Monday 21 July 2014

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ မြန်မာရွှေ့ပြောင်း လုပ်သားများ သတင်းပို့ ကောင်တာ ဖွင့်လှစ်

Photo: ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ မြန်မာရွှေ့ပြောင်း လုပ်သားများ သတင်းပို့ ကောင်တာ ဖွင့်လှစ်
Monday,July 21, 2014  

အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနမှ ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ်ရှိ Lobby ပြည်ပထွက်ခွာခန်းမ (Departure)နှင့် ပြည်ပဆိုက် ရောက်ခန်း မArrival Lobby) တို့တွင် မြန်မာရွှေ့ပြောင်းလုပ်သားများ သတင်းပို့ကောင်တာ(Myanmar Migrant Workers' Reporting Counter) တစ်ခုစီအား ယနေ့ မွန်းလွဲ ၂ နာရီခွဲတွင် ဖွင့်လှစ်ခဲ့သည်။

''မြန်မာရွှေ့ပြောင်း လုပ်သားတွေ တရားမဝင် သွားရောက်အလုပ်လုပ်ကိုင်မှု လျော့နည်း ပပျောက်စေဖို့နဲ့ ရွှေ့ပြောင်းလုပ်သား များရဲ့ အခွင့်အရေးအပြည့် အဝရရှိဖို့ဖြစ်ပါတယ်။ ဒါ့အပြင် ကာကွယ်စောင့်ရှောက်မှုကို တိုးမြှင့်ပေးနိုင်ရေးနဲ့ ပြည်ပထွက်ခွာနဲ့ ဆိုက်ရောက် တွေမှာနေ့စဉ် ဝင်ထွက်သွားလာ နေတဲ့လုပ်သား ကျား/မစာရင်းကို အတိအကျဖို့နဲ့ အခြား သတင်း အချက်အလက်တွေကို စုဆောင်းနိုင်ဖို့ ဖြစ်ပါတယ်''ဟု အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာန အစိုးရပြည်ပအလုပ်အကိုင် အေဂျင်စီမှ တာဝန်ရှိသူတစ်ဦး ကပြော ကြားသည်။

အဆိုပါ သတင်းပို့ကောင်တာတွင် အလုပ် သမားများသိသင့်သည့် အချက်အလက်များ အား ရှင်းလင်း ဆွေးနွေးခြင်းနှင့် ရွှေ့ပြောင်း လုပ်သားများ၏ အလုပ်အကိုင်နှင့် ပတ်သက်သည့် အချက်အလက်များ၊ နိုင်ငံများ၊ သက်ဆိုင်ရာ နိုင်ငံများ၏ ခေါ်စာနှင့်ဆက်သွယ်ရ မည့်လိပ်စာ များအား အချက်အလက်ပြည့်စုံစွာ သတင်းပို့ခြင်းနှင့် ဖောင်ပုံစံများအား ဖြည့်စွက် ရမည် ဖြစ်သည်။ ထို့ပြင် ကောင်တာမှ သက်ဆိုင်ရာနိုင်ငံများရှိ မြန်မာသံရုံး ဖုန်းနံပါတ်များ၊ သက်ဆိုင်ရာ နိုင်ငံအသီးသီး၏ ဥပဒေနှင့် ယဉ်ကျေးမှု ဓလေ့ထုံးစံများ၊ ဆောင်ရန်၊ ရှောင်ရန်များနှင့် ထွက်ခွာမည့်ရွှေ့ပြောင်း လုပ်သားများ၏ သက်ဆိုင်ရာ အလုပ်သမား သံအရာရှိ ဖုန်းနံပါတ်များနှင့် သတိပေးလက် ကမ်းစာစောင်များကို ဖြန့်ဝေပေးသွားမည် ဖြစ်သည်။

အဆိုပါ ဖွင့်ပွဲသို့ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ပြည် ထောင်စု ဝန်ကြီး ဦးအေးမြင့်၊ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ ဒုတိယဝန်ကြီး၊ ပြည်ပ အလုပ်လုပ်ကိုင်မှုကြီးကြပ်ရေး ကော်မတီဝင်များ၊ ပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ်မှ ကိုယ်စားလှယ်များ၊ILO, IOM World Visionတို့မှ ကိုယ်စားလှယ်များနှင် HRD Korea မှ ဌာနေ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

ထိုဖွင့်ပွဲနှင့်အတူ အစိုးရပြည်ပ အလုပ်အကိုင် အေဂျင်စီမှ ကိုရီးယား သမ္မတနိုင်ငံသို့ မြန်မာ ရွှေ့ပြောင်းလုပ်သား ၃၉ ဦးအား စေလွှတ်ခဲ့ရာ ပြည်ထောင်စု ဝန်ကြီး ဦးအေးမြင့်နှင့် အဖွဲ့ဝင်များက ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် ခဲ့ကြောင်းသိရသည်။

မောင်မျိုး(ဧရာဝတီ)
အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ်ရှိ Lobby ပြည်ပထွက်ခွာခန်းမ (Departure)နှင့် ပြည်ပဆိုက်ရောက်ခန်းမ Arrival Lobby) တို့တွင် မြန် မာရွှေ့ပြောင်း လုပ်သားများ သတင်းပို့ကောင်တာ(Myanmar Migrant Workers' Reporting Counter) တစ်ခုစီအား ယနေ့ မွန်းလွဲ ၂ နာရီခွဲတွင် ဖွင့်လှစ်ခဲ့သည်။

''မြန်မာရွှေ့ပြောင်း လုပ်သားတွေ တရားမဝင် သွားရောက်အလုပ်လုပ်ကိုင်မှု လျော့နည်း ပပျောက်စေဖို့နဲ့ ရွှေ့ပြောင်းလုပ်သား များရဲ့ အခွင့်အရေးအပြည့် အဝရရှိဖို့ဖြစ်ပါတယ်။ ဒါ့အပြင် ကာကွယ်စောင့်ရှောက်မှု ကို တိုးမြှင့်ပေးနိုင်ရေးနဲ့ ပြည်ပထွက်ခွာနဲ့ ဆိုက်ရောက် တွေမှာနေ့စဉ် ဝင်ထွက်သွားလာ နေတဲ့လုပ်သား ကျား/မစာရင်းကို အတိအကျဖို့နဲ့ အခြား သတင်း အချက်အလက်တွေကို စုဆောင်းနိုင်ဖို့ ဖြစ်ပါတယ်''ဟု အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာန အစိုးရပြည်ပအလုပ်အကိုင် အေဂျင်စီမှ တာဝန်ရှိသူတစ်ဦး ကပြော ကြားသည်။

အဆိုပါ သတင်းပို့ကောင်တာတွင် အလုပ် သမားများသိသင့်သည့် အချက်အလက်များ အား ရှင်းလင်း ဆွေးနွေးခြင်းနှင့် ရွှေ့ပြောင်း လုပ်သားများ၏ အလုပ်အကိုင်နှင့် ပတ်သက်သည့် အချက်အလက်များ၊ နိုင်ငံများ၊ သက်ဆိုင်ရာ နိုင်ငံများ၏ ခေါ်စာနှင့်ဆက်သွယ်ရ မည့်လိပ်စာ များအား အချက်အလက်ပြည့်စုံစွာ သတင်းပို့ခြင်းနှင့် ဖောင်ပုံစံများအား ဖြည့်စွက် ရမည် ဖြစ်သည်။ ထို့ပြင် ကောင်တာမှ သက်ဆိုင် ရာနိုင်ငံ များရှိ မြန်မာသံရုံး ဖုန်းနံပါတ်များ၊ သက်ဆိုင်ရာ နိုင်ငံအသီးသီး၏ ဥပဒေနှင့် ယဉ်ကျေးမှု ဓလေ့ထုံးစံများ၊ ဆောင်ရန်၊ ရှောင်ရန်များနှင့် ထွက်ခွာမည့်ရွှေ့ပြောင်း လုပ်သားများ၏ သက်ဆိုင်ရာ အလုပ်သမား သံအရာရှိ ဖုန်းနံပါတ်များနှင့် သတိပေးလက် ကမ်းစာစောင်များကို ဖြန့်ဝေပေးသွားမည် ဖြစ်သည်။

အဆိုပါ ဖွင့်ပွဲသို့ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ပြည် ထောင်စု ဝန်ကြီး ဦးအေးမြင့် ၊ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ ဒုတိယဝန်ကြီး၊ ပြည်ပ အလုပ်လုပ် ကိုင်မှု ကြီးကြပ်ရေး ကော်မတီဝင်များ၊ ပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ်မှ ကိုယ်စားလှယ်များ၊ILO, IOM World Visionတို့မှ ကိုယ်စားလှယ်များနှင် HRD Korea မှ ဌာနေ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

ထိုဖွင့်ပွဲနှင့်အတူ အစိုးရပြည်ပ အလုပ်အကိုင် အေဂျင်စီမှ ကိုရီးယား သမ္မတနိုင်ငံသို့ မြန်မာ ရွှေ့ပြောင်း လုပ်သား ၃၉ ဦးအား စေလွှတ်ခဲ့ရာ ပြည်ထောင်စု ဝန်ကြီး ဦးအေးမြင့်နှင့် အဖွဲ့ဝင်များက ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် ခဲ့ကြောင်းသိရသည်။

မောင်မျိုး(ဧရာဝတီ)

No comments:

Post a Comment