Monday 21 July 2014

မန္တလေးတွင် လွတ်လပ်သော သတင်းသမားများသမဂ္ဂ ဖွဲ့စည်းမည်

Photo: မန္တလေးတွင် လွတ်လပ်သော သတင်းသမားများသမဂ္ဂ ဖွဲ့စည်းမည်
Monday, July 21, 2014

အထက်မြန်မာပြည် သတင်းမီဒီယာလုပ်ငန်း အခြေစိုက်ရာ မြို့ကြီးဖြစ်သော မန္တလေးမြို့တော်တွင် သတင်းမီဒီယာလုပ်ငန်း လုပ်ကိုင်သည့် သတင်းသမားများအရေး ဆောင်ရွက်ရန် လွတ်လပ်သော သတင်းသမားများသမဂ္ဂ အဖွဲ့ကို ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း မန္တလေးမြို့ အခြေစိုက် သတင်းသမားများထံမှ သိရှိရသည်။

အဆိုပါသမဂ္ဂကို သတင်းမီဒီယာအပေါ် ဖိနှိပ်မှုရပ်တန့်ရေး၊ သတင်းလွတ်လပ်ခွင့် ရရှိရေး၊ သတင်းသမားများ အကျိုးစီးပွား ကာကွယ်ရေး စသည့် အချက်များဖြင့် ဖွဲ့စည်းရန် ရည်ရွယ်ကြောင်း ယင်းသမဂ္ဂ ဖွဲ့စည်းရေး ကော်မတီထံမှ သိရှိရသည်။

ယင်းသမဂ္ဂကို ဖွဲ့စည်းရေးအတွက် မန္တလေးမြို့ခံ သတင်းသမားများ အများစု ပါဝင်သော ဆွေးနွေးပွဲအရ ရွေးချယ်ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း မန္တလေးခေတ်ဂျာနယ် အယ်ဒီတာချုပ် ဦးမင်းဒင်က ပြောကြားသည်။

အဆိုပါ လွတ်လပ်သော သတင်းသမားများသမဂ္ဂ ဖွဲ့စည်းရေးကော်မတီကို ဇူလိုင်လ ၂၀ ရက်နေ့တွင် ပြည်ကြီးတံခွန်မြို့နယ် ရတနာပုံတက္ကသိုလ် လမ်းပေါ်ရှိ ဗေဒါသင်တန်းကျောင်း၌ ဖွဲ့စည်းခဲ့ပြီး မန္တလေးအခြေစိုက် BBC၊ DVB၊ မန္တလေးခေတ်၊ ပဲ့တင်သံ၊ မြန်မာတိုင်းမ်၊ မဇ္ဈိမ၊ အဓိပတိ၊ The Voice၊ True News နှင့် ဧရာဝတီ သတင်းဌာနတို့မှ သတင်းထောက်များ တက်ရောက် ဖွဲ့စည်းခဲ့ကြသည်။

ယင်းမြို့တွင်ပင် မန္တလေးမြို့တော် မဟာအောင်မြေမြို့နယ် ၄၂ လမ်း မနော်ယမံကွင်းရှိ ပြည်သူ့ဟစ်တိုင်ကွင်း၌ နံနက် ၉ နာရီမှ ၁၁ နာရီ ၃၀ မိနစ်အထိ ပြုလုပ်သော မီဒီယာဖိနှိပ်မှု ရပ်ဆိုင်းရေး ဆန္ဒထုတ်ဖော်ပွဲလည်း ပြုလုပ်ခဲ့ပြီး မြို့ခံသတင်းထောက် တစ်ဦးသည် ကင်မရာကိုင်ပေါက်၍ ဆန္ဒထုတ်ဖော်ခဲ့ကြောင်း မြို့ခံသတင်းသမားများထံမှ သိရှိရသည်။

အဆိုပါ ဆန္ဒဖော်ထုတ်ပွဲတွင် မန္တလေး၊ မုံရွာ၊ ပခုက္ကူမြို့တို့မှ သတင်းသမား ၄၀ ဦးခန့် တက်ရောက်ခဲ့ပြီး ယူနတီဂျာနယ်မှ သတင်းထောက်များကို အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်အထိ ပြစ်ဒဏ်ချမှတ်ခြင်းကို ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြသည်။

The Voice Weekly
အထက်မြန်မာပြည် သတင်းမီဒီယာလုပ်ငန်း အခြေစိုက်ရာ မြို့ကြီးဖြစ်သော မန္တလေးမြို့တော်တွင် သတင်း မီဒီယာ လုပ်ငန်း လုပ်ကိုင်သည့် သတင်းသမားများအရေး ဆောင်ရွက်ရန် လွတ်လပ်သော သတင်း သမားများ သမဂ္ဂ အဖွဲ့ကို ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း မန္တလေးမြို့ အခြေစိုက် သတင်းသမားများထံမှ သိရှိရ သည်။

အဆိုပါသမဂ္ဂကို သတင်းမီဒီယာအပေါ် ဖိနှိပ်မှုရပ်တန့်ရေး၊ သတင်းလွတ်လပ်ခွင့် ရရှိရေး၊ သတင်းသမား များ အကျိုးစီးပွား ကာကွယ်ရေး စသည့် အချက်များဖြင့် ဖွဲ့စည်းရန် ရည်ရွယ်ကြောင်း ယင်းသမဂ္ဂ ဖွဲ့စည်းရေး ကော်မတီထံမှ သိရှိရသည်။

ယင်းသမဂ္ဂကို ဖွဲ့စည်းရေးအတွက် မန္တလေးမြို့ခံ သတင်းသမားများ အများစု ပါဝင်သော ဆွေးနွေးပွဲအရ ရွေးချယ်ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း မန္တလေးခေတ်ဂျာနယ် အယ်ဒီတာချုပ် ဦးမင်းဒင်က ပြောကြားသည်။

အဆိုပါ လွတ်လပ်သော သတင်းသမားများသမဂ္ဂ ဖွဲ့စည်းရေးကော်မတီကို ဇူလိုင်လ ၂၀ ရက်နေ့တွင် ပြည်ကြီး တံခွန်မြို့နယ် ရတနာပုံတက္ကသိုလ် လမ်းပေါ်ရှိ ဗေဒါသင်တန်းကျောင်း၌ ဖွဲ့စည်းခဲ့ပြီး မန္တလေး အခြေစိုက် BBC၊ DVB၊ မန္တလေးခေတ်၊ ပဲ့တင်သံ၊ မြန်မာတိုင်းမ်၊ မဇ္ဈိမ၊ အဓိပတိ၊ The Voice၊ True News နှင့် ဧရာဝတီ သတင်းဌာနတို့မှ သတင်းထောက်များ တက်ရောက် ဖွဲ့စည်းခဲ့ကြသည်။

ယင်းမြို့တွင်ပင် မန္တလေးမြို့တော် မဟာအောင်မြေမြို့နယ် ၄၂ လမ်း မနော်ယမံကွင်းရှိ ပြည်သူ့ဟစ်တိုင် ကွင်း၌ နံနက် ၉ နာရီမှ ၁၁ နာရီ ၃၀ မိနစ်အထိ ပြုလုပ်သော မီဒီယာဖိနှိပ်မှု ရပ်ဆိုင်းရေး ဆန္ဒထုတ်ဖော် ပွဲလည်း ပြုလုပ်ခဲ့ပြီး မြို့ခံသတင်းထောက် တစ်ဦးသည် ကင်မရာကိုင်ပေါက်၍ ဆန္ဒထုတ်ဖော်ခဲ့ကြောင်း မြို့ခံသတင်းသမားများထံမှ သိရှိရသည်။

အဆိုပါ ဆန္ဒဖော်ထုတ်ပွဲတွင် မန္တလေး၊ မုံရွာ၊ ပခုက္ကူမြို့တို့မှ သတင်းသမား ၄၀ ဦးခန့် တက်ရောက်ခဲ့ပြီး ယူနတီဂျာနယ်မှ သတင်းထောက်များကို အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်အထိ ပြစ်ဒဏ်ချမှတ်ခြင်းကို ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြသည်။

The Voice Weekly 

No comments:

Post a Comment