Monday 21 July 2014

အာဇာနည်ခေါင်းဆောင်ကြီးများအတွက် ကုသိုလ်ပြုခြင်းဖြစ်သလို ခေါင်းဆောင်ကြီးများချမှတ်ခဲ့သည့် မူဝါဒ လမ်းစဉ် များကို ဆက်လက် အကောင်အထည်ဖော်ရန် အားသစ်လောင်းခြင်းဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းပြောကြား

Photo: အာဇာနည်ခေါင်းဆောင်ကြီးများအတွက် ကုသိုလ်ပြုခြင်းဖြစ်သလို ခေါင်းဆောင်ကြီး များချမှတ်ခဲ့သည့်မူဝါဒလမ်းစဉ်များကို
ဆက်လက်အကောင်အထည်ဖော်ရန် အားသစ်လောင်းခြင်းဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယကသူရဦးရွှေမန်းပြောကြား
Monday, July 21, 2014

(၆၇)နှစ်မြောက်အာဇာနည်နေ့၌ ခေါင်းဆောင်ကြီးများကိုရည်စူး၍ ဆွမ်းဆက်ကပ်လှူဒါန်းပွဲကျင်းပရခြင်း သည် အာဇာနည်ခေါင်းဆောင်ကြီး များအတွက် ကုသိုလ်ပြုခြင်းဖြစ် သလို ခေါင်းဆောင်ကြီးများချမှတ် ခဲ့သည့်မူဝါဒလမ်းစဉ်များကို ဆက် လက်အကောင်အထည်ဖော်ရန် အားသစ်လောင်းခြင်းလည်းဖြစ် ကြောင်း ပြည်ထောင်စုလွှတ်တော် နာယကပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းကပြောသည်။
(၆၇)နှစ်မြောက်အာဇာနည်နေ့ တွင် အာဇာနည်ခေါင်းဆောင်ကြီး များကိုရည်စူး၍ ရန်ကုန်မြို့ရှိ ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီရုံးချုပ်၌ ဆွမ်းဆက်ကပ်လှူ ဒါန်းရခြင်း၏ ရည်ရွယ်ချက်ကို မီဒီယာကမေးမြန်းရာတွင် ယင်းသို့ ပြန်လည် ဖြေကြားခဲ့ခြင်းဖြစ်သည်။

''အဓိကရည်ရွယ်ချက်ကတော့ အာဇာနည်ခေါင်းဆောင်ကြီးတွေကမြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အတွက် မူဝါဒတွေ၊ လမ်းစဉ်တွေ ချမှတ်ခဲ့ တယ်။ ပြောဆိုခဲ့တဲ့စကားတွေရှိ တယ်။ အဲဒီမူဝါဒလမ်းစဉ်၊ ပြောဆို တဲ့စကားတွေအရ မိမိတို့နိုင်ငံကောင်း အောင်၊ မိမိတို့ပြည်ထောင်စုကြီး ကောင်းအောင် ဆက်လက်လုပ် ဆောင်ဖို့တာဝန်ရှိတယ်၊ အဲဒီလို တာဝန်ရှိတာနဲ့အညီ မိမိတို့နဲ့အတူ ပြည်သူတွေ ပူးပေါင်းပြီးမှ မိမိတို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ တိုင်းရင်းသားပြည်သူများနဲ့ ပါဝင် ဆောင်ရွက်နိုင်ဖို့အတွက် ပိုမိုပြီး သတိရစေဖို့ ဒီလိုပွဲကြီးကို ကျင်းပ တာဖြစ်တယ်၊ အဲဒီလိုကျင်းပတဲ့ နေရာမှာ ကျဆုံးလေပြီးတဲ့အာဇာနည် ခေါင်းဆောင်ကြီးများအတွက် ကုသိုလ်တွေရတဲ့အပြင် အလှူပြုတဲ့ မိမိတို့တွေလဲ ကုသိုလ်ရသလို မိမိ တို့နိုင်ငံကို ထူထောင်တဲ့နေရာမှာ ခေါင်းဆောင်ကြီးများ ချမှတ်ခဲ့တဲ့ မူဝါဒ၊ လမ်းစဉ်များကို ဆက်လက် အကောင်အထည် ဖော်နိုင်ဖို့အတွက် အားသစ်လောင်းတဲ့အခမ်းအနားလဲ ဖြစ်တယ်။ အလှူဒါနလဲ ဖြစ်ပါ တယ်''ဟုပြည်ထောင်စု လွှတ် တော်နာယက သူရဦးရွှေမန်းက ပြောကြားသည်။

အစိုးရသစ် လက်ထက်တွင် (၆၇)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားသို့ အုပ်ချုပ်ရေးမဏ္ဍိုင်၊ ဥပဒေပြုရေးမဏ္ဍိုင်နှင့်တရားစီရင်ရေး မဏ္ဍိုင်မှ အကြီးအကဲများ တက် ရောက်ဂါရဝပြုခဲ့ကြသည်။ ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ၌ အာဇာနည်ခေါင်းဆောင် ကြီးများအားရည်စူး၍ နှစ်စဉ်နှစ် တိုင်းဆွမ်းဆက်ကပ်လှူဒါန်းခဲ့သည်။

The Union Daily
(၆၇)နှစ်မြောက်အာဇာနည်နေ့၌ ခေါင်းဆောင်ကြီးများကိုရည်စူး၍ ဆွမ်းဆက်ကပ်လှူဒါန်းပွဲကျင်းပရခြင်း သည် အာဇာနည်ခေါင်းဆောင်ကြီး များအတွက် ကုသိုလ်ပြုခြင်းဖြစ် သလို ခေါင်းဆောင်ကြီးများချမှတ် ခဲ့သည့်မူဝါဒလမ်းစဉ်များကို ဆက် လက်အကောင်အထည်ဖော်ရန် အားသစ်လောင်းခြင်းလည်းဖြစ် ကြောင်း ပြည်ထောင်စုလွှတ်တော် နာယကပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းကပြောသည်။

(၆၇)နှစ်မြောက်အာဇာနည်နေ့တွင် အာဇာနည်ခေါင်းဆောင်ကြီး များကိုရည်စူး၍ ရန်ကုန်မြို့ရှိ ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီရုံးချုပ်၌ ဆွမ်းဆက်ကပ်လှူ ဒါန်းရခြင်း၏ ရည်ရွယ်ချက်ကို မီဒီယာ ကမေးမြန်းရာတွင် ယင်းသို့ ပြန်လည် ဖြေကြားခဲ့ခြင်းဖြစ်သည်။

''အဓိကရည်ရွယ်ချက်ကတော့ အာဇာနည်ခေါင်းဆောင်ကြီးတွေကမြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အတွက် မူဝါဒတွေ၊ လမ်းစဉ်တွေ ချမှတ်ခဲ့ တယ်။ ပြောဆိုခဲ့တဲ့စကားတွေရှိ တယ်။ အဲဒီမူဝါဒလမ်းစဉ်၊ ပြောဆို တဲ့စကားတွေအရ မိမိတို့နိုင်ငံကောင်း အောင်၊ မိမိတို့ပြည်ထောင်စုကြီး ကောင်းအောင် ဆက်လက်လုပ် ဆောင်ဖို့တာဝန်ရှိတယ်၊ အဲဒီလို တာဝန်ရှိတာနဲ့အညီ မိမိတို့နဲ့အတူ ပြည်သူတွေ ပူးပေါင်းပြီးမှ မိမိတို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ တိုင်းရင်းသားပြည်သူများနဲ့ ပါဝင် ဆောင်ရွက်နိုင်ဖို့အတွက် ပိုမိုပြီး သတိရစေဖို့ ဒီလိုပွဲကြီးကို ကျင်းပ တာဖြစ်တယ်၊ အဲဒီလိုကျင်းပတဲ့ နေရာမှာ ကျဆုံးလေပြီးတဲ့အာဇာနည် ခေါင်းဆောင်ကြီးများအတွက် ကုသိုလ်တွေရတဲ့အပြင် အလှူပြုတဲ့ မိမိတို့တွေလဲ ကုသိုလ်ရသလို မိမိ တို့နိုင်ငံကို ထူထောင်တဲ့နေရာမှာ ခေါင်းဆောင်ကြီးများ ချမှတ်ခဲ့တဲ့ မူဝါဒ၊ လမ်းစဉ်များကို ဆက်လက် အကောင်အထည် ဖော်နိုင်ဖို့အတွက် အားသစ်လောင်းတဲ့အခမ်းအနားလဲ ဖြစ်တယ်။ အလှူဒါနလဲ ဖြစ်ပါ တယ်''ဟုပြည်ထောင်စု လွှတ် တော်နာယက သူရဦးရွှေမန်းက ပြောကြားသည်။

အစိုးရသစ် လက်ထက်တွင် (၆၇)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားသို့ အုပ်ချုပ်ရေးမဏ္ဍိုင်၊ ဥပဒေပြုရေး မဏ္ဍိုင်နှင့်တရားစီရင်ရေး မဏ္ဍိုင်မှ အကြီးအကဲများ တက် ရောက်ဂါရဝပြုခဲ့ကြသည်။ ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ၌ အာဇာနည်ခေါင်းဆောင် ကြီးများအားရည်စူး၍ နှစ်စဉ်နှစ် တိုင်းဆွမ်းဆက်ကပ်လှူဒါန်းခဲ့သည်။

The Union Daily

No comments:

Post a Comment