Tuesday 22 April 2014

အသုံးပြုပြီး ဖုန်းငွေဖြည့်ကတ်ကို ပြန်လည် ပြုပြင်ကာ ဈေးကွက် အတွင်း ရောင်းချ မှုများ ရှိနေ

Photo: အသုံးပြုပြီး ဖုန်းငွေဖြည့်ကတ်ကို ပြန်လည် ပြုပြင်ကာ ဈေးကွက် အတွင်း ရောင်းချ မှုများ ရှိနေ
Tuesday, April 22, 2014

အသုံးပြုပြီး ဖုန်းငွေဖြည့်ကတ် များကို ပြန်လည်ပြုပြင်ကာ ဈေးကွက် အတွင်း ရောင်းချမှုများ ရှိနေသဖြင့် ဝယ်ယူ သုံးစွဲရာတွင် သတိပြုသင့်ကြောင်း ကိုယ်တွေ့ကြုံခဲ့ရသူ တစ်ဦးက ပြောသည်။
ပြန်လည်ပြုပြင်ထားသည့် ငွေဖြည့်ကတ် အမျိုးအစားများမှာ ငွေကျပ် ၅ဝဝဝ တန် ငွေဖြည့်ကတ်များ ဖြစ်နေပြီး ဈေးကွက် အနေအထား အားဖြင့် နယ်မြို့များတွင် ပိုမိုကြုံတွေ့နေရကြောင်းလည်း သိရသည်။

ယင်းအပြင် အဆိုပါ ကတ်များကို ဖြန့်ဖြူးသူများသည် နယ်မြို့များရှိ ကွမ်းယာဆိုင်နှင့် ကုန်စုံဆိုင် ကဲ့သို့သော လက်လီကုန် မျိုးစုံဆိုင်များသို့ ဦးတည်ဖြန့်ဖြူးပုံ ရသည်ဟု လေ့လာသူ တစ်ဦးက ပြောသည်။

''ကျွန်တော်ကြုံခဲ့ရတာက စစ်ကိုင်းမှာပါ။ သင်္ကြန်ကာလ စစ်ကိုင်း ဝါးချက်ကျေးရွာဘက်က ချောင်တစ်ချောင်မှာ အလှူပွဲအတွက် ရောက်နေတုန်း ဖုန်းကတ်ကို ကွမ်းယာဆိုင် တစ်ဆိုင်ကနေ ဝယ်လာခဲ့တာပါ။ Connection က တက်လိုက်ကျလိုက် ဖြစ်နေတော့ ငွေမဝင်ဘူးလို့ ထင်ပြီး မန္တလေး ရောက်မှ ငွေဖြည့်ကတ်ကို ထပ်ပြီးတော့ ငွေဖြည့်ကြည့်ပါတယ်။ ဒါနဲ့ ကွမ်းယာဆိုင်ကို မေးကြည့်တော့ မန္တလေးဘက်က မင်းကွန်းဘက်ကို သွားတဲ့ဘုရားဖူး ကားတစ်စီး ပေါ်ကနေ ငွေဖြည့်ကတ်တွေ ပါတယ်၊ ယူဦးမလား ဆိုပြီး ရောင်းသွားတယ်လို့ ပြောပါတယ်။ ၅ဝဝဝ တန် ငွေဖြည့်ကတ် တစ်ကတ်ကို ၄၅ဝဝ နဲ့ ပေးသွားတယ်လို့ ပြောပါတယ်။ အဲဒီ ငွေဖြည့်ကတ်ကို ဝယ်ယူ အသုံးပြုတဲ့ ပထမ လူက ခဲခြစ်ပြီး ဖုန်းထဲ ထည့်၊ ငွေဖြည့်ပြီးတဲ့အခါ ကတ်ကို လွှင့်ပစ် တတ်ကြပါတယ်။ ဒါကို လိမ်ရောင်းမယ့် သူက ပြန်လည် စုစည်းပြီး ခဲခြစ်ထားတဲ့ နေရာကို ခဲပြန်အုပ်တယ်။ မသုံးရသေးတဲ့ Orginal ကတ်ပုံမျိုး ဖြစ်လာအောင်ပေါ့။ အဲဒီခဲနဲ့ ဆက်စပ်နေတဲ့ ၅ဝဝဝ ဆိုတဲ့ ပုံနှိပ်စာလုံးကို မင်ဖျက်ဆေးနဲ့ ဖျက်ပြီး အပေါ်မှာ ၅ဝဝဝ လို့ အသစ် ပြန်ရေးထားတယ်။ ဒီတော့ ကတ်က ငွေဖြည့်လို့ မရတော့ဘူး။ ဒါကို ဝယ်သုံးမိတဲ့သူ အဖို့ ငွေဆုံးတာပေါ့။ ခဲခြစ်ပြီးတော့ နံပါတ်ရိုက်ထည့်တော့မှ အတုမှန်း သိတာ''ဟု ရန်ကုန်မြို့မှ စစ်ကိုင်းမြို့ ဝါးချက်ကျေးရွာသို့ ရောက်နေခဲ့သည့် ဦးအောင်သူက ပြောပြခဲ့သည်။

အလားတူ အဖြစ်မျိုးကို နှစ်ကြိမ်ခန့် ကြုံဖူးသည့်အတွက် ငွေဖြည့်ကတ်ကို တွေ့ရာနေရာတွင် မဝယ်တော့ဘဲ မိုဘိုင်းလ်ဖုန်းဆိုင် များတွင်သာ ဝယ်ယူပြီး ငွေဖြည့်ကတ်ကိုလည်း အဆိုပါ မိုဘိုင်းလ်ဆိုင်ရှိ ဝန်ထမ်းများအား ဖြည့်ခိုင်းကြောင်း မန္တလေးမြို့မှ ကိုအောင်ကျော်ဆန်း က ပြောပြခဲ့သည်။

''ကျွန်တော်လည်း နှစ်ကြိမ်တောင် ကြုံဖူးတယ်။ ဝယ်တာလည်း လှည်းတန်းဈေးနားက ဆိုင်တစ်ဆိုင်ပဲ။ မိုဘိုင်းလ်စင်တာတော့ မဟုတ်ဘူး။ ကုန်စုံဆိုင် ထင်တာပဲ။ ဝယ်ပြီး ခဲခြစ်ပြီး နံပါတ်ရိုက်လိုက်တာနဲ့ the Cards Invalid ဆိုပြီး ပေါ်တာပဲ။ နံပါတ်မှားတယ် ထင်တာနဲ့ သူများတွေနဲ့ အကြိမ်ကြိမ် စမ်းကြည့်ပြီးပြီ။ အဲတော့မှ ဒါကတ်အစစ် မဟုတ်မှန်း သိတော့တယ်။ ပြုပြင်ထားတဲ့ ကတ်က ငွေဖြည့်တဲ့ နံပါတ်နေရာမှာ မင်ဖျက်ဆေးနဲ့ တို့ထားပြီး အသစ် ပြန်လုပ်ထားတာ။

အဲဒီကတည်းက ငွေဖြည့်ကတ် ဝယ်ရင် မိုဘိုင်းလ်ဆိုင်က ဝယ်တယ်။ သူတို့ကို ထည့်ခိုင်းတယ်။ ဒါမှမဟုတ် အသိဆိုင်တွေက Message နဲ့ လှမ်းပြီးတော့ ထည့်ပေးလိုက်တာ ရှိတယ်လေ။ အဲလိုပဲ လုပ်တော့တယ်''ဟု ရန်ကုန်မြို့ ဆိပ်ကမ်းသာလမ်းမှ ဦးဆန်နီထွန်းက ပြောပြခဲ့သည်။ အဆိုပါ ပြန်လည် ပြုပြင်ထားသော ငွေဖြည့်ကတ် များသည် GSM ငွေဖြည့်ကတ်များတွင် အများဆုံး တွေ့ရသည်ဟု သိရသည်။

မြ၀တီ
အသုံးပြုပြီး ဖုန်းငွေဖြည့်ကတ် များကို ပြန်လည်ပြုပြင်ကာ ဈေးကွက် အတွင်း ရောင်းချမှုများ ရှိနေသဖြင့် ဝယ်ယူ သုံးစွဲရာတွင် သတိပြုသင့်ကြောင်း ကိုယ်တွေ့ကြုံခဲ့ရသူ တစ်ဦးက ပြောသည်။
ပြန်လည်ပြုပြင်ထားသည့် ငွေဖြည့်ကတ် အမျိုးအစားများမှာ ငွေကျပ် ၅ဝဝဝ တန် ငွေဖြည့်ကတ် များ ဖြစ်နေပြီး ဈေးကွက် အနေအထား အားဖြင့် နယ်မြို့များတွင် ပိုမိုကြုံတွေ့နေရကြောင်းလည်း သိရ သည်။

ယင်းအပြင် အဆိုပါ ကတ်များကို ဖြန့်ဖြူးသူများသည် နယ်မြို့များရှိ ကွမ်းယာဆိုင်နှင့် ကုန်စုံဆိုင် ကဲ့သို့သော လက်လီကုန် မျိုးစုံဆိုင်များသို့ ဦးတည်ဖြန့်ဖြူးပုံ ရသည်ဟု လေ့လာသူ တစ်ဦးက ပြောသည်။

''ကျွန်တော်ကြုံခဲ့ရတာက စစ်ကိုင်းမှာပါ။ သင်္ကြန်ကာလ စစ်ကိုင်း ဝါးချက်ကျေးရွာဘက်က ချောင်တစ်ချောင် မှာ အလှူပွဲအတွက် ရောက်နေတုန်း ဖုန်းကတ်ကို ကွမ်းယာဆိုင် တစ်ဆိုင်ကနေ ဝယ်လာခဲ့တာပါ။ Connection က တက်လိုက်ကျလိုက် ဖြစ်နေတော့ ငွေမဝင်ဘူးလို့ ထင်ပြီး မန္တလေး ရောက် မှ ငွေဖြည့် ကတ်ကို ထပ်ပြီးတော့ ငွေဖြည့်ကြည့်ပါတယ်။ ဒါနဲ့ ကွမ်းယာဆိုင်ကို မေးကြည့်တော့ မန္တလေးဘက်က မင်းကွန်းဘက်ကို သွားတဲ့ဘုရားဖူး ကားတစ်စီး ပေါ်ကနေ ငွေဖြည့်ကတ်တွေ ပါတယ်၊ ယူဦးမလား ဆိုပြီး ရောင်းသွားတယ်လို့ ပြောပါတယ်။ ၅ဝဝဝ တန် ငွေဖြည့်ကတ် တစ်ကတ်ကို ၄၅ဝဝ နဲ့ ပေးသွားတယ်လို့ ပြောပါတယ်။ အဲဒီ ငွေဖြည့်ကတ်ကို ဝယ်ယူ အသုံးပြုတဲ့ ပထမ လူက ခဲခြစ်ပြီး ဖုန်းထဲ ထည့်၊ ငွေဖြည့်ပြီးတဲ့အခါ ကတ်ကို လွှင့်ပစ် တတ်ကြပါတယ်။ ဒါကို လိမ်ရောင်းမယ့် သူက ပြန်လည် စုစည်းပြီး ခဲခြစ်ထားတဲ့ နေရာကို ခဲပြန်အုပ်တယ်။ မသုံးရသေးတဲ့ Orginal ကတ်ပုံမျိုး ဖြစ်လာအောင်ပေါ့။ အဲဒီခဲနဲ့ ဆက်စပ်နေတဲ့ ၅ဝဝဝ ဆိုတဲ့ ပုံနှိပ်စာလုံးကို မင်ဖျက်ဆေးနဲ့ ဖျက်ပြီး အပေါ်မှာ ၅ဝဝဝ လို့ အသစ် ပြန်ရေးထားတယ်။ ဒီတော့ ကတ်က ငွေဖြည့်လို့ မရတော့ဘူး။ ဒါကို ဝယ်သုံးမိတဲ့သူ အဖို့ ငွေဆုံးတာပေါ့။ ခဲခြစ်ပြီးတော့ နံပါတ်ရိုက်ထည့်တော့မှ အတုမှန်း သိတာ''ဟု ရန်ကုန်မြို့မှ စစ်ကိုင်းမြို့ ဝါးချက်ကျေးရွာသို့ ရောက်နေခဲ့သည့် ဦးအောင်သူက ပြောပြခဲ့သည်။

အလားတူ အဖြစ်မျိုးကို နှစ်ကြိမ်ခန့် ကြုံဖူးသည့်အတွက် ငွေဖြည့်ကတ်ကို တွေ့ရာနေရာတွင် မဝယ်တော့ဘဲ မိုဘိုင်းလ်ဖုန်းဆိုင် များတွင်သာ ဝယ်ယူပြီး ငွေဖြည့်ကတ်ကိုလည်း အဆိုပါ မိုဘိုင်းလ်ဆိုင်ရှိ ဝန်ထမ်းများအား ဖြည့်ခိုင်းကြောင်း မန္တလေးမြို့မှ ကိုအောင်ကျော်ဆန်း က ပြောပြခဲ့သည်။

''ကျွန်တော်လည်း နှစ်ကြိမ်တောင် ကြုံဖူးတယ်။ ဝယ်တာလည်း လှည်းတန်းဈေးနားက ဆိုင်တစ်ဆိုင်ပဲ။ မိုဘိုင်းလ်စင်တာတော့ မဟုတ်ဘူး။ ကုန်စုံဆိုင် ထင်တာပဲ။ ဝယ်ပြီး ခဲခြစ်ပြီး နံပါတ်ရိုက်လိုက်တာနဲ့ the Cards Invalid ဆိုပြီး ပေါ်တာပဲ။ နံပါတ်မှားတယ် ထင်တာနဲ့ သူများတွေနဲ့ အကြိမ်ကြိမ် စမ်းကြည့်ပြီးပြီ။ အဲတော့မှ ဒါကတ်အစစ် မဟုတ်မှန်း သိတော့တယ်။ ပြုပြင်ထားတဲ့ ကတ်က ငွေဖြည့်တဲ့ နံပါတ်နေရာမှာ မင်ဖျက်ဆေးနဲ့ တို့ထားပြီး အသစ် ပြန်လုပ်ထားတာ။

အဲဒီကတည်းက ငွေဖြည့်ကတ် ဝယ်ရင် မိုဘိုင်းလ်ဆိုင်က ဝယ်တယ်။ သူတို့ကို ထည့်ခိုင်းတယ်။ ဒါမှမဟုတ် အသိဆိုင်တွေက Message နဲ့ လှမ်းပြီးတော့ ထည့်ပေးလိုက်တာ ရှိတယ်လေ။ အဲလိုပဲ လုပ်တော့တယ်''ဟု ရန်ကုန်မြို့ ဆိပ်ကမ်းသာလမ်းမှ ဦးဆန်နီထွန်းက ပြောပြခဲ့သည်။ အဆိုပါ ပြန်လည် ပြုပြင် ထားသော ငွေဖြည့် ကတ် များသည် GSM ငွေဖြည့်ကတ်များတွင် အများဆုံး တွေ့ရသည်ဟု သိရသည်။

မြ၀တီ

No comments:

Post a Comment