Monday 21 July 2014

လိုင်ဇာညီလာခံတက်မည့် တိုင်းရင်းသားအဖွဲ့များကို အစိုးရအစီအစဉ်ဖြင့် ပို့ဆောင်မည်

လိုင်ဇာညီလာခံသို့ တက်ရောက်မည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်များကို အစိုးရ အစီအစဉ်ဖြင့် လမ်းကြောင်းသုံးနေရာမှ ပို့ ဆောင်ပေးနေကြောင်း သတင်းရရှိသည်။

တိုင်းရင်းသားအဖွဲ့များက ကေအိုင်အိုဗဟိုဌာနချုပ် တည် ရှိရာလိုင်ဇာသို့ ရန်ကုန်၊ တာချီ လိတ်၊ မန္တလေးမြို့ များမှ လာ ရောက်ကာ မြစ်ကြီးနား-လိုင်ဇာ သို့ သွားရောက်ကြမည်ဖြစ်သည်။ အဆိုပါ ကိုယ်စားလှယ်များအ တွက်လိုအပ်သည့် ကူညီပံ့ပိုးမှု များကို အစိုးရကပြုလုပ်ပေးနေ ကြောင်း မြန်မာငြိမ်းချမ်းရေးနှင့် ပြန်လည် ထူထောင်ရေး ဗဟိုဌာန (MPC) အကြီးတန်းအကြံပေး ဦးလှမောင်ရွှေက ပြောသည်။ ‘‘ငြိမ်းချမ်းရေးအတွက် လို အပ်တဲ့ အရာအားလုံးကို စီစဉ် ဆောင်ရွက်ပေးတာပါ’’ ဟု ဦးလှ မောင်ရွှေဆိုသည်။

တတိယအကြိမ် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့ခေါင်း ဆောင်များ ထိပ်သီးညီလာခံကို လိုင်ဇာမြို့တွင် ဇူလိုင် ၂၄ ရက်မှ စ၍ သုံးရက်ကြာ ပြုလုပ်သွား မည်ဖြစ်သည်။ တိုင်းရင်းသားအဖွဲ့များ၏ တစ်နိုင်ငံလုံး အပစ် အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့(NCCT)၏ အစည်းအဝေးကိုမူ လိုင်ဇာမြို့၌ ညီလာခံ မတိုင်မီကြိုတင်၍ ဇူလိုင် ၂၁ ရက်မှစ၍သုံးရက်ကြာပြုလုပ်သွားမည် ဖြစ်သည်။ 

ညီလာခံတွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအတွက် အစိုးရနှင့် ညှိနှိုင်းရန်ကျန်သည့်အချက်၃၁ ချက် ကို ဆွေးနွေးကြမည်ဖြစ်ကြောင်း NCCT အဖွဲ့ဝင်များက ပြောသည်။

လိုင်ဇာညီလာခံအပြီး မကြာမီတွင်NCCT အစည်းအဝေးကို ထပ်မံပြုလုပ်သွားမည်ဖြစ်ပြီး ယင်းနော က်ပြည်ထော င်စု ငြိမ်း ချမ်းရေးဖော်ဆောင်ရေး လုပ်ငန်း ကော်မတီနှင့် ဆက်လက်ဆွေး နွေးမည်ဖြစ်သည်။ ညှိနှိုင်းမှုများ ပြီးစီးပါက သြဂုတ်လနောက်ဆုံး ပတ် (သို့မဟုတ်) စက်တင်ဘာလဆန်း၌ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်မည်ဟု နှစ်ဖက်ငြိမ်းချမ်းရေးအကျိုးဆောင်များက ဆိုသည်။

လိုင်ဇာညီလာခံသို့ တိုင်း ရင်းသား လက်နက်ကိုင်အဖွဲ့ ၁၇ ဖွဲ့ တက်ရောက်မည်ဖြစ်ကြောင်း ကနဦး သတင်း ရရှိသည်။

7Day Daily

No comments:

Post a Comment