Monday 21 July 2014

ရှေ့ဘီးပေါက်ပြီး အရှိန်မထိန်းနိုင်သောယာဉ် လမ်းလယ်ကျွန်းပေါ်၌ ပက်လက်လန်တိမ်းမှောက်

Photo: ရှေ့ဘီးပေါက်ပြီး အရှိန်မထိန်းနိုင်သောယာဉ် လမ်းလယ်ကျွန်းပေါ်၌ ပက်လက်လန်တိမ်းမှောက်
Monday, July 21, 2014

 ၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်နေ့ နေ့လည် ၁ နာရီခွဲအချိန် မန္တလေးတိုင်း ဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ်(၃၁၆/၃-၄)ကြားတွင် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်း သတင်းအရ သီးကုန်းအမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေး ခဲ့သည်။

 စစ်ဆေးချက်အရ ရန်ကုန်မှမန္တလေးသို့ မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီး တံခွန်မြို့နယ်၊ (က)ရပ်ကွက်နေ မျိုးမင်း(၅၃)နှစ်မောင်းနှင်ပြီး မန္တလေးမြို့၊ ကျွဲဆည်ကန်ကားကြီးဝင်းနေ ကျော်သိန်းစိုး(၃၆)နှစ်လိုက်ပါလာသည့် AA/xxxx ပရိုဘောက်အဖြူရောင်ယာဉ်မှာ ၀ဲဘက်ရှေ့ဘီးပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းပေါ်သို့ရောက်ရှိကာ ပက်လက်လန်တိမ်းမှောက်ခဲ့ကြောင်း သိရှိရသည်။

 ထိုသို့တိမ်းမှောက်မှုကြောင့် မျိုးမင်းတွင် ယာမျက်ခုံးပေါက်ပြဲ၊ ၀ဲလက်ကောက်ဝတ်ကျိုး၊ ယာတံတောင်စုတ်ပြဲ၊ ၀ဲ/ယာဒူးပွန်းပဲ့ဒဏ်ရာနှင့် ကျော်သိန်းစိုးတွင် နဖူး/အောက်နှုတ်ခမ်းပေါက်ပြဲ၊ ယာပါးပွန်း၊ ရင်ဘတ်အောင့်ဒဏ်ရာများ အသီးသီးရရှိခဲ့သဖြင့် မိတ္ထီလာဆေးရုံသို့ တင်ပို့ကုသခဲ့ပြီး ယာဉ်မှာ ရှေ့ခေါင်းပိုင်း/ဘော်ဒီ/အမိုးပိန်ချိုင့်၊ ရှေ့လေကာမှန်ကွဲ၍ တန်ဘိုးငွေကျပ်(၁၅)သိန်းခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်းနှင့် ယာဉ်မဆင်မခြင်မောင်းနှင်သူ မျိုးမင်းအား သီးကုန်းအမြန်လမ်းရဲစခန်း ယာဉ်(ပ)၂၄/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်
၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်နေ့ နေ့လည် ၁ နာရီခွဲအချိန် မန္တလေးတိုင်း ဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ်(၃၁၆/၃-၄)ကြားတွင် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်း သတင်းအရ သီးကုန်းအမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေး ခဲ့သည်။

 စစ်ဆေးချက်အရ ရန်ကုန်မှမန္တလေးသို့ မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီး တံခွန်မြို့နယ်၊ (က)ရပ်ကွက်နေ မျိုးမင်း(၅၃)နှစ်မောင်းနှင်ပြီး မန္တလေးမြို့၊ ကျွဲဆည်ကန်ကားကြီးဝင်းနေ ကျော်သိန်းစိုး(၃၆)နှစ်လိုက်ပါ လာ သည့် AA/xxxx ပရိုဘောက်အဖြူရောင်ယာဉ်မှာ ၀ဲဘက်ရှေ့ဘီးပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းလယ် ကျွန်းပေါ်သို့ရောက်ရှိကာ ပက်လက်လန်တိမ်းမှောက်ခဲ့ကြောင်း သိရှိရသည်။

 ထိုသို့တိမ်းမှောက်မှုကြောင့် မျိုးမင်းတွင် ယာမျက်ခုံးပေါက်ပြဲ၊ ၀ဲလက်ကောက်ဝတ်ကျိုး၊ ယာတံတောင်စုတ်ပြဲ၊ ၀ဲ/ယာဒူးပွန်းပဲ့ဒဏ်ရာနှင့် ကျော်သိန်းစိုးတွင် နဖူး/အောက်နှုတ်ခမ်းပေါက်ပြဲ၊ ယာပါးပွန်း၊ ရင်ဘတ်အောင့် ဒဏ်ရာများ အသီးသီးရရှိခဲ့သဖြင့် မိတ္ထီလာဆေးရုံသို့ တင်ပို့ကုသခဲ့ပြီး ယာဉ်မှာ ရှေ့ခေါင်းပိုင်း/ဘော်ဒီ/အမိုးပိန်ချိုင့်၊ ရှေ့လေကာမှန်ကွဲ၍ တန်ဘိုးငွေကျပ်(၁၅)သိန်းခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်းနှင့် ယာဉ် မဆင်မခြင်မောင်းနှင်သူ မျိုးမင်းအား သီးကုန်းအမြန်လမ်းရဲစခန်း ယာဉ်(ပ)၂၄/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၃၇/ ၃၃၈ ဖြင့် အမှု ဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

No comments:

Post a Comment