Monday 21 July 2014

မြန်မာက ရုရှား၊ သီရိလင်္ကာ၊ နီပေါတို့နှင့် ငွေကြေးခ၀ါချမှုတိုက်ဖျက်ရေးတွင် ပူးပေါင်းဆောင်ရွက်မည်

တရုတ်နိုင်ငံမကာအိုတွင် ဇူလိုင် ၁၅ ရက်မှ ၁၈ ရက် အထိ ပြုလုပ်ခဲ့သော (၁၇) ကြိမ် မြောက်အာရှ-ပစိဖိတ်ငွေကြေး ခ၀ါချမှုတိုက်ဖျက်ရေးအဖွဲ့ (APG) ၏ အစည်းအဝေး၌ မြန်မာနိုင်ငံကရုရှား၊ သိရီလင်္ကာ၊ နီပေါနိုင်ငံတို့နှင့် ငွေကြေးခ၀ါချမှုစုံစမ်းထောက်လှမ်းရေး ရဲတပ်ဖွဲ့ချင်းပူးပေါင်းလုပ်ဆောင်ရန် သဘောတူ စာချုပ်များ ချုပ်ဆိုခဲ့ကြောင်း သတင်းရရှိသည်။
‘‘ရုရှား၊ သီရိလင်္ကာ၊ နီပေါ နိုင်ငံတွေနဲ့ တစ်နိုင်ငံချင်းပူးပေါင်း လုပ်ဆောင်ဖို့ သဘောတူစာချုပ် တွေချုပ်ခဲ့ တယ်။ ငွေကြေးခ၀ါချ မှုတိုက်ဖျက်ရေးနဲ့ အကြမ်းဖက် မှုတိုက်ဖျက်ရေးဥပဒေအတည်ပြု ပြီးတာနဲ့ ပတ် သက်ပြီး  ကျွန်တော်  တို့လုပ်ဆောင်ထားတာတွေ အားလုံး အဲဒီအစည်းအဝေးမှာ ချပြနိုင်ခဲ့တယ်’’ဟု မြန်မာကိုယ်စားပြု အစည်းအဝေးတက် ရောက်ခဲ့သော ရဲအရာရှိကြီးကပြောသည်။

မြန်မာနိုင်ငံက အာရှ-ပစိ ဖိတ်ငွေကြေးခ၀ါချမှုတိုက်ဖျက် ရေးအဖွဲ့(APG) အဖွဲ့ဝင်နိုင်ငံ အဖြစ် ၂၀၀၆ ခုနှစ် က ၀င်ရောက် ခဲ့ခြင်းဖြစ်ပြီး မကာအိုတွင် ပြုလုပ် ခဲ့သည့် ယင်းအစည်းအဝေးသို့ အာဆီယံ ဆယ်နိုင်ငံ အပါအ၀င် အာရှ-ပစိဖိတ်ဒေသမှအဖွဲ့ဝင် ၄၁ နိုင်ငံတက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

ထို့အပြင် မြောက်ကိုရီးယားနိုင်ငံကိုအာရှပစိတ်ဖိတ် ငွေကြေးခ၀ါချမှုတိုက်ဖျက်ရေး အဖွဲ့၏ အဖွဲ့ဝင် နိုင်ငံသစ်အဖြစ်  အဖွဲ့ဝင်နိုင်ငံများက လက်ခံခဲ့ကြောင်း ၎င်းကပြောသည်။

   ငွေကြေးဆိုင်ရာစောင့် ကြည့်အရေးယူမှုအဖွဲ့(The Fin-ancial Action Tack Force) ၏ ငွေကြေး ခ၀ါချမှုစောင့်ကြည့် ရမည့် နိုင်ငံများစာရင်းတွင် အရှေ့တောင်အာရှဒေသတွင်းမှ အင်ဒို နီးရှားနိုင်ငံနှင့်အတူ မြန်မာနိုင်ငံ ကို ထည့်သွင်းထားဆဲဖြစ်သည်။

7Day DAILY 

No comments:

Post a Comment