Monday 21 July 2014

တာဝန်ယူမှုရှိသော လူမှုကွန်ရက်မီဒီယာ ဆွေးနွေးပွဲကို ဇူလိုင် ၂၀ ရက်က ပထမဆုံးအကြိမ်အဖြစ် မြန်မာအင်ဖိုတက်ခ်တွင် ကျင်းပခဲ့ပြီး နယ်ပယ် အသီးသီးမှ ပါဝင်ဆွေးနွေး

Photo: တာဝန်ယူမှုရှိသော လူမှုကွန်ရက်မီဒီယာ ဆွေးနွေးပွဲကို ဇူလိုင် ၂၀ ရက်က ပထမဆုံးအကြိမ်အဖြစ် မြန်မာအင်ဖိုတက်ခ်တွင် ကျင်းပခဲ့ပြီး နယ်ပယ် အသီးသီးမှ ပါဝင်ဆွေးနွေး
Monday, July 21, 2014

တာဝန်ယူမှုရှိသော လူမှုကွန်ရက်မီဒီယာ ဆွေးနွေးပွဲကို ဇူလိုင် ၂ဝ ရက်က မြန်မာအင်ဖိုတက်ခ်၊ အစည်းအဝေးခန်းမတွင် ပထမဆုံးအကြိမ်အဖြစ် ကျင်းပခဲ့ပြီး နယ်ပယ်အသီးသီးမှ ကျွမ်းကျင်ပညာရှင်များ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

ယင်းဆွေးနွေးပွဲကို နိုင်ငံတော်သမ္မတရုံး၊ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်တို့မှ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး အစိုးရပိုင်းဆိုင်ရာ တာဝန်ရှိသူများ၊ ကွန်ပျူတာအသင်းများမှ တာဝန်ရှိသူများ၊ အိုင်တီပညာရှင်များ၊ Facebook, Google, Twitter, Deloitte စသည့်ကုမ္ပဏီတို့မှ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြသည်။

“အမုန်းစကားတွေ၊ မဟုတ်မမှန် လုပ်ကြံလွှင့်တင်တာမျိုးတွေကို တွေ့ရှိခဲ့ရင် Google ဆီကို Report လုပ်လို့ရတယ်။ မြန်မာစကား နားလည်တတ်ကျွမ်းတဲ့သူတွေရှိပြီး တုံ့ပြန်ဆောင်ရွက်သွားမှာပါ။ ဒီလိုမျိုး သတင်းပေးပို့မှုတွေ၊ အရေးယူ လုပ်ဆောင်ရတာမျိုးတွေတော့ မရှိခဲ့ပါဘူး။ အစိုးရတာဝန်ရှိသူတွေနဲ့ ဆွေးနွေးခဲ့တယ် ဆိုတာကလည်း ပူးပေါင်းပြီး စိစစ်ဖြတ်တောက် စောင့်ကြည့်မှုမျိုးတွေလုပ်ဖို့ မဟုတ်ပါဘူး” ဟု Google Asia Pacific မှ Policy and Government Affairs ၏ Country Lead ဖြစ်သူ Alexander Long က ပြောကြားခဲ့သည်။

“လူမှုကွန်ရက်ဆိုတာ လူမှုရေးအရ ချိတ်ဆက်ဆောင်ရွက်ဖို့ တီထွင်ခဲ့တာ။ ဒီမှာက သတင်းအမှောင်ချခဲ့တဲ့ ကာလတွေ ရှည်ကြာခဲ့တော့ သတင်းငတ်မွတ်မှုတွေ ရှိခဲ့တယ်။ ပွင့်လင်းလာတဲ့အချိန်မှာ ဒါတွေက ထိန်းမနိုင်သိမ်းမရ ဖြစ်ကုန်တယ်။ မြန်နှုန်းကလည်း အရမ်းမြင့်တော့ ဆင်ခြင်တုံတရား မဦးတော့ဘဲ ဉာဏ်နဲ့ဝေဖန်သုံးသပ်တာမျိုး မလုပ်နိုင်တော့ဘူး။ ဒါတွေကို ဖြေရှင်းတဲ့အခါ လွတ်လပ်စွာဖော်ပြခွင့်ကို ထိခိုက်မှာလည်း စိုးရိမ်မိတယ်။ လူမှုကွန်ရက်နဲ့ ပုံနှိပ်မီဒီယာတွေအကြားမှာ ကွာခြားချက်က တာဝန်ယူမှုပါ” ဟု MIDO မှ ကိုနေဘုန်းလတ်က ဆွေးနွေးခဲ့သည်။

“အမုန်းစကားပြဿနာကို နည်းပညာအရ ဖြေရှင်းနိုင်တယ်လို့ ထင်တယ်။ ကျွန်တော်ဆိုရင် အီးမေးလ်တစ်စောင်ကို ၁၅ နှစ်နဲ့ လေးစောင်ဆိုတော့ ထောင်နှစ် ၆ဝ ချတာ ခံခဲ့ရတယ်။ ဒေါက်တာဆိတ်ဖွားကိစ္စဆိုရင်လည်း ပျောက်ချင်တဲ့အချိန်မှာ ပျောက်သွားလို့ရတယ်။ ဖြစ်နေတဲ့ ပြဿနာတွေရဲ့ရင်းမြစ်က ဒီထက် ပိုကျယ်ပြန့်နိုင်ပြီး Facebook တစ်ခုတည်းကြောင့်လို့တော့ ပြောလို့မရဘူး” ဟု ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးကိုကိုကြီးက ပြောကြားခဲ့သည်။

Eleven Media Group 

တာဝန်ယူမှုရှိသော လူမှုကွန်ရက် ဆွေးနွေးပွဲမြင်ကွင်း
တာဝန်ယူမှုရှိသော လူမှုကွန်ရက် ဆွေးနွေးပွဲမြင်ကွင်း
တာဝန်ယူမှုရှိသော လူမှုကွန်ရက်မီဒီယာ ဆွေးနွေးပွဲကို ဇူလိုင် ၂ဝ ရက်က မြန်မာအင်ဖိုတက်ခ်၊ အစည်း အဝေး ခန်းမတွင် ပထမဆုံးအကြိမ်အဖြစ် ကျင်းပခဲ့ပြီး နယ်ပယ်အသီးသီးမှ ကျွမ်းကျင်ပညာရှင်များ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

ယင်းဆွေးနွေးပွဲကို နိုင်ငံတော်သမ္မတရုံး၊ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်တို့မှ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး အစိုးရပိုင်းဆိုင်ရာ တာဝန်ရှိသူများ၊ ကွန်ပျူတာ အသင်းများမှ တာဝန်ရှိသူများ၊ အိုင်တီပညာရှင်များ၊ Facebook, Google, Twitter, Deloitte စသည့် ကုမ္ပဏီတို့မှ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြသည်။

“အမုန်းစကားတွေ၊ မဟုတ်မမှန် လုပ်ကြံလွှင့်တင်တာမျိုးတွေကို တွေ့ရှိခဲ့ရင် Google ဆီကို Report လုပ်လို့ ရတယ်။ မြန်မာစကား နားလည်တတ်ကျွမ်းတဲ့သူတွေရှိပြီး တုံ့ပြန်ဆောင်ရွက်သွားမှာပါ။ ဒီလိုမျိုး သတင်းပေးပို့မှုတွေ၊ အရေးယူ လုပ်ဆောင်ရတာမျိုးတွေတော့ မရှိခဲ့ပါဘူး။ အစိုးရတာဝန်ရှိသူတွေနဲ့ ဆွေးနွေးခဲ့တယ် ဆိုတာကလည်း ပူးပေါင်းပြီး စိစစ်ဖြတ်တောက် စောင့်ကြည့်မှုမျိုးတွေလုပ်ဖို့ မဟုတ်ပါဘူး” ဟု Google Asia Pacific မှ Policy and Government Affairs ၏ Country Lead ဖြစ်သူ Alexander Long က ပြောကြားခဲ့သည်။

“လူမှုကွန်ရက်ဆိုတာ လူမှုရေးအရ ချိတ်ဆက်ဆောင်ရွက်ဖို့ တီထွင်ခဲ့တာ။ ဒီမှာက သတင်းအမှောင်ချခဲ့တဲ့ ကာလတွေ ရှည်ကြာခဲ့တော့ သတင်းငတ်မွတ်မှုတွေ ရှိခဲ့တယ်။ ပွင့်လင်းလာတဲ့အချိန်မှာ ဒါတွေက ထိန်း မနိုင် သိမ်းမရ ဖြစ်ကုန်တယ်။ မြန်နှုန်းကလည်း အရမ်းမြင့်တော့ ဆင်ခြင်တုံတရား မဦးတော့ဘဲ ဉာဏ်နဲ့ဝေဖန် သုံးသပ်တာမျိုး မလုပ်နိုင်တော့ဘူး။ ဒါတွေကို ဖြေရှင်းတဲ့အခါ လွတ်လပ်စွာဖော်ပြခွင့်ကို ထိခိုက်မှာလည်း စိုးရိမ်မိတယ်။ လူမှုကွန်ရက်နဲ့ ပုံနှိပ်မီဒီယာတွေအကြားမှာ ကွာခြားချက်က တာဝန်ယူမှုပါ” ဟု MIDO မှ ကိုနေဘုန်းလတ်က ဆွေးနွေးခဲ့သည်။

“အမုန်းစကားပြဿနာကို နည်းပညာအရ ဖြေရှင်းနိုင်တယ်လို့ ထင်တယ်။ ကျွန်တော်ဆိုရင် အီးမေးလ် တစ်စောင်ကို ၁၅ နှစ်နဲ့ လေးစောင်ဆိုတော့ ထောင်နှစ် ၆ဝ ချတာ ခံခဲ့ရတယ်။ ဒေါက်တာဆိတ်ဖွားကိစ္စ ဆိုရင်လည်း ပျောက်ချင်တဲ့အချိန်မှာ ပျောက်သွားလို့ရတယ်။ ဖြစ်နေတဲ့ ပြဿနာတွေရဲ့ရင်းမြစ်က ဒီထက် ပိုကျယ်ပြန့် နိုင်ပြီး Facebook တစ်ခုတည်းကြောင့်လို့တော့ ပြောလို့မရဘူး” ဟု ၈၈ မျိုးဆက် ငြိမ်းချမ်းေ ရးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးကိုကိုကြီးက ပြောကြားခဲ့သည်။

Eleven Media Group 

No comments:

Post a Comment