Monday 21 July 2014

ခွင့်ပြုချက်မရသေးဘဲ ရွှေတူးဖော်သည့် KNU ၊ KNLA ရုံးခန်းကို ဒေသခံများ ၀င်ရောက်မီးရှို့

မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ် လေးမိုင် ကျေးရွာအနီးရှိ ခလိုင်း ကျစ်ဒေသ တွင် ရွှေ တူးဖော်ရေး လုပ်ငန်း လုပ်ကိုင်နေသော ကရင်အမျိုး သားအစည်း အရုံး၊ ကရင်လွတ် မြောက်ရေး တပ်မတော် (ငြိမ်းချမ်း ရေးကောင်စီ) အမည်ခံကုမ္ပဏီ ရုံးခန်း၏ လူနေတဲများကို ဒေသခံရွာသားများက ၀င်ရောက်မီးရှို့ဖျက်ဆီးမှု ဇူလိုင် ၁၆ ရက်က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဇူလိုင် ၁၆ ရက် နံနက် ၉ နာ ရီခွဲခန့်က လေးမိုင်ကျေးရွာ ခလိုင်း ကျစ်ဒေသတွင် တရားမ၀င် ရွှေ တူးဖော်ရေးလုပ်ငန်း လုပ်ကိုင်နေသော KNU၊ KNLA Peace Cou-ncil ၏ ကုမ္ပဏီလုပ်ကွက်အတွင်းသို့ လေးမိုင်ရွာသူ၊ ရွာသား ၃၀ ခန့် ၀င်ရောက်လာပြီး လူနေတဲများနှင့် ဆိုင်ကယ်များကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှ သတင်းရရှိသည်။

‘‘ကုမ္ပဏီက ရွှေလုပ်ကွက် လုပ်ကိုင်ခွင့် လျှောက်ထားဆဲပဲ ရှိ သေးတယ်။ ခွင့်ပြုမရသေးဘဲ တ ရားမ၀င် တူးတာကို ဒေသခံတွေ က မကျေနပ်တော့ ၀င်ရောက် ဖျက်ဆီးတာ ဖြစ်ပါတယ်။ ’’ ဟု သပိတ်ကျင်းမြို့နယ် ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။

ရွာခံများ ၀င်ရောက်မီးရှို့ ဖျက်ဆီးမှုကြောင့် လူနေတဲ တစ် လုံး၊ ချက်ကန်ပါတဲတစ်လုံး၊ ရုံး ခန်းတဲတစ်လုံး၊ ကရင်အမျိုးသား အစည်းအရုံး၊ ကရင်လွတ်မြောက် ရေးတပ်မတော် (ငြိမ်းချမ်းရေး ကောင်စီ)၏ အလံ တစ်ခုနှင့် ဆိုင် ကယ်နှစ်စီး ပျက်စီးခဲ့ပြီး ပျက်စီး ဆုံးရှုံးမှုတန်ဖိုး သုံးသိန်းဝန်းကျင် ရှိသည်ဟု ရဲမှတ်တမ်း များတွင် ဖော်ပြထားသည်။

ထို့ပြင် ရွှေလုပ်ကွက်အတွင်း မှ ဘီးလေးဘီးလုံး လေလျှော့ ထားသည့် 9F- နံပါတ်ပါ CRV ဟွန်ဒါအမျိုးအစား အဖြူရောင် ကားတစ်စီးနှင့် USA တံဆိပ်ပါ ကော်ကျည်ဆန်ဖြင့် ပစ်ခတ်ရ သည့် သတ္တုဖြင့် ပြုလုပ်ထားသော ပစ္စတို (အတု) တစ်လက်ကို လည်း တွေ့ရှိခဲ့သည်ဟု တိုင်းဒေ သကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သတင်း ရရှိသည်။

‘‘အမှုတော့ ဖွင့်ထားတယ်။ တရားခံတွေတော့တစ်ယောက်မှ မမိသေးဘူး။ ကုမ္ပဏီက လူတွေ ကလည်း ချက်ချင်းထွက်ပြေးသွား တယ်’’ ဟု သပိတ်ကျင်းမြို့နယ် ရဲစခန်းမှ ရဲအရာရှိက ပြောသည်။

ယင်းဖြစ်စဉ်အတွက် မီးရှို့ ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သည့် ဒေ သခံရွာသူ၊ ရွာသားများအား သပိတ် ကျင်းမြို့ နယ် ရဲစခန်းတွင် ပြစ်မှုပုဒ်မ ၄၃၆/၁၁၄ ဖြင့် အမှု ဖွင့်ထားပြီး ကရင်အမျိုးသားအ စည်းအရုံး၊ ကရင် လွတ်မြောက် ရေးတပ်မတော် (ငြိမ်းချမ်းရေး ကောင်စီ) အမည်ခံရွှေတူးဖော် ရေးကုမ္ပဏီကိုလည်း သတ္တု တွင်းဥပဒေနှင့်အညီ အရေးယူ နိုင်ရန် တရားဝင်ခွင့်ပြုချက်ဖြင့် လုပ်ကိုင်နေခြင်း ဟုတ်၊ မဟုတ် ဆက်လက် စစ်ဆေးနေကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

ထို့ပြင် မြန်မာနိုင်ငံတွင် ခေတ်အဆက်ဆက် လုပ်ကိုင်လာ ခဲ့သော တစ်နိုင်တစ်ပိုင် ရွှေသတ္တု တူးဖော်မှု များကို အစိုးရသစ် လက်ထက်တွင် ဥပဒေနှင့်မညီဟု ဆိုကာ လုပ်ကိုင်ခွင့်မပြုတော့ပေ။ ပြီးခဲ့သည့် နှစ်များမှ စတင်ကာ တစ်နိုင်တစ်ပိုင် ရွှေသတ္တုတူးဖော်လုပ်ကိုင်သူများကို အစိုးရက ဖမ်းဆီးမှုများ ပြုလုပ်ခဲ့သည်။

သီးနှံစိုက်ပျိုးမြေရှားပါးပြီး ရွှေသတ္တုတူးဖော်ခြင်းလုပ်ငန်း ဖြင့်သာ အဓိကအသက်မွေး ၀မ်း ကျောင်းပြုသည့် မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ သပိတ်ကျင်း၊ စဥ့်ကူမြို့နယ်များမှ ဒေသခံများ မှာ ၎င်းတို့ကျေးရွာအနီးရှိ တော တောင်၊ မြစ်ချောင်းများတွင် အ စိုးရက တစ်နိုင်တစ်ပိုင် ရွှေတူး ဖော်ခွင့်မပေးဘဲ ဖမ်းဆီးမှုများ ရှိလာသောကြောင့် စားဝတ်နေရေးအတွက် အခက်တွေ့နေရသည်ဟု သပိတ်ကျင်းမြို့နယ်ဒေသခံများက ပြောသည်။ 

7day daily 

No comments:

Post a Comment