Monday 21 July 2014

ကြားဖြတ်ရွေးကောက်ပွဲ ကြိုတင်မဲပေးခွင့် ရှိသူများ စာရင်း ရွေးကောက်ပွဲ မတိုင်မီ ထုတ်ပြန်မည်ဟုဆို

ယခင် ရွေးကောက်ပွဲများတွင် ကြိုတင် ကြေညာပေးလေ့ မရှိသော ကြိုတင်မဲပေးနိုင်သူများ စာရင်းကို ဒီဇင် ဘာလ အတွင်း ကျင်းပပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲ မတိုင်မီ တိတိကျကျ ထုတ်ပြန် ကြေညာပေး သွားမည် ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးညွန့်တင်က ပြောကြားသည်။

နိုင်ငံခြား ရောက်နေသူများနှင့် ပြည်တွင်းရှိ ကြိုတင်မဲပေးရမည့် သူများကို ရွေးကောက်ပွဲ မတိုင်မီ တိတိ ကျကျ ထုတ်ပြန် ကြေညာသွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

ယင်း ကြိုတင် မဲပေးနိုင်မည့်သူ စာရင်းတွင် မပါဝင်သူများကို ကြိုတင်မဲပေးခွင့် ပြုမည် မဟုတ်ကြောင်း ၎င်းကဆိုသည်။

“အရင်တုန်းက ကြိုတင်မဲက ဘယ်သူတွေ ပေးနိုင်မှန်း မသိတဲ့ ပြဿနာ ရှိတယ်။ အခု အဲ့ဒါတွေ မဖြစ်အောင် ကြိုတင်မဲစာရင်းကို သေချာ ကြေညာပေးမယ်” ဟု ၎င်းက ဆိုသည်။

ယခင် ရွေးကောက်ပွဲများတွင် ကြိုတင်မဲကို သတ်မှတ်ထားသည့် အချိန် အကန့်အသတ်တွင်း မဲပေးခြင်း မပြုခဲ့သောကြောင့် တရားမဝင် ကြိုတင်မဲပေးမှုများ ရှိခဲ့ကြောင်း ရှမ်းတိုင်းရင်းသား ဒီမိုကရက်တစ် ပါတီဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက ဆိုသည်။

၂၀၁၀ ပြည့်နှစ်က ကျင်းပခဲ့သည့် အထွေထွေ ရွေးကောက်ပွဲတွင် ကြိုတင်မဲများ အကန့်အသတ်မရှိ ပေးခဲ့ မှုကြောင့် ရွေးကောက်ပွဲ မသမာမှု ဖြစ်ပေါ်ခဲ့သည်ဟု နိုင်ငံတကာ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သည့် အဖွဲ့အစည်းများ ရွေးကောက်ပွဲဝင် ပါတီအချို့က ဝေဖန်ခဲ့ကြသည်။

၂၀၁၄ ခုနှစ် ဒီဇင်ဘာလ အတွင်းတွင် လွှတ်တော်အတွင်း လစ်လပ်နေသည့် မဲဆန္ဒနယ် နေရာ ၃၀ တွင် ကြားဖြတ်ရွေးကောက်ပွဲ ပြန်လည်ကျင်းပပေးမည် ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ၂၀၁၄ ခုနှစ် မတ်လအတွင်းက ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။

The Voice Weekly 

No comments:

Post a Comment