Monday 21 July 2014

မိုင်းလင်းဒေသ ရွှေတူးဖော်ရေးလုပ်ငန်းများ ရပ်ဆိုင်းထားရန်ညွှန်ကြား

ရှမ်းပြည်နယ်အရှေ့ပိုင်း ရှိ မိုင်းလင်းရွှေတူးဖော်ရေးလုပ် ငန်းများကို  လယ်သမားများ တိုင်ကြားမှုကြောင့် လုပ်ငန်းများ ရပ်ဆိုင်ထားရန် ရှမ်းပြည်နယ် သစ်တောနှင့် သတ္တုဝန်ကြီးဦးစိုင်း အိုက်ပေါင်းက ညွှန်ကြားထား ကြောင်း သတင်းရရှိသည်။

‘‘အဓိက သုံးချက်ပါပဲ။ လုပ် ငန်းတွေရပ်ထားဖို့၊  လယ်သမား တွေကို နစ်နာကြေးလျော်ကြေး ပေးဖို့။ နောက် လယ် ထဲမှာ ရောက်နေတဲ့ စွန့်ပစ်ပစ္စည်းတွေကို ဖယ် ရှားပေးဖို့ပြောထားတယ်’’ဟု ဦး စိုင်းအို က်ပေါင်း ကပြောသည်။

တာချီလိတ်ခရိုင် မိုင်းလင်း အုပ်စု၊ နားဟိုင်းလုံရွာအနီးရှိ လွယ်ခမ်းတောင်ကြောတွင် ရွှေ သတ္တုတူးဖော်ရေး ကုမ္ပဏီ ၁၀ ခု ခန့်က ရွှေတူးဖော်ရေးလုပ်ငန်း များကို ၂၀၀၇ ခုနှစ်မှ စတင် ဆောင်ရွက်နေရာ၊ လုပ်ငန်းများ ကြောင့် ချောင်းအနက်တိမ်လာ ပြီး လယ်ကွင်းများ၊ ရွာများထဲသို့ ချောင်းရေများစီးဝင်ကာ စွန့်ပစ်  အဆိပ် အတောက်များ၊ သဲများ ပါဝင်ရောက်လာသည့်အတွက် လယ်ယာမြေများ ပျက်စီးနေ သည်ဟု ဒေသခံ လယ် သမားများ က တိုင်ကြားစာများ ပေးပို့ထား သည်။

ရွှေတူးဖော်ရေးလုပ်ငန်း များကို ရပ်ဆိုင်းပေးရန်၊ နယ်မြေ အတွင်းရှိ စက်ယန္တရားများကို ပြန်လည်ရုပ်သိမ်း ရန်၊ အလုပ် သမားများကို ပြန်လည်ခေါ် ဆောင်သွားရန်၊ နယ်မြေအတွင်း ရှိ ပျက်စီးသွားသော ချောင်းများ နှင့် လယ်ယာမြေအားလုံးကို ရွှေတူးဖော်ရေးလုပ်ငန်းမစမီ နဂိုမူလအတိုင်း    ပြန်လည်ပြုပြင် ပေးရန်၊ ရွှေတူးဖော်ရေး ကုမ္ပဏီ များကြောင့် နစ်နာဆုံးရှုံးမှုများကို လျော်ကြေးပေးအပ်ရန် ရှမ်း တောင်သူများ ကွန်ရက် က တောင်းဆိုထားခြင်းဖြစ်သည်။

နစ်နာသည့် လယ်သမား များက အစိုးရအဖွဲ့သို့ တိုင်ကြား စာများ ပေးပို့ထားသည့်အပြင် ရှမ်းပြည်နယ် အစိုးရအဖွဲ့သတ္တု နှင့် သစ်တောဝန်ကြီး ဦးစိုင်းအိုက် ပေါင်းကို ဇူလိုင် ၁၈ ရက်က တွေ့ ဆုံတင်ပြခဲ့ရာတွင် ဦးစိုင်းအိုက် ပေါင်းက ဒေသခံများဘက်မှ ညှိ နှိုင်းပေးခဲ့ပြီး သတ္တုတူးဖော်သည့် ကုမ္ပဏီများကို လုပ်ငန်းများ ရပ် ဆိုင်းထားရန် ညွှန်ကြားလိုက်ခြင်း ဖြစ်သည်ဟုဆိုသည်။

ရွှေတူးဖော်သည့်လုပ်ငန်း ခွင်ကြောင့် လယ်ယာမြေများ ပျက်စီးခြင်းမှာ နုန်းတာတမံကို သေချာစွာ မတည်ဆောက်သည့် အတွက်ကြောင့်ဖြစ်သည်ဟု ဦးစိုင်းအိုက်ပေါင်းကပြောကြားခဲ့ပြီး၂၀၁၂ ခုနှစ်ကလည်း ထိုသို့ပြဿ နာမျိုး ကြုံခဲ့ဖူးသည့်အတွက် ဖြေ ရှင်းပေးခဲ့ရသေးကြောင်း ပြော ကြားခဲ့သည်။

မိုင်းလင်းဒေသတွင် ရွှေတူး ဖော်ရေးလုပ်ငန်းများကို ၂၀၀၇ ခု နှစ်ကတည်းကပင် ဆောင်ရွက်ခဲ့ ကြပြီး ကုမ္ပဏီကြီး များဖြစ်သည့် ရွှေတောင်ကုမ္ပဏီ၊ စိုင်းတစ် ကုမ္ပဏီ၊ လွယ်ခမ်းလုံကုမ္ပဏီ စသည့်ကုမ္ပဏီများ ပါဝင်ကြောင်း သတင်းရရှိသည်။

7Day DAILY 

No comments:

Post a Comment