Monday 21 July 2014

နိုင်ငံပိုင် မြန်မာ့လေကြောင်း ၂၀၁၅ ခုနှစ် နှစ်ဆန်းပိုင်းမှစတင်ကာ တောင်ကိုရီးယား၊ ဂျပန်၊ တရုတ်နှင့် ထိုင်ဝမ်နိုင်ငံများသို့ နိုင်ငံတကာခရီးစဉ် စတင်ပျံသန်းမည်

Photo: နိုင်ငံပိုင် မြန်မာ့လေကြောင်း ၂၀၁၅ ခုနှစ် နှစ်ဆန်းပိုင်းမှစတင်ကာ တောင်ကိုရီးယား၊ ဂျပန်၊ တရုတ်နှင့် ထိုင်ဝမ်နိုင်ငံများသို့ နိုင်ငံတကာခရီးစဉ် စတင်ပျံသန်းမည်
Monday, July 21, 2014

နိုင်ငံပိုင် မြန်မာ့လေကြောင်းမှ ၂ဝ၁၅ ခုနှစ် နှစ်ဆန်းပိုင်းမှစတင်ကာ တောင်ကိုရီးယား၊ ဂျပန်၊ တရုတ်နှင့် ထိုင်ဝမ်နိုင်ငံများသို့ နိုင်ငံတကာ ခရီးစဉ်များ စတင်ပျံသန်းမည်ဖြစ်ကြောင်း သတင်းရရှိသည်။

လက်ရှိတွင် မြန်မာ့လေကြောင်းအနေဖြင့် ပြည်ပနိုင်ငံများသို့ ပုံမှန်ခရီးစဉ် ပျံသန်းနိုင်ရန် အမေရိကန်နိုင်ငံ (GECAS) ကုမ္ပဏီမှ (Avia solution) အကြံပေးအဖွဲ့အား ငှားရမ်းပေးထားပြီး မြန်မာ့လေကြောင်း တာဝန်ရှိသူများ၊ အမေရိကန်ကိုယ်စားလှယ်များ၊ အင်္ဂလန်နိုင်ငံမှ ကိုယ်စားလှယ်များပါဝင်သော ဆွေးနွေးပွဲ (Conference call) အား အပတ်စဉ် အွန်လိုင်းတွင် ပြုလုပ်လျက်ရှိသည်။

မြန်မာ့လေကြောင်းလိုင်းသည် ယင်းကဲ့သို့ နိုင်ငံတကာခရီးစဉ်များ ပျံသန်းရန် ပြင်သစ်နိုင်ငံ ATR လေယာဉ်ကုမ္ပဏီမှ လေယာဉ်ခြောက်စင်းနှင့် အမေရိကန်နိုင်ငံ GE Capital Aviation Services မှ ဘိုးရင်းလေယာဉ်သစ် ၁ဝ စင်းအား ဝယ်ယူထားပြီး အဆိုပါလေယာဉ်သစ်များမှာ ၂ဝ၁၅ ခုနှစ်တွင် မြန်မာနိုင်ငံသို့ စတင်ရောက်ရှိမည်ဟု သိရသည်။

မြန်မာ့လေကြောင်းနှင့် General Electric (GE) ၏ လေယာဉ်ငှားရမ်းခြင်းနှင့် ဘဏ္ဍာငွေရှာခြင်း လုပ်ငန်းခွဲတစ်ခုဖြစ်သော GE Capital Aviation Services တို့သည် ၂ဝ၁၄ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်က စင်ကာပူနိုင်ငံတွင် Boeing လေယာဉ်သစ် ၁ဝ စင်း ငှားရမ်းသည့် စာချုပ်အား ချုပ်ဆိုခဲ့သည်။

၁၉၄၈ ခုနှစ် စက်တင်ဘာလမှ စတင်ကာ တည်ထောင်ပျံသန်းခဲ့သည့် မြန်မာနိုင်ငံ၏ တစ်ခုတည်းသော နိုင်ငံပိုင်လေကြောင်းလိုင်းဖြစ်သည့် မြန်မာ့လေကြောင်းအား နိုင်ငံတကာသို့ National Flag Carrier အဖြစ် ပျံသန်းပြေးဆွဲနိုင်ရန် အမေရိကန်နိုင်ငံအခြေစိုက် GE Capital Aviation Services မှ ကူညီရန် ကမ်းလှမ်းသည့်အတွက် မြန်မာ့လေကြောင်းမှ Boeing Project အစီစဉ်အား ဆင့်ကဲတင်ပြပြီး နိုင်ငံတော်၏ ခွင့်ပြုချက်အရ အကောင်ထည်ဖော်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါစာချုပ်အရ GE Capital Aviation Services သည် Boeing 737-800 လေယာဉ်သစ်ခြောက်စင်းနှင့် Boeing 737 8 MAX model လေယာဉ်သစ်လေးစင်းအား ၂ဝ၁၅ ခုနှစ် ဇွန်လမှစတင်ကာ ၂ဝ၂ဝ ခုနှစ်အတွင်း ငှားရမ်းသွားမည်ဖြစ်သည်။

မြန်မာ့လေကြောင်းသည် ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ်မှစတင်ကာ နိုင်ငံတော်ဘတ်ဂျက်ပြင်ပတွင် ရပ်တည်ပြီး ဝင်ငွေရှာဖွေရခြင်းဖြစ်၍ ယခုငှားရမ်းမည့် ဘိုးရင်းလေယာဉ်များအား နိုင်ငံတော်ဘတ်ဂျက်ဖြင့် ငှားရမ်းခြင်းမဟုတ်ဘဲ ဌာနပိုင်ဝင်ငွေဖြင့်သာ ငှားရမ်းခြင်းဖြစ်ကြောင်း သိရသည်။  

Eleven Media Group 

မြန်မာ့လေကြောင်းမှ လေယာဉ်များအား ရန်ကုန်လေဆိပ်တွင် ဇွန်လအတွင်းက တွေ့ရစဉ်
မြန်မာ့လေကြောင်းမှ လေယာဉ်များအား ရန်ကုန်လေဆိပ်တွင် ဇွန်လအတွင်းက တွေ့ရစဉ် 
နိုင်ငံပိုင် မြန်မာ့လေကြောင်းမှ ၂ဝ၁၅ ခုနှစ် နှစ်ဆန်းပိုင်းမှစတင်ကာ တောင်ကိုရီးယား၊ ဂျပန်၊ တရုတ်နှင့် ထိုင်ဝမ်နိုင်ငံများသို့ နိုင်ငံတကာ ခရီးစဉ်များ စတင်ပျံသန်းမည်ဖြစ်ကြောင်း သတင်းရရှိသည်။

လက်ရှိတွင် မြန်မာ့လေကြောင်းအနေဖြင့် ပြည်ပနိုင်ငံများသို့ ပုံမှန်ခရီးစဉ် ပျံသန်းနိုင်ရန် အမေရိကန်နိုင်ငံ (GECAS) ကုမ္ပဏီမှ (Avia solution) အကြံပေးအဖွဲ့အား ငှားရမ်းပေးထားပြီး မြန်မာ့လေကြောင်း တာဝန်ရှိသူများ၊ အမေရိကန်ကိုယ်စားလှယ်များ၊ အင်္ဂလန်နိုင်ငံမှ ကိုယ်စားလှယ်များပါဝင်သော ဆွေးနွေးပွဲ (Conference call) အား အပတ်စဉ် အွန်လိုင်းတွင် ပြုလုပ်လျက်ရှိသည်။

မြန်မာ့လေကြောင်းလိုင်းသည် ယင်းကဲ့သို့ နိုင်ငံတကာခရီးစဉ်များ ပျံသန်းရန် ပြင်သစ်နိုင်ငံ ATR လေယာဉ် ကုမ္ပဏီမှ လေယာဉ်ခြောက်စင်းနှင့် အမေရိကန်နိုင်ငံ GE Capital Aviation Services မှ ဘိုးရင်းလေယာဉ် သစ် ၁ဝ စင်းအား ဝယ်ယူထားပြီး အဆိုပါလေယာဉ်သစ်များမှာ ၂ဝ၁၅ ခုနှစ်တွင် မြန်မာနိုင်ငံသို့ စတင်ရောက်ရှိမည်ဟု သိရသည်။

မြန်မာ့လေကြောင်းနှင့် General Electric (GE) ၏ လေယာဉ်ငှားရမ်းခြင်းနှင့် ဘဏ္ဍာငွေရှာခြင်း လုပ်ငန်းခွဲ တစ်ခုဖြစ်သော GE Capital Aviation Services တို့သည် ၂ဝ၁၄ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်က စင်ကာပူနိုင်ငံတွင် Boeing လေယာဉ်သစ် ၁ဝ စင်း ငှားရမ်းသည့် စာချုပ်အား ချုပ်ဆိုခဲ့သည်။

၁၉၄၈ ခုနှစ် စက်တင်ဘာလမှ စတင်ကာ တည်ထောင်ပျံသန်းခဲ့သည့် မြန်မာနိုင်ငံ၏ တစ်ခုတည်းသော နိုင်ငံပိုင်လေကြောင်းလိုင်းဖြစ်သည့် မြန်မာ့လေကြောင်းအား နိုင်ငံတကာသို့ National Flag Carrier အဖြစ် ပျံသန်းပြေးဆွဲနိုင်ရန် အမေရိကန်နိုင်ငံအခြေစိုက် GE Capital Aviation Services မှ ကူညီရန် ကမ်းလှမ်း သည့် အတွက် မြန်မာ့လေကြောင်းမှ Boeing Project အစီစဉ်အား ဆင့်ကဲတင်ပြပြီး နိုင်ငံတော်၏ ခွင့်ပြုချက်အရ အကောင်ထည်ဖော်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါစာချုပ်အရ GE Capital Aviation Services သည် Boeing 737-800 လေယာဉ် သစ်ခြောက် စင်းနှင့် Boeing 737 8 MAX model လေယာဉ်သစ်လေးစင်းအား ၂ဝ၁၅ ခုနှစ် ဇွန်လမှစတင်ကာ ၂ဝ၂ဝ ခုနှစ် အတွင်း ငှားရမ်းသွားမည်ဖြစ်သည်။

မြန်မာ့လေကြောင်းသည် ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ်မှစတင်ကာ နိုင်ငံတော်ဘတ်ဂျက်ပြင်ပတွင် ရပ်တည်ပြီး ဝင်ငွေရှာဖွေရခြင်းဖြစ်၍ ယခုငှားရမ်းမည့် ဘိုးရင်းလေယာဉ်များအား နိုင်ငံတော်ဘတ်ဂျက်ဖြင့် ငှားရမ်းခြင်း မဟုတ်ဘဲ ဌာနပိုင်ဝင်ငွေဖြင့်သာ ငှားရမ်းခြင်းဖြစ်ကြောင်း သိရသည်။  

Eleven Media Group 

No comments:

Post a Comment