Monday 21 July 2014

မန္တလေးမြို့ ဟစ်တိုင်နေရာတွင် မြို့ခံသတင်းသမားများမှ သတင်းထောက်များ ခြိမ်းခြောက်၊ တရားစွဲ၊ ဖမ်းဆီးထောင်ချခံရခြင်းနှင့် ပတ်သက်၍ ပထမဆုံးအကြိမ် ဆန္ဒထုတ်ဖော်

Photo: မန္တလေးမြို့ ဟစ်တိုင်နေရာတွင် မြို့ခံသတင်းသမားများမှ သတင်းထောက်များ ခြိမ်းခြောက်၊ တရားစွဲ၊ ဖမ်းဆီးထောင်ချခံရခြင်းနှင့် ပတ်သက်၍ ပထမဆုံးအကြိမ် ဆန္ဒထုတ်ဖော်
Monday, July 21, 2014

မန္တလေးမြို့ ဟစ်တိုင်နေရာတွင် မြို့ခံသတင်းသမားများမှ သတင်းထောက်များ ခြိမ်းခြောက်၊ တရားစွဲ၊ ဖမ်းဆီးထောင်ချခြင်းနှင့် ပတ်သက်၍ ဇူလိုင် ၂၀ ရက် နံနက်ပိုင်းက ပထမဆုံးအကြိမ် ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ ဆန္ဒထုတ်ဖော်မှုကို မဟာအောင်မြေမြို့နယ် မနော်ရမ္မံ ဥယျာဉ်အတွင်းရှိ ဟစ်တိုင်အဖြစ် ပြုလုပ်ပေးထားသည့်နေရာတွင် နံနက် ၉ နာရီမှ ၁၀ နာရီအထိ မြို့ခံသတင်းသမားများ စုပေါင်းကာ ယူနတီဂျာနယ်မှ သတင်းထောက်များကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ်အထိ ပြစ်ဒဏ်ချမှတ်ခြင်းကို ပြင်းပြင်းထန်ထန် ကန့်ကွက်သည်။ အဆိုပါပြစ်ဒဏ် ချမှတ်ခြင်းအား ပြန်လည်သုံးသပ်ပေးရန် တောင်းဆိုသည်။ သတင်းသမားများအား ပုဒ်မ(၁၈)ဖြင့် တရားစွဲဆိုထားခြင်းအပေါ် (လုံးဝ) ကန့်ကွက်ရှုတ်ချသည်။ မီဒီယာဖိနှိပ်မှုရပ် စသည့်စာတမ်းပါ ဗီနိုင်းများအား ကိုင်ဆိုင်ခြင်းနှင့်အတူ ပါးစပ်တွင် ကြက်ခြေခတ်ပြုလုပ်ကာ လက်နှစ်ဖက်အား သံကြိုးဖြင့် ချည်နှောင်ထားရှိမှု သရုပ်ပြမှုများဖြင့် ဆန္ဒထုတ်ဖော်မှု ပြုခဲ့ကြောင်း သိရသည်။

“အခုနောက်ပိုင်း မီဒီယာကိုဖိနှိပ်တဲ့ အခြေအနေမျိုးတွေ ဖြစ်လာတဲ့အတွက် အခုလို ဆန္ဒထုတ်ဖော်ရတာပါ” ဟု ဆန္ဒထုတ်ဖော်မှုတွင် ပါဝင်ခဲ့သည့် မန္တလေးမြို့ခံ သတင်းထောက်တစ်ဦးက ပြောကြားသည်။

“၂၀၁၀ ရွေးကောက်ပွဲပြီးနောက်ပိုင်း သတင်းမီဒီယာတွေကို သက်ဆိုင်ရာအစိုးရဌာန အဖွဲ့အစည်းတွေ၊ အာဏာပိုင်တွေက နည်းနည်းလေး အလျှော့ပေးလိုက်တယ်။ အဲဒီနောက်ပိုင်း သတင်းပေးအများစုက ဂျာနယ်လစ်တွေနဲ့ရောပြီး သတင်းမှတ်တမ်း ယူရာကနေ အခုဆိုရင် သတင်းဖြစ်တဲ့နေရာတွေမှာ သတင်းထောက်တွေကိုပါ ပေါ်တင်တစ်မျိုး၊ မသိမသာတစ်မျိုး မျက်နှာကိုတည့်တည့် ဓာတ်ပုံရိုက်တာ၊ ရုပ်သံမှတ်တမ်းယူတာတွေ၊ ကိုယ်ရေးအကျဉ်းမေးတာမျိုး လုပ်လာတာတွေက သတင်းထောက်တွေကို ထိန်းချုပ်ချင်တဲ့သဘောလို့ ယူဆလို့ရတယ်။ အဲဒီအခြေအနေတွေက သတင်းထောက်တွေအတွက် အရမ်းသတိထားစရာပါ” ဟု မြိုခံသတင်းထောက်တစ်ဦးက သူ့အမြင်ကို သုံးသပ်ပြောကြားသည်။

ဆန္ဒထုတ်ဖော်မှုတွင် မြိုခံသတင်းသမား ၄၀ နီးပါး ပါဝင်ခဲ့ပြီး ဆန္ဒထုတ်ဖော်နေစဉ်အတွင်း သတင်းသမားတစ်ဦးမှ ကင်မရာအား ထုခြေပေါက်ခွဲကာ သရုပ်ပြမှု ပြုလုပ်ခဲ့ကြောင်း၊ ထို့နောက် ဟစ်တိုင်အတွင်း စီတန်းလမ်းလျှောက်မှု ပြုလုပ်ကာ ဆန္ဒထုတ်ဖော်မှုအား ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။

သတင်းထောက်များ ခြိမ်းခြောက်၊ တရားစွဲ၊ ဖမ်းဆီးထောင်ချခံရခြင်းနှင့် ပတ်သက်၍ ဆန္ဒထုတ်ဖော်မှုကို တရားဝင်စာတင်ခဲ့ခြင်းဖြစ်ပြီး ခွင့်ပြုချက်လည်း ရရှိခဲ့ကြောင်း သိရသည်။

Eleven Media Group 

သတင်းထောက်များ ခြိမ်းခြောက်၊ တရားစွဲ၊ ဖမ်းဆီးထောင်ချခံရခြင်းနှင့် ပတ်သက်ပြီး မန္တလေးမြို့ခံသတင်းသမားများ ဆန္ဒထုတ်ဖော်နေစဉ်
သတင်းထောက်များ ခြိမ်းခြောက်၊ တရားစွဲ၊ ဖမ်းဆီးထောင်ချခံရခြင်းနှင့် ပတ်သက်ပြီး မန္တလေးမြို့ခံ သတင်း သမားများ ဆန္ဒထုတ်ဖော်နေစဉ်
မန္တလေးမြို့ ဟစ်တိုင်နေရာတွင် မြို့ခံသတင်းသမားများမှ သတင်းထောက်များ ခြိမ်းခြောက်၊ တရားစွဲ၊ ဖမ်း ဆီးထောင်ချခြင်းနှင့် ပတ်သက်၍ ဇူလိုင် ၂၀ ရက် နံနက်ပိုင်းက ပထမဆုံးအကြိမ် ဆန္ဒထုတ်ဖော် ခဲ့ကြကြောင်း သိရသည်။

အဆိုပါ ဆန္ဒထုတ်ဖော်မှုကို မဟာအောင်မြေမြို့နယ် မနော်ရမ္မံ ဥယျာဉ်အတွင်းရှိ ဟစ်တိုင်အဖြစ် ပြုလုပ်ပေး ထားသည့်နေရာတွင် နံနက် ၉ နာရီမှ ၁၀ နာရီအထိ မြို့ခံသတင်းသမားများ စုပေါင်းကာ ယူနတီဂျာနယ်မှ သတင်းထောက်များကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ်အထိ ပြစ်ဒဏ်ချမှတ်ခြင်းကို ပြင်းပြင်းထန်ထန် ကန့်ကွက်သည်။ အဆိုပါပြစ်ဒဏ် ချမှတ်ခြင်းအား ပြန်လည်သုံးသပ်ပေးရန် တောင်းဆိုသည်။ သတင်းသမား များအား ပုဒ်မ(၁၈)ဖြင့် တရားစွဲဆိုထားခြင်းအပေါ် (လုံးဝ) ကန့်ကွက်ရှုတ်ချသည်။ မီဒီယာဖိနှိပ်မှုရပ် စသည့်စာတမ်းပါ ဗီနိုင်းများအား ကိုင်ဆိုင်ခြင်းနှင့်အတူ ပါးစပ်တွင် ကြက်ခြေခတ်ပြုလုပ်ကာ လက်နှစ်ဖက် အား သံကြိုးဖြင့် ချည်နှောင်ထားရှိမှု သရုပ်ပြမှုများဖြင့် ဆန္ဒထုတ်ဖော်မှု ပြုခဲ့ကြောင်း သိရသည်။

“အခုနောက်ပိုင်း မီဒီယာကိုဖိနှိပ်တဲ့ အခြေအနေမျိုးတွေ ဖြစ်လာတဲ့အတွက် အခုလို ဆန္ဒထုတ်ဖော်ရတာပါ” ဟု ဆန္ဒထုတ်ဖော်မှုတွင် ပါဝင်ခဲ့သည့် မန္တလေးမြို့ခံ သတင်းထောက်တစ်ဦးက ပြောကြားသည်။

“၂၀၁၀ ရွေးကောက်ပွဲပြီးနောက်ပိုင်း သတင်းမီဒီယာတွေကို သက်ဆိုင်ရာအစိုးရဌာန အဖွဲ့အစည်းတွေ၊ အာဏာ ပိုင်တွေက နည်းနည်းလေး အလျှော့ပေးလိုက်တယ်။ အဲဒီနောက်ပိုင်း သတင်းပေးအများစုက ဂျာနယ် လစ်တွေနဲ့ရောပြီး သတင်းမှတ်တမ်း ယူရာကနေ အခုဆိုရင် သတင်းဖြစ်တဲ့နေရာတွေမှာ သတင်းထောက်တွေကိုပါ ပေါ်တင်တစ်မျိုး၊ မသိမသာတစ်မျိုး မျက်နှာကိုတည့်တည့် ဓာတ်ပုံရိုက်တာ၊ ရုပ်သံမှတ်တမ်းယူတာတွေ၊ ကိုယ်ရေးအကျဉ်းမေးတာမျိုး လုပ်လာတာတွေက သတင်းထောက်တွေကို ထိန်းချုပ်ချင်တဲ့သဘောလို့ ယူဆလို့ရတယ်။ အဲဒီအခြေအနေတွေက သတင်းထောက်တွေအတွက် အရမ်း သတိထားစရာပါ” ဟု မြိုခံသတင်းထောက်တစ်ဦးက သူ့အမြင်ကို သုံးသပ်ပြောကြားသည်။

ဆန္ဒထုတ်ဖော်မှုတွင် မြိုခံသတင်းသမား ၄၀ နီးပါး ပါဝင်ခဲ့ပြီး ဆန္ဒထုတ်ဖော်နေစဉ်အတွင်း သတင်းသမား တစ်ဦးမှ ကင်မရာအား ထုခြေပေါက်ခွဲကာ သရုပ်ပြမှု ပြုလုပ်ခဲ့ကြောင်း၊ ထို့နောက် ဟစ်တိုင်အတွင်း စီတန်း လမ်းလျှောက်မှု ပြုလုပ်ကာ ဆန္ဒထုတ်ဖော်မှုအား ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။

သတင်းထောက်များ ခြိမ်းခြောက်၊ တရားစွဲ၊ ဖမ်းဆီးထောင်ချခံရခြင်းနှင့် ပတ်သက်၍ ဆန္ဒထုတ်ဖော်မှုကို တရားဝင်စာတင်ခဲ့ခြင်းဖြစ်ပြီး ခွင့်ပြုချက်လည်း ရရှိခဲ့ကြောင်း သိရသည်။

Eleven Media Group 

No comments:

Post a Comment