Monday 21 July 2014

ခေါင်းဖြတ်လူသတ်မှုကြောင့် သေဒဏ်ချမှတ်ခံခဲ့ရသူသုံးဦး တရားလွှတ်တော်ရုံးချုပ်သို့ အယူခံဝင်

တွံတေးမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် ခေါင်းဖြတ်လူ သတ်မှုတွင် ပြစ်မှုကျူးလွန်သူသုံး ဦးကို တောင်ပိုင်း ခရိုင် တရားရုံးက သေဒဏ်ချမှတ်ခဲ့၍ နေပြည်တော် တရားလွှတ်တော်ချုပ်ရုံးသို့  အယူခံဝင် ထားကြောင်းတောင်ပိုင်း ခရိုင်တရားရုံးမှ ဒုခရိုင်တရားသူကြီးတစ်ဦးက ပြောသည်။

တွံတေးမြို့နယ် ကံရွာကျေး ရွာအတွင်း ၂၀၁၃ခုနှစ် ဇူလိုင်လ ကဖြစ်ပွားခဲ့သည့် ကွမ်းခြံအတွင်း  အမျိုးသမီး တစ်ဦးကို ခေါင်းဖြတ်သတ်ခဲ့သူများအား တောင်ပိုင်းခရိုင်တရားရုံးတွင် တစ်နှစ်ကျော်ကြာ စစ်ဆေး ပြီးနော က် ပြစ်မှုထင်ရှား၍ ဇူလိုင် ၇ရက်က သေဒဏ်ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။

၎င်းတို့သုံးဦးက နေပြည်တော်တရားလွှတ်တော်ချုပ်ရုံးသို့ အယူခံဝင်လျှောက်ထားခဲ့သည်။ ဖြစ်စဉ်မှာ သေဆုံး သူ အမျိုးသမီးသည်  ယခင်၎င်းပိုင်ဆိုင်သော လယ်မြေများရောင်းချခဲ့စဉ်ကဈေးနှုန်းနှင့် ယခုခေတ် ပေါက်ဈေးတို့ကွာခြား၍ ၀ယ်ယူခဲ့သူထံသွားရောက်ပြောဆိုခဲ့ရာ မြေ၀ယ်ယူခဲ့သူနှင့် စကားများခဲ့သည်။

ထို့နောက် မြေ၀ယ်ယူခဲ့သူ က မကျေနပ်၍ ၎င်းအပါအ၀င် အလုပ်သမားနှစ်ဦးတို့က သေဆုံး သူအမျိုးသမီး ကွမ်းခြံသို့ ကွမ်း ၀ယ်ယူသည့်ပုံစံဟန်ဆောင်ကာ သွားရောက်ခဲ့ပြီး ယင်းအမျိုးသမီး ကို သတ်ခဲ့ခြင်းဖြစ် သည် ဟုဆို သည်။ ဖြစ်စဉ်နှင့်ပတ်သက်၍  သက်ဆိုင်ရာမှ သံသယရှိသူများ ကို ဖမ်းဆီးခဲ့စဉ်က လူလေးဦးဖမ်း ဆီးခဲ့ပြီး တစ်ဦးမှာသက်သေခိုင်လုံမှုမရှိ၍ လွတ်မြောက်ခဲ့ကြောင်း သတင်းရရှိသည်။

‘‘လယ်ယာမြေကိစ္စနဲ့မပြေမ လည်ဖြစ်ရာကနေ အခုလိုဖြစ် တာ။ အရင်ကသေဆုံးသူအမျိုးသ မီးက သူ့လယ်ကို သိန်း ၇၀နဲ့ ရောင်းခဲ့တယ်။ အဲဒါအခုပေါက် ဈေးနဲ့ယှဉ်တော့ နည်းနေတယ်။ ၀ယ်တဲ့ပိုင်ရှင်ကို သွားပြောတာ။ အဲဒါကို ဟိုကမကျေမနပ်ဖြစ်ပြီး ကွမ်းခြံထဲမှာ သတ်လိုက်တာ။တ ရားခွင်မှာကျတော့ တရားလို ဘက်က သက်သေအထောက်အထားသိပ်မပြနိုင်ဘူး။သူတို့က ဥပဒေအကြောင်း အားနည်းတော့ငွေ ပေးပြီးသတ်ခိုင်းခဲ့တယ်ဆိုလည်း အ ပြင်မှာသာ သိတာ။ တရားခွင်မှာ မပေါ်ဘူး။ ပြစ်မှုထင်ရှားလို့သာ သေဒဏ်အမိန့်ချလိုက်တာ’’ဟု ခရိုင်တရားသူကြီးစောကော်နေမှူးကပြောသည်။

တရာလိုပြ သက်သေ၂၅ဦးနှင့် တရားခံပြ သက်သေ ၁၁ဦးတို့ဖြင့် စစ်ဆေးခဲ့ပြီး ကျူးလွန်သူများအား ပြစ်မှု ဆိုင်ရာပုဒ်မ-၃၀၂(၁)(ခ)အရ သေဒဏ်ချမှတ်ခဲ့သည်။ယင်းဖြစ်စဉ်တွင် ကျူးလွန်သူသုံးဦးမှာထူးနိုင်၊အရှည်ကြီး (ခ)ကိုဇော်နှင့်ထွန်းမင်းလတ်(ခ)ထော်ကြီးတို့ဖြစ်ပြီး ထူးနိုင်မှာမြေပိုင်ရှင်ဖြစ်ကာ သက်သေ မခိုင်လုံ ၍ လွတ်မြောက်ခဲ့သူမှာ ထူးနိုင်၏ ဖခင်ဦးစိုးမြင့်(ခ)ဦးပသီဖြစ်ကြောင်း ၎င်းကဆက်လက် ၍ပြော သည်။

7Day DAILy 

No comments:

Post a Comment