Monday 21 July 2014

ထိုင်းနိုင်ငံတွင် မြန်မာမိခင်နှင့် မွေးကင်းစသားငယ်တို့ မီးခိုးမွန်း၍ သေဆုံး

ပရာချွပ်စီရီခန်ဒေသ၊ မူအန် ခရိုင်တွင် အိပ်နေကြစဉ် မြန်မာအမျိုး သမီးတစ်ဦးနှင့် သူမ၏ မွေးကင်းစ သားငယ်တို့ သေဆုံးပြီး တခြားသူ သုံးဦးတို့မှာ ပြင်းပြင်းထန်ထန်ဝေဒနာ ခံစားရကြောင်း ထိုအဖြစ် အပျက်မှာ ဇူလိုင် ၂ဝ ရက် နံနက်ပိုင်း၌ဖြစ် ပွားခဲ့ကြောင်း ထိုင်းရတ်သ်အွန်လိုင်း က ဖော်ပြသည်။

ကလောင်ဝမ်န်ရဲစခန်းမှ တာဝန်မှူး ရဲမှူးအေမွန်ဖက်ဒေါင်အား မြန်မာရွှေ့ပြောင်းအလုပ်သမားတို့ က နံနက် ၈ နာရီခန့်၌ အဆိုပါ အဖြစ်အပျက်အကြောင်း သတင်း ပေးပို့ပြီးနောက် ရဲအဖွဲ့တစ်ဖွဲ့သည် ဖူအန်ခရိုင်ရှိ ကလောင်ဝမ်န်ဝါကို လမ်းရှိ အငှားအိမ်တစ်အိမ်သို့ အဆောတလျင် သွားရောက်ခဲ့သည်။ ရဲအဖွဲ့က အိမ်ကို ဖောက်ထွင်းဝင် ရောက်ရာ အိမ်ထဲ၌ မီးခိုးများအပြည့် ရှိနေသည်ကိုတွေ့ရသည်ဟု ဆိုသည်။ အခန်းထဲတွင် လူငါးဦးလဲနေသည် ကို ရဲက တွေ့ရသည်။ နောက်ပိုင်း၌ အသက် ၂၂ နှစ်ရှိ ယာပါတို အမည် ရှိ မြန်မာအမျိုးသမီးနှင့် သူမ၏ သုံး ရက်သားကလေးတို့ သေဆုံးနေကြ သည်ကို ရဲက တွေ့ရသည်။

အသက် ၃၅ နှစ်ရှိ အမျိုးသမီး တစ်ဦး၊ အသက် ၁၅ နှစ်ရှိ မိန်းက လေးတစ်ဦးနှင့် အသက် ၆ နှစ်ရှိ ယောက်ျားလေးတစ်ဦးတို့ လဲလျက် သတိလစ်နေကြသည်ကို တွေ့ရသည် ဟု ရဲကဆိုသည်။ အိမ်ထဲ၌ တွေ့ရသ မျှ လူအားလုံးကို ရွှေ့ပြောင်းထား လိုက်သည်ဟု ရဲများကဆိုသည်။

မီးခိုးများမှာ သစ်တုံးသုံးတုံးကို မီးလောင်ရာမှ လာသည်ကို တွေ့ရ သည်။ မစ္စယာပါတိုသည် မွေးဖွားမှု ဝေဒနာမှ သက်သာရန် ရိုးရာနည်း ဖြင့်ကုသစဉ် မီးဖိုအနီးတွင် လဲနေပြီး သူမ၏သား အပါအဝင် အခြားသူ များမှာ လေဝင်လေထွက်မရှိသော အခန်းတွင်း၌ အိပ်နေကြသည်ဟု ယုံကြည်ရကြောင်း ရဲက ဖော်ပြသည်။
မစ္စယာပါတို၏ ခင်ပွန်းမှ ငါး ဖမ်းသင်္ဘောတွင် ညတာဝန်ကျရာ နံနက်ပိုင်းမှ အိမ်သို့ ရောက်လာပုံရ သည်ဟု ရဲကဆိုသည်။

Ref: Bangkok Post

No comments:

Post a Comment