Monday 21 July 2014

ပီနန်ဆရာတော်ကြီး ကိုယ်တိုင် သက်သေခံစာ တင်သွင်းမှ လက်ခံမည်ဆိုသဖြင့် တရားရုံး စစ်ဆေးမှု ရပ်ဆိုင်း တောင်းဆို

Photo: ပီနန်ဆရာတော်ကြီး ကိုယ်တိုင် သက်သေခံစာ တင်သွင်းမှ လက်ခံမည်ဆိုသဖြင့် တရားရုံး စစ်ဆေးမှု ရပ်ဆိုင်း တောင်းဆို
Monday,July 21, 2014 

ပိုင်ဆိုင်မှု အငြင်းပွားနေသော သန္တိသုခကျောင်းတိုက် ကိစ္စနှင့် ပတ်သတ်ပြီး ပီနန်ဆရာတော်ကြီး ကိုယ်တိုင် သက်သေခံစာ တင်သွင်းမှ လက်ခံမည် ဆိုသဖြင့် တရားရုံး စစ်ဆေးမှုကို ရပ်ဆိုင်းရန် အကျိုးဆောင်ရှေ့နေက တောင်းဆိုခဲ့ကြောင်း လန်ဒန်ဆရာတော် ဦးဥတ္တရက မိန့်ကြားသည်။

တာမွေမြို့နယ် တရားရုံးတွင် ဇူလိုင် ၁၈ ရက်နေ့က ပြုလုပ်သော ပဉ္စမအကြိမ် ရုံးချိန်းတွင် ပီနန်ဆရာတော်၏ လက်မှတ်ပါ သက်သေခံ တင်သွင်းသည့် စာကို စာအဖြစ် လက်ခံသော်လည်း မိတ္တူများ ဖြစ်နေသည့်အတွက် ပီနန်ဆရာတော် ကိုယ်တိုင် လာရောက်တင်သွင်းမှ လက်ခံရန် တရားလို အကျိုးဆောင်ရှေ့နေက ကန့်ကွက်ခဲ့ပြီး တရားရုံးက မိတ္တူဖြစ်သည့်အတွက် ပယ်ချသဖြင့် တရားစွဲဆိုခံ ဆရာတော်များ၏ ဥပဒေ အကျိုးဆောင်ရှေ့နေ ဦးသန်းထွန်းအောင်က တရားမမျှ၍ တရားရုံး စစ်ဆေးမှုကို ရပ်ဆိုင်းရန် တောင်းဆိုခဲ့၍ တရားရုံး စစ်ဆေးမှုကို ရပ်ဆိုင်းခဲ့ပြီး သြဂုတ် ၁ ရက်နေ့ကို ချိန်းဆိုခဲ့ကြောင်း လန်ဒန်ဆရာတော် ဦးဥတ္တရက မိန့်ကြားသည်။

ယင်းကဲ့သို့ အချေအတင် ဖြစ်ခဲ့သော သက်သေခံစာများကို ခရိုင်တရားရုံးသို့ တင်ပြပြီး ပြန်လည်စစ်ဆေး ညွန်ကြားလျှင် ပြန်လည် စစ်ဆေးရမည် ဖြစ်သဖြင့် သြဂုတ်လ ၁ ရက်ကို တရားရုံးချိန်း သက်မှတ်ခဲ့ခြင်း ဖြစ်ကြောင်း တရားစွဲဆိုခံ ဆရာတော်များ၏ ဥပဒေအကျိုးဆောင် ဦးသန်းထွန်းအောင်က ပြောကြားသည်။

“ပီနန်ဆရာတော်ဘုရားကြီး လက်မှတ်ထိုးထားတာကို သက်သေခံ တင်တယ်။ သက်သေခံ တင်တဲ့အတွက် တရားသူကြီးရဲ့ ပမာဒလေခကြောင့် လက်မှတ်ထိုးတာကို သတိမမူမိဘဲနဲ့ ငြင်းလိုက်တယ်။ သက်သေခံ မဝင်ဘူး။ အဲဒီအတွက် မကျေနပ်ဘူး။ ဆက်စပ် သံဃာတော် တရားခံတွေကိုပါ နစ်နာတဲ့အတွက် တရားစီရင်ရေးကို ရပ်ပေးပါ။ အထက်ရုံးကို တက်မယ်လို့ ပြောတဲ့အတွက် တရားစီရင်ရေး ရပ်ဆိုင်းလိုက်ပါတယ်။ သြဂုတ် ၁ ရက်ကို ချိန်းလိုက်ပါတယ်” ဟု ၎င်းက ဆက်လက် ပြောကြားသည်။

သန္တိသုခကျောင်းတိုက်သည် ယခင်ကတည်းက သံဃိကပစ္စည်း ဖြစ်ပြီး မဟန ပိုင်ဆိုင်ကြောင်း ကြေညာထားပြီး ဖြစ်သည်ဟု သာသနာရေးဦးစီးဌာန ညွန်ကြားရေးမှူး ဦးထွန်းညွန့်က ဆိုသည်။

“မဟန ဆရာတော်တွေကို သက်သေအဖြစ် တင်မယ်လို့တော့ မကြားမိသေးပါဘူး။ ကိုယ်တို့ဘက်ကတော့ တင်ဖို့ မရှိပါဘူး။ မဟန ဆရာတော်တွေက ဝိနစ္စခုံရုံး မဟုတ်တဲ့အတွက် နိုင်ငံတော် သံဃမဟာနာယက ဆရာတော်တွေနဲ့ မပတ်သက်ပါဘူး ညီလေးရယ်။ အရပ်ဘက် တရားရုံးမှာလည်း စွဲဆိုလို့ မရပါဘူး” ဟု ၎င်းက ပြောကြားသည်။

သက်သေခံများကို စစ်ဆေးရာတွင် နိုင်ငံတော် သံဃမဟာနာယကမှ အမိန့်ချ ဆရာတော်များ၊ တွဲဖက်အကျိုးတော်ဆောင်နှင့် တိုင်းဥက္ကဋ္ဌ ဆရာတော်များ မပါဝင်ဘဲ ပီနန်ဆရာတော်ကြီး ကိုယ်တိုင် လာရောက် သက်သေခံ တင်ပြမှ လက်ခံမည် ဆိုလျှင် နစ်နာကြောင်း လန်ဒန်ဆရာတော်က မိန့်ကြားသည်။

နိုင်ငံတော် သံဃမဟာနာယကက ပီနန်ဆရာတော်ထံ သန္တိသုခကျောင်းတိုက်မှ ထွက်ခွာပေးရန် မတ်လကုန်တွင် စာပို့ အကြောင်းကြားခဲ့သဖြင့် ပီနန်ဆရာတော်က ကျောင်းကို မိမိပိုင်ဆိုင်သဖြင့် ထွက်မသွားနိုင်ကြောင်း ပြန်လည် အကြောင်းကြားသည့် စာကို တရားစွဲဆိုခံ ဆရာတော် ဦးတေဇိန္ဒက ဇူလိုင် ၁၈ ရက် ရုံးချိန်းတွင် သက်သေခံစာအဖြစ် တင်သွင်းခဲ့ခြင်း ဖြစ်သည်။

လန်ဒန်ဆရာတော် ဦးဥတ္တရ တိုင်းသံဃဥက္ကဋ္ဌ အပါအဝင် သံဃာအပါး ၂၀ ကို မတရား ဖမ်းဆီးချုပ်နှောင်မှုဖြင့် ပြန်လည်တရားစွဲဆိုရန် ဗဟန်းတရားရုံးသို့ အမှုဖွင့်ခဲ့သော်လည်း ဗဟန်းတရားရုံးက လက်မခံကြောင်း သိရသည်။

သန္တိသုခကျောင်းတိုက်ကို နိုင်ငံတော် သံဃမဟာနာယကက ပိုင်ဆိုင်သည် ဆိုကာ ပီနန်ဆရာတော် ပြည်ပခရီးစဉ် ကြွနေချိန် ဇွန်လ ၁၀ ရက် ညလယ်ချိန်တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် သံဃာတော်များ ပူးပေါင်းကာ ကျောင်းတိုက်ကို ချိပ်ပိတ်ခဲ့ပြီး လန်ဒန်ဆရာတော် ဦးဥတ္တရ၊ ဦးတေဇိန္ဒ၊ ဦးသုန္ဒရ၊ ဦးနန္ဒိယနှင့် ဦးပညာဝရတို့ကို ၂၀/၉၀ နှင့် ပုဒ်မ ၂၉၅ (က) ဖြင့် ရန်ကုန်တိုင်း သာသနာရေးမှူး ဦးစိန်မော်က တရားလိုအဖြစ် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

The Vocie Weekly
ပိုင်ဆိုင်မှု အငြင်းပွားနေသော သန္တိသုခကျောင်းတိုက် ကိစ္စနှင့် ပတ်သတ်ပြီး ပီနန်ဆရာတော်ကြီး ကိုယ်တိုင် သက်သေခံစာ တင်သွင်းမှ လက်ခံမည် ဆိုသဖြင့် တရားရုံး စစ်ဆေးမှုကို ရပ်ဆိုင်းရန် အကျိုးဆော င်ရှေ့နေ က တောင်းဆိုခဲ့ကြောင်း လန်ဒန်ဆရာတော် ဦးဥတ္တရက မိန့်ကြားသည်။

တာမွေမြို့နယ် တရားရုံးတွင် ဇူလိုင် ၁၈ ရက်နေ့က ပြုလုပ်သော ပဉ္စမအကြိမ် ရုံးချိန်းတွင် ပီနန် ဆရာတော် ၏ လက်မှတ်ပါ သက်သေခံ တင်သွင်းသည့် စာကို စာအဖြစ် လက်ခံသော်လည်း မိတ္တူများ ဖြစ်နေ သည့် အတွက် ပီနန်ဆရာတော် ကိုယ်တိုင် လာရောက်တင်သွင်းမှ လက်ခံရန် တရားလို အကျိုးဆောင်ရှေ့နေက ကန့်ကွက်ခဲ့ပြီး တရားရုံးက မိတ္တူဖြစ်သည့်အတွက် ပယ်ချသဖြင့် တရားစွဲဆိုခံ ဆရာတော်များ၏ ဥပဒေ အကျိုးဆောင်ရှေ့နေ ဦးသန်းထွန်းအောင်က တရားမမျှ၍ တရားရုံး စစ်ဆေးမှုကို ရပ်ဆိုင်းရန် တောင်းဆို ခဲ့၍ တရားရုံး စစ်ဆေးမှုကို ရပ်ဆိုင်းခဲ့ပြီး သြဂုတ် ၁ ရက်နေ့ကို ချိန်းဆိုခဲ့ကြောင်း လန်ဒန်ဆရာတော် ဦးဥတ္တရက မိန့်ကြားသည်။

ယင်းကဲ့သို့ အချေအတင် ဖြစ်ခဲ့သော သက်သေခံစာများကို ခရိုင်တရားရုံးသို့ တင်ပြပြီး ပြန်လည်စစ်ဆေး ညွန်ကြားလျှင် ပြန်လည် စစ်ဆေးရမည် ဖြစ်သဖြင့် သြဂုတ်လ ၁ ရက်ကို တရားရုံးချိန်း သက်မှတ်ခဲ့ခြင်း ဖြစ်ကြောင်း တရားစွဲဆိုခံ ဆရာတော်များ၏ ဥပဒေအကျိုးဆောင် ဦးသန်းထွန်းအောင်က ပြောကြားသည်။

“ပီနန်ဆရာတော်ဘုရားကြီး လက်မှတ်ထိုးထားတာကို သက်သေခံ တင်တယ်။ သက်သေခံ တင်တဲ့အတွက် တရားသူကြီးရဲ့ ပမာဒလေခကြောင့် လက်မှတ်ထိုးတာကို သတိမမူမိဘဲနဲ့ ငြင်းလိုက်တယ်။ သက်သေခံ မဝင်ဘူး။ အဲဒီအတွက် မကျေနပ်ဘူး။ ဆက်စပ် သံဃာတော် တရားခံတွေကိုပါ နစ်နာတဲ့အတွက် တရားစီရင်ရေးကို ရပ်ပေးပါ။ အထက်ရုံးကို တက်မယ်လို့ ပြောတဲ့အတွက် တရားစီရင်ရေး ရပ်ဆိုင်းလိုက်ပါတယ်။ သြဂုတ် ၁ ရက်ကို ချိန်းလိုက်ပါတယ်” ဟု ၎င်းက ဆက်လက် ပြောကြားသည်။

သန္တိသုခကျောင်းတိုက်သည် ယခင်ကတည်းက သံဃိကပစ္စည်း ဖြစ်ပြီး မဟန ပိုင်ဆိုင်ကြောင်း ကြေညာ ထားပြီး ဖြစ်သည်ဟု သာသနာရေးဦးစီးဌာန ညွန်ကြားရေးမှူး ဦးထွန်းညွန့်က ဆိုသည်။

“မဟန ဆရာတော်တွေကို သက်သေအဖြစ် တင်မယ်လို့တော့ မကြားမိသေးပါဘူး။ ကိုယ်တို့ဘက်ကတော့ တင်ဖို့ မရှိပါဘူး။ မဟန ဆရာတော်တွေက ဝိနစ္စခုံရုံး မဟုတ်တဲ့အတွက် နိုင်ငံတော် သံဃမဟာနာယက ဆရာတော်တွေနဲ့ မပတ်သက်ပါဘူး ညီလေးရယ်။ အရပ်ဘက် တရားရုံးမှာလည်း စွဲဆိုလို့ မရပါဘူး” ဟု ၎င်းက ပြောကြားသည်။

သက်သေခံများကို စစ်ဆေးရာတွင် နိုင်ငံတော် သံဃမဟာနာယကမှ အမိန့်ချ ဆရာတော်များ၊ တွဲဖက်အကျိုးတော်ဆောင်နှင့် တိုင်းဥက္ကဋ္ဌ ဆရာတော်များ မပါဝင်ဘဲ ပီနန်ဆရာတော်ကြီး ကိုယ်တိုင် လာရောက် သက်သေခံ တင်ပြမှ လက်ခံမည် ဆိုလျှင် နစ်နာကြောင်း လန်ဒန်ဆရာတော်က မိန့်ကြားသည်။

နိုင်ငံတော် သံဃမဟာနာယကက ပီနန်ဆရာတော်ထံ သန္တိသုခကျောင်းတိုက်မှ ထွက်ခွာပေးရန် မတ်လကုန်တွင် စာပို့ အကြောင်းကြားခဲ့သဖြင့် ပီနန်ဆရာတော်က ကျောင်းကို မိမိပိုင်ဆိုင်သဖြင့် ထွက်မသွားနိုင်ကြောင်း ပြန်လည် အကြောင်းကြားသည့် စာကို တရားစွဲဆိုခံ ဆရာတော် ဦးတေဇိန္ဒက ဇူလိုင် ၁၈ ရက် ရုံးချိန်းတွင် သက်သေခံစာအဖြစ် တင်သွင်းခဲ့ခြင်း ဖြစ်သည်။

လန်ဒန်ဆရာတော် ဦးဥတ္တရ တိုင်းသံဃဥက္ကဋ္ဌ အပါအဝင် သံဃာအပါး ၂၀ ကို မတရား ဖမ်းဆီးချုပ်နှောင် မှုဖြင့် ပြန်လည်တရားစွဲဆိုရန် ဗဟန်းတရားရုံးသို့ အမှုဖွင့်ခဲ့သော်လည်း ဗဟန်းတရားရုံးက လက်မ ခံကြောင်း သိရသည်။

သန္တိသုခကျောင်းတိုက်ကို နိုင်ငံတော် သံဃမဟာနာယကက ပိုင်ဆိုင်သည် ဆိုကာ ပီနန်ဆရာတော် ပြည်ပခရီးစဉ် ကြွနေချိန် ဇွန်လ ၁၀ ရက် ညလယ်ချိန်တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် သံဃာတော်များ ပူးပေါင်းကာ ကျောင်းတိုက်ကို ချိပ်ပိတ်ခဲ့ပြီး လန်ဒန်ဆရာတော် ဦးဥတ္တရ၊ ဦးတေဇိန္ဒ၊ ဦးသုန္ဒရ၊ ဦးနန္ဒိယနှင့် ဦးပညာဝရတို့ကို ၂၀/၉၀ နှင့် ပုဒ်မ ၂၉၅ (က) ဖြင့် ရန်ကုန်တိုင်း သာသနာရေးမှူး ဦးစိန်မော်က တရားလိုအဖြစ် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

The Vocie Weekly 

No comments:

Post a Comment