Monday 21 July 2014

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် တပ် မ တော် ကာ ကွယ် ရေး ဦး စီး ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အာဇာနည်နေ့ အထိမ်းအမှတ် ရည်စူးကုသိုလ် အမျှ ပေးဝေခြင်း အခမ်း အနားသို့ တက်ရောက်

(၆၇)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ရည်စူးကုသိုလ် အမျှပေးဝေခြင်း အခမ်းအနားကို ယနေ့ နံနက် ၁ဝနာရီတွင် နေပြည်တော် ကောင်စီ နယ်မြေ ဇမ္ဗူ သီရိမြို့နယ် နေပြည်တော် ကောင်စီရုံး ဇမ္ဗူသီရိ ခန်းမဆောင်၌ ကျင်းပသည်။


အခမ်းအနားသို့ နိုင်ငံတော် သြဝါဒါစရိယ နေပြည်တော် ပျဉ်းမနားမြို့ မဟာ ဝိသုတာ ရာမ ဈေးကုန်း ကျောင်း တိုက် ပဓာန နာယက ဆရာတော် အဘိဓဇ မဟာရဋ္ဌဂုရု အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တက ဝိသာရ အမှူးပြုသော ဆရာတော် သံဃာတော်များ ကြွရောက်ချီးမြှင့် တော်မူကြပြီး နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး၊ ပြည်ထောင်စု ဝန်ကြီးများ၊ လွှတ်တော်ရေးရာ ကော်မတီ ဥက္ကဋ္ဌများ၊ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ နေပြည်တော် ကောင်စီဝင်များ၊ လွှတ်တော် ကိုယ်စား လှယ်များ၊ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်း အဖွဲ့၊ မိခင်နှင့် ကလေး စောင့်ရှောက်ရေး အသင်း၊ အမျိုးသမီး ရေးရာ အဖွဲ့နှင့် ကြက်ခြေနီ အသင်းတို့မှ တာဝန်ရှိသူများ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ၊ တိုင်းရင်း သား စည်းလုံးညီညွတ်ရေး ပါတီနှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်တို့မှ တာဝန်ရှိသူများ၊ မြို့နယ် ဖွံ့ဖြိုး တိုးတက်ရေး အထောက်အကူပြု ကော်မတီ ဝင်များနှင့် ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် နိုင်ငံတော် သြဝါဒါ စရိယ ဈေးကုန်း ကျောင်းတိုက် ပဓာန နာယကဆရာ တော်ထံမှ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် အမှူးပြုသော ဧည့်ပရိသတ် များက ငါးပါးသီလ ခံယူ ဆောက်တည် ကြသည်။

ထို့နောက် ဆရာတော် သံဃာတော်များ ရွတ်ပွားသရဇ္ဈာယ် တော်မူသည့် ပရိတ် တရားတော်များကို နိုင်ငံတော် သမ္မတနှင့် ဧည့်ပရိသတ်များက နာယူကြသည်။

ယင်းနောက် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ဈေးကုန်း ကျောင်းတိုက် ဆရာတော်ထံ လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ် လှူဒါန်းသည်။

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပါဠိကျောင်းတိုက် ဆရာတော်ထံ လှုဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

ဆက်လက်၍ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ၊ ပြည်ထောင်စု ဝန်ကြီးများ၊ တက်ရောက် လာကြသူများနှင့် နိုင်ငံရေး ပါတီများမှ တာဝန်ရှိ သူများက ဆရာတော် သံဃာတော် များထံ လှူဖွယ် ပစ္စည်းများ ဆက်ကပ် လှူဒါန်းကြသည်။

ထို့နောက် နိုင်ငံတော်သြဝါဒါ စရိယ ဈေးကုန်းကျောင်းတိုက် ပဓာန နာယက ဆရာတော်ထံမှ အနုမော ဒနာ တရား နာယူကြကာ ၁၉၄၇ခုနှစ် ဇူလိုင် ၁၉ရက်တွင် နယ်ချဲ့ လက်ပါးစေတို့၏ လုပ်ကြံမှုကြောင့် ကျဆုံးခဲ့ရသော အာဇာနည် ခေါင်းဆောင်ကြီးများ ဖြစ်ကြသည့် ဗိုလ်ချုပ် အောင်ဆန်း၊ ဒီးဒုတ် ဦးဘချို၊ ဦးဘဝင်း၊ သခင်မြ၊ မန်းဘခိုင်၊ မိုင်းပွန် စော်ဘွားကြီး စဝ်စံထွန်း၊ ဦးရာဇတ်၊ ဦးအုန်းမောင်နှင့် ရဲဘော် ကိုထွေးတို့အား ရည်စူး အမျှပေးဝေ ကြသည်။

ယင်းနောက် နိုင်ငံတော် သမ္မတ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် တက်ရောက် လာကြသူများက ဆရာတော် သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ် လှူဒါန်း ခဲ့ကြသည်။

မြ၀တီ

No comments:

Post a Comment