Monday 21 July 2014

ရွေးကောက်ပွဲဆိုင်ရာ ကိစ္စများတွင် သမာသမတ်ကျစွာ ပြုလုပ်နိုင်ရေးအတွက် ရွေးကောက်ပွဲကော်မရှင်၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက် အဖွဲ့အစည်းများနှင့် နိုင်ငံတကာမှ ပညာရှင်များပါဝင်သော ညီလာခံပြုလုပ်

Photo: ရွေးကောက်ပွဲဆိုင်ရာ ကိစ္စများတွင် သမာသမတ်ကျစွာ ပြုလုပ်နိုင်ရေးအတွက် ရွေးကောက်ပွဲကော်မရှင်၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက် အဖွဲ့အစည်းများနှင့် နိုင်ငံတကာမှ ပညာရှင်များပါဝင်သော ညီလာခံပြုလုပ်
Monday, July 21, 2014

ရွေးကောက်ပွဲဆိုင်ရာ ကိစ္စများတွင် သမာသမတ်ကျစွာ ပြုလုပ်နိုင်ရေးအတွက် အစိုးရ၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် နိုင်ငံတကာမှ ပညာရှင်များပါဝင်သော ညီလာခံတစ်ရပ်ကို ဇူလိုင် ၂ဝ ရက်က ရန်ကုန်မြို့ Park Royal ဟိုတယ်တွင် ပြုလုပ်ခဲ့သည်။

အဆိုပါညီလာခံအား National Democratic Insitute နှင့် မိတ်ဖက်အဖွဲ့များဖြစ်သော IRI နှင့်  IFES တို့မှ ပူးပေါင်းပြုလုပ်ခြင်းဖြစ်ပြီး အဆိုပါညီလာခံသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဦးတင်အေးနှင့် ကော်မရှင်မှတာဝန်ရှိသူများ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် တိုင်းရင်းသားပါတီများမှ ပုဂ္ဂိုလ်များနှင့် ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်း ၁၅ဝ ကျော် တက်ရောက်ခဲ့ပြီး ၂ဝ၁၄ နှစ်ကုန်ပိုင်းတွင်ပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲနှင့် ၂ဝ၁၅ ရွေးကောက်ပွဲများတွင် တရားမျှတမှုရှိရေးနှင့် ပတ်သက်၍ နိုင်ငံတကာနှင့် ဒေသတွင်း ကျင့်သုံးနေသည့် အချက်များနှင့် နည်းစနစ်များအပေါ် သုံးသပ်ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက “၂ဝ၁ဝ ဩဂုတ်မှာ ရွေးကောက်ပွဲကြီးလုပ်လိုက်တဲ့ အခါကျတော့ ကျွန်တော့်အမြင် ပြောကြေးဆိုရင် ရွေးကောက်ပွဲကော်မရှင်ကိုယ်၌က အချိန်ရှစ်လနီပါးလောက်စောပြီး နည်းဥပဒေတွေ၊ လမ်းညွှန်တွေချပေးတယ်။ ဒါ့ကြောင့် ခရိုင်အဆင့်တွေ ကျွမ်းချင်ကျွမ်းမယ်။ တိုင်းအဆင့်တွေ ကျွမ်းချင်ကျွမ်းမယ်။ ဒါပေမဲ့ တကယ်လက်တွေ့လုပ်ရမယ့် မြို့နယ်အဆင့်တွေ၊ ကျေးရွာအဆင့်တွေကတော့ voter training မကျွမ်းဘူး။ ဒီတော့ အဆင့်ဆင့်သော ကော်မရှင်အဖွဲ့ခွဲတွေက ကျွမ်းကျင်မှု အားနည်းသလို ပါတီတွေကလည်း rules and relation တွေမသိ၊ ဒီအချိန်မှာ ရွေးကောက်ပွဲလုပ်လိုက်တာ ဖြစ်တယ်။ ယနေ့အခြေအနေကြီး ပေါ်လာတာဟာ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အရရော၊ နောက် ၂ဝ၁ဝ ရွေးကောက်ပွဲကြောင့်ပါ။ ဒါ့ကြောင့်မို့ ကျွန်တော်တို့ ရှေ့ဆက်သွားရမယ့် ငါးနှစ်တစ်ကြိမ်သွားရမယ့် ရွေးကောက်ပွဲတွေမှာ လွတ်လပ်တရားမျှတဖို့ လိုတယ်။ အဲဒီ ရွေးကောက်ပွဲတွေကို လွတ်လပ်တရားမျှတဖို့လိုတဲ့ ကိစ္စမှာ ကျွန်တော်တို့ကော်မရှင် အနေနဲ့ကတော့ ကျွန်တော်လုပ်ပေးမယ်လို့ ကျွန်တော်က ဆုံးဖြတ်တယ်” ဟု ပြောကြားသည်။

အဆိုပါညီလာခံမှ ရွေးကောက်ပွဲ သမာသမတ်ကျမှု တိုးတက်ရန်အတွက် မဲဆွယ်စည်းရုံးခြင်း၊ ဆန္ဒမဲပေးခြင်းနှင့် မဲရေတွက်ခြင်း၊ ဘက်မလိုက်သည့် လေ့လာစောင့်ကြည့်ခြင်း၊ နိုင်ငံရေးပါတီများမှ မဲရုံစောင့်ကြည့်ခြင်း၊ ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုများအား ဖြေရှင်းခြင်းများနှင့် ပတ်သက်၍ အဖွဲ့များခွဲ၍ ဆွေးနွေးခဲ့ပြီး ရရှိသည့် အကြံပြုချက်များအား သက်ဆိုင်ရာတာဝန်ရှိသူများထံ တင်ပြသွားနိုင်ရန်လည်း ရည်ရွယ်ကြောင်း သိရသည်။

ထို့ပြင် ညီလာခံသို့ တက်ရောက်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မိုးညိုက “ကော်မရှင်က အခုထုတ်ပြန်ထားတာတွေထဲမှာ တချို့အချက်တွေက ပါတီတွေအနေနဲ့ လက်မခံနိုင်စရာလေးတွေ ရှိတယ်။ ကျွန်တော်တို့အနေနဲ့လည်း ဒါတွေကို တင်ပြထားတာတွေ ရှိတယ်။ ကော်မရှင်ဥက္ကဋ္ဌအနေနဲ့ ပြောသွားတာတော့ တော်တော်လေးကို အားရဖို့ကောင်းပါတယ်။ သူ့အနေနဲ့ တရားမျှတတဲ့ ရွေးကောက်ပွဲကြီး ဖြစ်စေရမယ်လို့ ပြောပါတယ်” ဟု ပြောကြားသည်။   

Eleven Media Group 

ရွေးကောက်ပွဲဆိုင်ရာ သမာသမတ်ကျခြင်းတွင် နယ်ပယ်စုံမှ ပါဝင်နေကြသော အဖွဲ့အစည်းများ၏ ညီလာခံ ကျင်းပနေစဉ်
ရွေးကောက်ပွဲဆိုင်ရာ သမာသမတ်ကျခြင်းတွင် နယ်ပယ်စုံမှ ပါဝင်နေကြသော အဖွဲ့အစည်းများ၏ ညီလာခံ ကျင်းပနေစဉ်
ရွေးကောက်ပွဲဆိုင်ရာ ကိစ္စများတွင် သမာသမတ်ကျစွာ ပြုလုပ်နိုင်ရေးအတွက် အစိုးရ၊ နိုင်ငံရေးပါတီများ၊ အရပ် ဘက် အဖွဲ့အစည်းများနှင့် နိုင်ငံတကာမှ ပညာရှင်များပါဝင်သော ညီလာခံတစ်ရပ်ကို ဇူလိုင် ၂ဝ ရက် က ရန်ကုန်မြို့ Park Royal ဟိုတယ်တွင် ပြုလုပ်ခဲ့သည်။

အဆိုပါညီလာခံအား National Democratic Insitute နှင့် မိတ်ဖက်အဖွဲ့များဖြစ်သော IRI နှင့်  IFES တို့မှ ပူးပေါင်းပြုလုပ်ခြင်းဖြစ်ပြီး အဆိုပါညီလာခံသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဦးတင်အေးနှင့် ကော်မရှင်မှတာဝန်ရှိသူများ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် တိုင်းရင်းသားပါတီများမှ ပုဂ္ဂိုလ်များနှင့် ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်း ၁၅ဝ ကျော် တက်ရောက်ခဲ့ပြီး ၂ဝ၁၄ နှစ်ကုန်ပိုင်းတွင်ပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲနှင့် ၂ဝ၁၅ ရွေးကောက်ပွဲများတွင် တရားမျှတမှုရှိရေးနှင့် ပတ်သက်၍ နိုင်ငံ တကာနှင့် ဒေသတွင်း ကျင့်သုံးနေသည့် အချက်များနှင့် နည်းစနစ်များအပေါ် သုံးသပ်ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက “၂ဝ၁ဝ ဩဂုတ်မှာ ရွေးကောက် ပွဲကြီးလုပ်လိုက်တဲ့ အခါကျတော့ ကျွန်တော့်အမြင် ပြောကြေးဆိုရင် ရွေးကောက် ပွဲကော်မရှင် ကိုယ်၌က အချိန်ရှစ်လနီပါးလောက်စောပြီး နည်းဥပဒေတွေ၊ လမ်းညွှန်တွေချပေးတယ်။ ဒါ့ကြောင့် ခရိုင် အဆင့်တွေ ကျွမ်းချင်ကျွမ်းမယ်။ တိုင်းအဆင့်တွေ ကျွမ်းချင်ကျွမ်းမယ်။ ဒါပေမဲ့ တကယ်လက်တွေ့လုပ်ရမယ့် မြို့နယ်အဆင့်တွေ၊ ကျေးရွာအဆင့်တွေကတော့ voter training မကျွမ်းဘူး။ ဒီတော့ အဆင့်ဆင့်သော ကော်မရှင်အဖွဲ့ခွဲတွေက ကျွမ်းကျင်မှု အားနည်းသလို ပါတီတွေကလည်း rules and relation တွေမသိ၊ ဒီအချိန်မှာ ရွေးကောက်ပွဲလုပ်လိုက်တာ ဖြစ်တယ်။ ယနေ့အခြေအနေကြီး ပေါ်လာတာဟာ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အရရော၊ နောက် ၂ဝ၁ဝ ရွေးကောက်ပွဲကြောင့်ပါ။ ဒါ့ကြောင့်မို့ ကျွန်တော်တို့ ရှေ့ဆက် သွားရမယ့် ငါးနှစ်တစ်ကြိမ်သွားရမယ့် ရွေးကောက်ပွဲတွေမှာ လွတ်လပ်တရားမျှတဖို့ လိုတယ်။ အဲဒီ ရွေးကောက် ပွဲတွေကို လွတ်လပ်တရားမျှတဖို့လိုတဲ့ ကိစ္စမှာ ကျွန်တော်တို့ကော်မရှင် အနေနဲ့ကတော့ ကျွန်တော်လုပ်ပေးမယ်လို့ ကျွန်တော်က ဆုံးဖြတ်တယ်” ဟု ပြောကြားသည်။

အဆိုပါညီလာခံမှ ရွေးကောက်ပွဲ သမာသမတ်ကျမှု တိုးတက်ရန်အတွက် မဲဆွယ်စည်းရုံးခြင်း၊ ဆန္ဒမဲပေးခြ င်းနှင့် မဲရေတွက်ခြင်း၊ ဘက်မလိုက်သည့် လေ့လာစောင့်ကြည့်ခြင်း၊ နိုင်ငံရေးပါတီများမှ မဲရုံစောင့်ကြ ည့်ခြင်း၊ ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုများအား ဖြေရှင်းခြင်းများနှင့် ပတ်သက်၍ အဖွဲ့များခွဲ၍ ဆွေးနွေး ခဲ့ပြီး ရရှိသည့် အကြံပြုချက်များအား သက်ဆိုင်ရာတာဝန်ရှိသူများထံ တင်ပြသွားနိုင်ရန်လည်း ရည် ရွယ်ကြောင်း သိရသည်။

ထို့ပြင် ညီလာခံသို့ တက်ရောက်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မိုးညိုက “ကော်မရှင်က အခုထုတ်ပြန်ထားတာတွေထဲမှာ တချို့အချက်တွေက ပါတီတွေအနေနဲ့ လက်မခံနိုင်စရာလေးတွေ ရှိတယ်။ ကျွန်တော်တို့အနေနဲ့လည်း ဒါတွေကို တင်ပြထားတာတွေ ရှိတယ်။ ကော်မရှင်ဥက္ကဋ္ဌအနေနဲ့ ပြောသွားတာတော့ တော်တော်လေးကို အားရဖို့ကောင်းပါတယ်။ သူ့အနေနဲ့ တရားမျှတတဲ့ ရွေးကောက်ပွဲကြီး ဖြစ်စေရမယ်လို့ ပြောပါတယ်” ဟု ပြောကြားသည်။   

Eleven Media Group 

No comments:

Post a Comment