Monday 21 July 2014

ကင်ဆာရောဂါကြောင့် သေဆုံးသူ၏ ဇနီးအား ဒေါ်လာ ၂၃ ဘီလီယံကျော် ကုမ္ပဏီလျော်ကြေးပေးရန် တရားရုံးဆုံးဖြတ်

Photo: ကင်ဆာရောဂါကြောင့် သေဆုံးသူ၏ ဇနီးအား ဒေါ်လာ ၂၃ ဘီလီယံကျော် ကုမ္ပဏီလျော်ကြေးပေးရန် တရားရုံးဆုံးဖြတ်
Monday, July 21, 2014

အော်လန်ဒို−အမေရိကန်နိုင်ငံ၏ ဒုတိယအကြီးဆုံး ဆေးလိပ်နှင့် ဆေးရွက်ကြီး ကုမ္ပဏီ RJ Rey-nolds အနေဖြင့် အဆုတ်ကင် ဆာရောဂါဖြင့် သေဆုံးသွားခဲ့ သော ဆေးလိပ်သောက်သူတစ် ဦး၏ ဇနီးသည်အား ကန်ဒေါ်လာ ၂၃ ဒသမ ၆ ဘီလီယံ ပေးရမည် ဟု ဖလော်ရီဒါ တရားရုံးက အမိန့် ချမှတ်လိုက်သည်။

စင်သီယာ ရော်ဘင်ဆန် သည် ၂၀၀၈ ခုနှစ်တွင် RJ Rey-nolds ကုမ္ပဏီအပေါ် တရားစွဲ ဆိုခဲ့ခြင်းဖြစ်သည်။

စင်သီယာရော်ဘင်ဆန်က ၎င်း၏ ခင်ပွန်းဖြစ်သူသည် ၁၉၉၆ ခုနှစ်က အသက် (၃၆) နှစ်အရွယ် တွင် အဆုတ်ကင်ဆာဖြင့် ကွယ် လွန်ခဲ့ကြောင်း၊ ခင်ပွန်းဖြစ်သူ သည် အသက် (၁၃) နှစ်အရွယ် မှစ၍ နှစ် ၂၀ ကျော်ကြာအောင် တစ်နေ့လျှင် ဆေးလိပ်တစ်ဘူးမှ သုံးဘူးအထိ သောက်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ကုမ္ပဏီသည် ၎င်းကုန်ပစ္စည်း ၏ စွဲစေတတ်သော သဘာဝနှင့် ကျန်းမာရေး အန္တရာယ်များကို မှန်မှန်ကန်ကန် ထုတ်ဖော်ပြော ကြားခြင်း မရှိဘဲ ဖုံးကွယ်ထား သည်ဟု မစ္စစ်ရော် ဘင်ဆန်၏ ရှေ့နေများက ပြောကြားခဲ့သည်။

မစ္စစ်ရော်ဘင်ဆန်၏ ခင် ပွန်းဖြစ်သူသည် ဆေးလိပ်ဖြတ် ၍ မရဘဲ သေဆုံးသည့်နေ့အထိ ဆေးလိပ်သောက်နေခဲ့သည်ဟု တရားလို ရှေ့နေများက ပြော သည်။

ယင်းကုမ္ပဏီသည် တရားရုံး ၏ ဆုံးဖြတ်ချက်ကို အယူခံဝင် သွားမည်ဖြစ်ကြောင်း ကုမ္ပဏီ ဒုတိယဥက္ကဋ္ဌ ဂျက်ဖရီရာဘွန်းက ပြောသည်။

မစ္စစ်ရော်ဘင်ဆန်အား ပေး ရန် ဆုံးဖြတ်လိုက်သည့် ဒဏ်ငွေ ပမာဏသည် ဖလော်ရီဒါ ပြည် နယ်သမိုင်းတွင် အများဆုံးဖြစ် သည်။

Ref: BBC
7Day News Journal
အော်လန်ဒို−အမေရိကန်နိုင်ငံ၏ ဒုတိယအကြီးဆုံး ဆေးလိပ်နှင့် ဆေးရွက်ကြီး ကုမ္ပဏီ RJ Rey-nolds အနေဖြင့် အဆုတ်ကင် ဆာရောဂါဖြင့် သေဆုံးသွားခဲ့ သော ဆေးလိပ်သောက်သူတစ် ဦး၏ ဇနီးသည်အား ကန်ဒေါ်လာ ၂၃ ဒသမ ၆ ဘီလီယံ ပေးရမည် ဟု ဖလော်ရီဒါ တရားရုံးက အမိန့် ချမှတ်လိုက်သည်။

စင်သီယာ ရော်ဘင်ဆန် သည် ၂၀၀၈ ခုနှစ်တွင် RJ Rey-nolds ကုမ္ပဏီအပေါ် တရားစွဲ ဆိုခဲ့ခြင်းဖြစ် သည်။

စင်သီယာရော်ဘင်ဆန်က ၎င်း၏ ခင်ပွန်းဖြစ်သူသည် ၁၉၉၆ ခုနှစ်က အသက် (၃၆) နှစ်အရွယ် တွင် အဆုတ်ကင်ဆာဖြင့် ကွယ် လွန်ခဲ့ကြောင်း၊ ခင်ပွန်းဖြစ်သူ သည် အသက် (၁၃) နှစ်အရွယ် မှစ၍ နှစ် ၂၀ ကျော်ကြာအောင် တစ်နေ့လျှင် ဆေးလိပ်တစ်ဘူးမှ သုံးဘူးအထိ သောက်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ကုမ္ပဏီသည် ၎င်းကုန်ပစ္စည်း ၏ စွဲစေတတ်သော သဘာဝနှင့် ကျန်းမာရေး အန္တရာယ်များကို မှန်မှန်ကန်ကန် ထုတ်ဖော်ပြော ကြားခြင်း မရှိဘဲ ဖုံးကွယ်ထား သည်ဟု မစ္စစ်ရော် ဘင်ဆန်၏ ရှေ့နေများက ပြောကြားခဲ့သည်။

မစ္စစ်ရော်ဘင်ဆန်၏ ခင် ပွန်းဖြစ်သူသည် ဆေးလိပ်ဖြတ် ၍ မရဘဲ သေဆုံးသည့်နေ့အထိ ဆေး လိပ်သောက်နေ ခဲ့သည်ဟု တရားလို ရှေ့နေများက ပြော သည်။

ယင်းကုမ္ပဏီသည် တရားရုံး ၏ ဆုံးဖြတ်ချက်ကို အယူခံဝင် သွားမည်ဖြစ်ကြောင်း ကုမ္ပဏီ ဒုတိယဥက္ကဋ္ဌ ဂျက်ဖရီရာဘွန်းက ပြောသည်။

မစ္စစ်ရော်ဘင်ဆန်အား ပေး ရန် ဆုံးဖြတ်လိုက်သည့် ဒဏ်ငွေ ပမာဏသည် ဖလော်ရီဒါ ပြည်နယ် သမိုင်း တွင် အများဆုံးဖြစ် သည်။

Ref: BBC
7Day News Journal

No comments:

Post a Comment