Monday 21 July 2014

ဝါဆိုမိုးဦးရဲ့ အသက် ၂ဝပြည့်မွေးနေ့ ဘယ်လောက်ခမ်းနားအောင် လုပ်ခဲ့လဲ

Photo: မိုးသည်းထန်မှုကြောင့် ရေကြီးမှုအခြေအနေ ဆိုးသည်ထက်ဆိုးလာနိုင်
Monday,July 21, 2014

၂၀၁၃ ခုနှစ်၊ ဩဂုတ် ၃၀ ရက်က ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် ရေကြီးမှုကြုံနေရသည့် ကျေးရွာတစ်ရွာအား တွေ့ရစဉ်။ ဓာတ်ပုံ- ဟောင်ဆာ

လာမည့်ရက် သတ္တတစ်ပတ်အတွင်း မြန်မာနိုင်ငံအောက်ပိုင်းဒေသများတွင် မိုးပိုလာနိုင်ပြီး ရေကြီးမှုအခြေအနေများလည်း ဆိုးသည်ထက်ဆိုးလာနိုင်ကြောင်း မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က ပြောသည်။

“ရေကြီးမှုအခြေအနေတွေကတော့ ဆိုးသည်ထက် ဆိုးလာနိုင်တာကိုတော့ အထူးသတိပြုကြစေလိုပါတယ်”ဟုလည်း သူ၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

တောင်အာရှဒေသများတွင်ရှိသည့် အာရေဘီယံပင်လယ်၊ ဘင်္ဂလားပင်လယ်အော်၊ တရုတ်ပင်လယ်များ၏ အရှေ့အနောက် ဆက်စပ်မှုများတွင် မိုးကြိုကာလ နှင်မိုးဦးကာလတွင် ဖြစ်တတ်သည့် အာရေဘီယံနှင့် ဘင်္ဂလားပင်လယ်အော်တို့၏ ဆက်စပ်မှု၊ မိုးနှောင်း၊ မိုးလွန်ကာလများတွင် ဖြစ်တတ်သည့် ဘင်္ဂလားပင်လယ်အော်နှင့်တရုတ်ပင်လယ်တို့၏ ဆက်စပ်မှုများ စိုးမိုးတတ်သည်။ ယခုအချိန်တွင် မြန်မာနိုင်ငံ၌ ဘင်္ဂလားပင်လယ်အော်နှင့် တရုတ်ပင်လယ်တို့၏ ဆက်စပ်မှုများ အားကောင်းနေချိန်ဖြစ်ပြီးလာမည့် သီတင်းပတ်အတွက် ထိုဘင်္ဂလားပင်လယ်အော်နှင့် တရုတ်ပင်လယ်တို့၏ ဆက်စပ်မှုများကြောင့် မြန်မာနိုင်ငံတွင် မိုးပိုလာနိုင်ကြောင်း ၎င်းက ဖော်ပြထားသည်။

“ရေကြီးတာကတော့ ဧရာဝတီ၊ ပဲခူး၊ ရန်ကုန်တိုင်း ဒေသကြီးနဲ့ မွန်ပြည်နယ်မှာတော့ မိုးကြီးမယ်။ မိုးလယ်ကာလ မုတ်သုံမိုးကြောင့် မိုးပိုလာနိုင်တယ်” ၎င်းက မဇ္ဈိမ၏ ဆက်သွယ်မေးမြန်းမှုကို ဖြေကြားသည်။

ဇူလိုင်လ ၂၀ ရက် မွန်းလွဲ ၂ နာရီ အချိန် ထုတ်ပြန်ချက်တွင် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့၌ မုတ်သုံလေအား အလွန်ကောင်းနေသည်ဟု မိုး/ဇလက ထုတ်ပြန်ထားသည်။ ထို့ပြင် မြန်မာ့ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးနိုင်ကာ မိုးသက်လေပြင်းကျစဉ် ရေပြင်/ မြေပြင်သည် တစ်နာရီလျှင်မိုင် (၄၀) အထိ တိုက်ခတ်နိုင်သည် ဟုဆိုသည်။

ဇူလိုင်လ ၂၀ ရက်နေ့ နံနက် ၉ နာရီ အချိန် တိုင်းထွာချက်များအရ လွန်ခဲ့သော၂၄ နာရီအတွင်း ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ပဲခူးတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်တို့၌ နေရာ ကွက်ပြီး မိုးကြီးခဲ့သည်။

ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ကချင်ပြည်နယ်ရှိ မြစ်ကြီးနား-ပူတာအို-ဆွမ်ပရာဘွမ်ကား လမ်းပျက်စီး၍ ခရီးသွားကြန့်ကြာမှုများ ဖြစ်ပေါ်လျက်ရှိသည်ဟု ကချင်ပြည်နယ် အစိုးရအဖွဲ့လူမှုရေးဝန်ကြီး ဒေါ်ဘောက်ဂျာက မဇ္ဈိမကို ဇူလိုင် ၂၀ တွင် ပြောသည်။

“မြစ်ကြီးနားကနေ ဆွမ်ပရာဘွမ်ကို အမှန်တကယ်က တစ်ရက်ခရီးပဲသွားရတယ်။ အခု လမ်းတွေ ပျက်စီးပြီး သုံးရက်လောက်သွားရတယ်”ဟု ဆိုသည်။

ပဲခူးဒေသခံ ဦးဝင်းမြင့်က “ပဲခူးမြို့ပေါ် ရပ်ကွက်တွေမှာတော့ အဲလောက် ရေမကြီးဘူး။ ဆင်ခြေဖုံးတွေ၊ ရေမြောင်းမရှိတဲ့ ရပ်ကွက်တွေ၊ ပဲခူးတိုင်းဒေသကြီးအနီးက ရွာတွေမှာတော့ ရေတွေလျှံကြတယ်”ဟု ပြောသည်။

Mizzima - News in Burmese 

၂၀၁၃ ခုနှစ်၊ ဩဂုတ် ၃၀ ရက်က ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် ရေကြီးမှုကြုံနေရသည့် ကျေးရွာတစ်ရွာအား တွေ့ရစဉ်။ ဓာတ်ပုံ- ဟောင်ဆာ 
အသက် ၂ဝပြည့်မွေးနေ့ကို မင်္ဂလာဆောင်အခမ်းအနားလောက်နီးနီး စီစဉ်ခဲ့တဲ့ ဝါဆိုမိုးဦးရဲ့ မွေးနေ့ပွဲကို ဇူလိုင် ၁၉ရက်နေ့က ဆီဒိုးနား ဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။ အနုပညာလောကသားတွေ အများအပြား တက်ရောက် ခဲ့တဲ့ ဝါဆိုမိုးဦးရဲ့မွေးနေ့ ဘယ်လောက်ခမ်းနားကြီးကျယ်ခဲ့သလဲ။

သူ့ကိုချစ်တဲ့ ပရိသတ်တွေ သူ့မွေးနေ့ပွဲကိုကြည့်ပြီး ထပ်တူထပ်မျှ ပျော်ရွှင်မယ်လို့ မျှော်လင့်ပါတယ်လို့ ပြော လာ သူက ဝါဆိုမိုးဦးပါ။ ပရိသတ်ချစ်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ချင်တယ်ဆိုတဲ့ဆု သူတောင်းချင် ပါတယ်လို့လည်း ပြောပါတယ်။

ဇူလိုင် ၂၇ရက်နေ့မှာမှ အသက် ၂ဝတကယ့်ပြည့်မယ့် မွေးနေ့ပွဲကို အဆိုတော် အိမ့်ချစ်၊ Ar-T၊ အစ္စဏီ၊ စန္ဒီမြင့်လွင်၊ ဒိန်းဒေါင်၊ ခင်လှိုင် တို့က သီချင်းတွေနဲ့ ဖျော်ဖြေခဲ့သလို ဒါရိုက်တာ မောင်မျိုးမင်း၊ နေတိုး၊ ကျော်ကျော်ဗိုလ်တို့ကလည်း မွေးနေ့ဆုတောင်းစကားတွေ ပြောခဲ့ပါတယ်။

ဝါဆိုမိုးဦး အောင်မြင်မှုထိပ်ဆုံးမှာ အမြဲတမ်းရှိနေစေဖို့၊ အသက် ၂ဝပြည့်မွေးနေ့မှသည် နှစ်ပေါင်းများစွာ အနုပညာနယ်ပယ်မှာ အောင်မြင်သူအဖြစ် ရပ်တည်နိုင်ဖို့ အဆိုတော် ရတနာမိုင်နဲ့ ရဲရင့်အောင်တို့ကလည်း ဆုတောင်းပေးခဲ့ပါတယ်။

သူ့မွေးနေ့ပွဲမှာ ပရိသတ်တွေပါဝင်နိုင်ဖို့အတွက် ဝါဆိုမိုးဦးရဲ့ Facebook စာမျက်နှာမှာ မေးထားတဲ့ မေးခွန်း ၁ဝခုကို အမှန်ဖြေနိုင်သူ ပရိသတ် ၁ဝယောက်ကို မဲနှိုက်ပြီး လက်ဆောင်တွေပေးဖို့စီစဉ်ခဲ့ပြီး တကယ် တက်ရောက်လာတဲ့ ၇ယောက်ကိုတော့ အဝတ်လျှော်စက်၊ ရေပူရေအေးစက်၊ ရေခဲသေတ္တာနဲ့ DVD Player ၄လုံးကို လက်ဆောင်ပေးခဲ့ပါတယ်။

Kamayut Media 

No comments:

Post a Comment