Monday 21 July 2014

၂၀၁၅ မတိုင်မီ နိုင်ငံရေးဆွေးနွေးပွဲ စတင်ဆွေးနွေးလိုဟု သမ္မတရုံး ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းပြောကြား

၂၀၁၅ ခုနှစ် မတိုင်မီ နိုင်ငံရေးဆွေးနွေးပွဲ စတင် ဆွေးနွေး လိုဟု ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းက ငြိမ်းချမ်းရေးဖြစ်စဉ် နှင့် လွှတ်တော်အခန်းကဏ္ဍဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ တွင် ပြောဆိုခဲ့ ကြောင်း အဆိုပါ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် ပြည်သူ့လွှတ် တော် ကိုယ်စား လှယ် ဒေါ်နန်းဝါနု ကဒီမို ကရေစီတူဒေးသို့ ပြောသည်။

နေပြည်တော်ရှိ ရွှေဧည့်သည် ဟိုတယ်တွင်ဇူလိုင်လ၂ဝရက်နေ့ ကငြိမ်းချမ်းရေးဖြစ်စဉ်နှင့်လွှတ် တော် အခန်း ကဏ္ဍ ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲအဖွင့်နှုတ်ခွန်းဆက်စ ကားတွင်ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။ 

ဒေါ်နန်းဝါနုက''ဝန်ကြီးက အခု ကာလဟာအကောင်းဆုံး အနေ အထားဖြစ် တယ်။ ၂၀၁၅ နောက် ပိုင်းကျရင်ရွေးကောက်ပွဲရှိ တယ်ဆို တော့ နောက် လာမယ့် သက်တမ်းမှာ ခက်ခဲသွားနိုင်တယ်။ အခုအနေ အထားက အကောင်းဆုံးဖြစ်တယ် ဆိုတာကို ထည့်သွင်းပြောသွားပါ တယ်''ဟု ပြောသည်။ 

ယင်းဆွေးနွေးပွဲကိုပြည်ထောင် စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌများ ဖြစ် သည့် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် ပြည်သူ့လွှတ်တော် တိုင်းရင်းသားရေးရာ၊ ကျေးလက် လူမှု ဘဝမြင့်တင်ရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေးဖော်ဆောင်မှု ကော် မတီဥက္ကဋ္ဌဦးသိန်းဇော်နှင့် လွှတ် တော် ကိုယ်စားလှယ်များ၊ မြန်မာ့ငြိမ်း ချမ်းရေးစင်တာမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ 

လက်ရှိတွင် အစိုးရနှင့်တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့များ ၏ ဆွေးနွေး ချက်၁၂၂ချက်မှာဆက် လက်ဆွေးနွေးညှိနှိုင်းနေဆဲအဆင့် သာရှိသေးကြောင်း အပစ်အခတ် ရပ်စဲရေးလက်မှတ်ရေးထိုးနိုင်သည် အထိခိုင်မာသည့် အပစ်အခတ်ရပ် စဲရေးဖြစ်ရန်အတွက် လွှတ်တော် ကိုယ်စားလှယ် များနှင့်ပြည်သူများက ပူးပေါင်းဆောင်ရွက်ရန်လို သည်ဟု ပြောဆို ခဲ့ကြောင်းလည်း သိရသည်။

မြန်မာငြိမ်းချမ်းရေးဗဟိုဌာန (MPC)မှ ဦးအောင်နိုင်ဦးက''လွှတ်တော် ကငြိမ်း ချမ်းရေး လုပ်ငန်း စဉ်မှာ အဓိကနေရာက ပါဝင်ပါတယ်။ လွှတ်တော် ဥက္ကဋ္ဌနှစ်ယောက် လုံး ကလည်း ငြိမ်းချမ်းရေးဗဟိုကော် မတီမှာပါတယ်။ လက်ရှိလုပ်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို လွှတ်တော် ကိုယ်စားလှယ်တွေ လည်း သိဖို့လို ပါတယ်''ဟု ပြောသည်။ 

ယင်းအလုပ်ရုံဆွေးနွေးပွဲနှုတ် ခွန်းဆက်စကား တွင်ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းက တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအား ယခုနှစ် ကုန်ပိုင်း တွင်အပြီးသတ် လက်မှတ် ရေးထိုးနိုင်ရန်ကြိုးစားနေပြီး နိုင်ငံရေး ဆွေးနွေး ပွဲများအား လာမည့် နှစ် ဆန်းတွင် ဆွေးနွေးနိုင်ရန်အတွက် ကြိုးစားနေကြောင်းပြော ဆိုခဲ့ကြောင်း သိရသည်။

ယင်းဆွေးနွေးပွဲအားမြန်မာ့ ငြိမ်းချမ်းရေးစင်တာမှတာဝန်ရှိသူ များကခေါင်းစဉ် အသီးသီးဖြင့်ဆွေး နွေး ခဲ့ကြပြီး အပစ်အခတ်ရပ်စဲရေး၊ နိုင်ငံရေးဆွေးနွေး ပွဲများအတွက်ချ မှတ်ရမည့်မူဘောင်များနှင့် အပစ် အခတ်လေ့ လာစောင့်ကြည့်ရေးနှင့် ပတ် သက်၍အဓိက ထားပြောဆို ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

''ပွဲအနေနဲ့ကတော့ရလဒ်တွေ ထက်လွှတ်တော်ကိုယ်စားလှယ်တွေ ပိုပြီးသိရှိ လာေ အာင် အပြန်အလှန် ဆွေးနွေးတဲ့ သဘောပဲ ဖြစ်ပါတယ်။ လွှတ်တော်က ဥပဒေပြုတဲ့အပိုင်းကို လုပ်တာဆိုတော့ ပြင်ဆင်စရာရှိ တာတွေ လည်း ပြင်ဆင်နိုင်အောင် လို့ပါ။ နိုင်ငံရေးဆွေးနွေးပွဲ မူဘောင် နဲ့ပတ် သက်ပြီးတော့ တိုင်းရင်း သား လက်နက်ကိုင် အင်အားစုတွေက လည်း အလွတ်သဘောဆွေးနွေးကြ တာရှိပါတယ်''ဟုဦးအောင်နိုင် ဦးကဆိုသည်။ ယင်းအလုပ်ရုံဆွေးနွေးပွဲသို့ လွှတ်တော်ကိုယ်စားလှယ်၃ဝခန့် တက်ရောက်ခဲ့သည်။

LA
Democracytoday
Yangon Media Group

No comments:

Post a Comment