Monday 21 July 2014

မန္တလေးကျုံးဘေး လမ်းတစ်လျှောက်ရှိ အဆောက်အအုံများ ၄၆ ပေ အမြင့်ထိသာ ဆောက်လုပ် ခွင့် ပြုမည်

Photo: မန္တလေးကျုံးဘေး လမ်းတစ်လျှောက်ရှိ အဆောက်အအုံများ ၄၆ ပေ အမြင့်ထိသာ ဆောက်လုပ် ခွင့် ပြုမည်
Monday,July 21, 2014 

မန္တလေးမြို့ ကျုံးဘေးလမ်း တစ်လျှောက် ရှိ အဆောက်အအုံများ အမြင့်ဆုံး ထားရှိနိုင်မည့် အမြင့်ကို သတ်မှတ်နိုင်ရန် အတွက် မန္တလေးတိုင်း ဒေသကြီး အစိုးရ အဖွဲ့ရုံး၌ ဇူလိုင် တတိယပတ် အတွင်းက ဆွေးနွေး ညှိနှိုင်းခဲ့ရာ ကျုံးမြို့ရိုးဘေးရှိ မြေပြင်အမြင့် BM (ညွှန်းကိန်း)ကို ပင်လယ်ရေ မျက်နှာပြင်အထက် ပျမ်းမျှအမြင့် (MSL) ၂၅၂ ပေရှိသည့် အရပ်များမှ ၁၄ ဒီဂရီ တိုင်းတာ သတ်မှတ်ခဲ့သည်။

ထိုသို့ သတ်မှတ်သဖြင့် ကျုံးရှေ့ လမ်းဘေးကပ်လျက် အဆောက်အအုံများသည် ၄၆ ပေ အမြင့်အထိ ဆောက်လုပ်နိုင်မည် ဖြစ်ပြီး ၎င်းနောက်ပိုင်းရှိ အဆောက်အအုံများသည် အချိုးကျ မြင့်တက် ဆောက်လုပ်နိုင်မည် ဖြစ်သည်။ ထိုသို့ တွက်ချက်မှုများသည် ပညာရှင်များ ပါဝင်သော အဖွဲ့၏ လေ့လာ သုံးသပ်ချက်များအပေါ် အခြေခံ သတ်မှတ်ခြင်း ဖြစ်ကြောင်း သိရသည်။

မြ၀တီ
မန္တလေးမြို့ ကျုံးဘေးလမ်း တစ်လျှောက် ရှိ အဆောက်အအုံများ အမြင့်ဆုံး ထားရှိနိုင်မည့် အမြင့်ကို သတ်မှ တ်နိုင်ရန် အတွက် မန္တလေးတိုင်း ဒေသကြီး အစိုးရ အဖွဲ့ရုံး၌ ဇူလိုင် တတိယပတ် အတွင်းက ဆွေးနွေး ညှိနှိုင်းခဲ့ရာ ကျုံးမြို့ရိုးဘေးရှိ မြေပြင်အမြင့် BM (ညွှန်းကိန်း)ကို ပင်လယ်ရေ မျက်နှာပြင်အထက် ပျမ်းမျှ အမြင့် (MSL) ၂၅၂ ပေရှိသည့် အရပ်များမှ ၁၄ ဒီဂရီ တိုင်းတာ သတ်မှတ်ခဲ့သည်။

ထိုသို့ သတ်မှတ်သဖြင့် ကျုံးရှေ့ လမ်းဘေးကပ်လျက် အဆောက်အအုံများသည် ၄၆ ပေ အမြင့်အထိ ဆောက် လုပ်နိုင်မည် ဖြစ်ပြီး ၎င်းနောက်ပိုင်းရှိ အဆောက်အအုံများသည် အချိုးကျ မြင့်တက် ဆောက် လုပ်နိုင်မည် ဖြစ်သည်။ ထိုသို့ တွက်ချက်မှုများသည် ပညာရှင်များ ပါဝင်သော အဖွဲ့၏ လေ့လာ သုံးသပ်ချက်များအပေါ် အခြေခံ သတ်မှတ်ခြင်း ဖြစ်ကြောင်း သိရသည်။

မြ၀တီ 

No comments:

Post a Comment