲ ကြန့်ကြာလျက်ရှိနေသေး သောကြောင့် အစိုးရအနေဖြင့် အရေးယူဆောင်ရွက်မှုအပိုင်း အားနည်းကြောင်းပြောသည်။

တရားစွဲခံရသည့် စက်ရုံများ ကို ၁၉၅၀ ပြည့်နှစ် အလုပ်ရုံအက် ဥပဒေတို့ဖြင့် အမှုဖွင့်တရားစွဲဆို ခဲ့ခြင်းဖြစ်ပြီး ပြစ်မှုပြစ်ဒဏ်အရ ယင်းပြဋ္ဌာန်းချက်တွင် အမြင့်ဆုံး ငွေဒဏ် ကျပ်ငါးသောင်းထိသာဖြစ်သည်။ ဥပဒေချိုးဖောက်သော အလုပ်ရှင်များကို စစ်ဆေးတွေ့ ရှိပါက ဦးစွာခံဝန်ကတိရေးထိုး ခိုင်းပြီး ထပ်မံချိုးဖောက်ပါက တရားစွဲဆိုခံရမည်ဟု ထုတ်ပြန် ညွှန်ကြားထားသည်။

7Day DAILY 

No comments:

Post a Comment