Monday 21 July 2014

ရခိုင်အမျိုးသားပါတီ ခေါင်းဆောင်ရွေးရန် ငပလီတွင် ညီလာခံ ကျင်းပမည်

ရခိုင်အင်အားကြီး နိုင်ငံရေးပါတီ နှစ်ခုကို ပူးပေါင်းထားသည့် ရခိုင်အမျိုးသားပါတီ (ANP) ခေါင်းဆောင် ရွေးချယ်ရန် ညီလာခံကို စက်တင်ဘာလတွင် ငပလီကမ်းခြေတွင် ကျင်းပမည် ဖြစ်ကြောင်း ANP ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဦးလှစောက ပြောကြားသည်။

ယင်းညီလာခံတွင် ပါတီခေါင်းဆောင် ရွေးရန်၊ ကြားဖြတ်နှင့် ၂၀၁၅ ရွေးကောက်ပွဲတို့တွင် ပါဝင်ယှဉ်ပြိုင် မည့် ကိစ္စ၊ ပါတီ မူဝါဒများကို အဓိကထား ဆွေးနွေးမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

သြဂုတ်လတွင် ရခိုင်အမျိုးသားပါတီ မြို့နယ်အဆင့် ညီလာခံများကို ကျင်းပကာ ကိုယ်စားလှယ် ရွေးချယ်မည် ဖြစ်ပြီး တစ်မြို့နယ်က ငါးဦး၊ ခရိုင်မြို့ ဖြစ်ပါက ခုနစ်ဦး၊ စစ်တွေနှင့် ရန်ကုန်မြို့များကို သီးခြား ဖိတ်ကြားမည် ဖြစ်ကြောင်း ဦးဦးလှစောက ပြောဆိုသည်။

ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ဖက်ဒရယ်နိုင်ငံသစ် ထူထောင်နိုင်ရေး အပေါ် မူတည်ကာ မူဝါဒများကို ရေးဆွဲမည် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ရခိုင်အမျိုးသားပါတီကို ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) နှင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) တို့ ပူးပေါင်း ဖွဲ့စည်းထားခြင်း ဖြစ်သည်။

The Voice Weekly 

No comments:

Post a Comment