Tuesday 22 April 2014

လှိုင်သာယာတွင် မြစ်ကမ်းပါး ပြိုကျမှုကို ယာယီ ထိန်းသိမ်းရေး လုပ်ငန်း ဆောင်ရွက်

Photo: လှိုင်သာယာတွင် မြစ်ကမ်းပါး ပြိုကျမှုကို ယာယီ ထိန်းသိမ်းရေး လုပ်ငန်း ဆောင်ရွက်
Tuesday, April 22, 2014

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်၊ အမှတ် (၄) ရပ်ကွက်၊ ဆိပ်ကမ်းသာလမ်း၊ သာယာကုန်း ဘုန်းတော်ကြီးကျောင်း အနီးတွင် ဧပြီလ ၂၀ ရက်နေ့က လှိုင်မြစ်ရေ တိုက်စားမှုကြောင့် မြစ်ကမ်းပါး ပြိုကျခဲ့သော နေရာများတွင် ရပ်ကွက်နေထိုင်သူများ၏ အစီအစဉ်ဖြင့် ယာယီမြစ်ကမ်းပါး ထိန်းသိမ်းရေးလုပ်ငန်းကို ဆောင်ရွက်ထားကြောင်း အဆိုပါ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်မျိုးကျော်က The Voice သို့ ပြောကြားသည်။

လှိုင်မြစ်ရေ အတက်အကျ ကြမ်းမှုကြောင့် ဧပြီ ၂၀ ရက်နေ့ နံနက် လေးနာရီနှင့် ညနေ ငါးနာရီခန့်တို့တွင် ကမ်းပါး ပြိုကျခဲ့သောကြောင့် သာယာကုန်း ဘုန်းတော်ကြီးကျောင်းရှိ ကျောင်းဆောင်တစ်ဆောင် ပြိုကျပျက်စီးခဲ့ပြီး လူထိခိုက်ဒဏ်ရာရမှု မရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။ 

လတ်တလောတွင် မြစ်ရေတိုက်စားမှုကြောင့် ပြိုကျခဲ့သော မြေနေရာတွင် မြစ်ရေတိုက်စားမှု ထပ်မံ မဖြစ်ပွားစေရန် သဲအိတ်များနှင့် ဝါးကပ်များ ကာရံပြီး ယာယီမြစ်ကမ်းပါး ထိန်းသိမ်းရေးလုပ်ငန်းကို ဆောင်ရွက်လျက်ရှိကြောင်း၊ သံဃာများ သီတင်းသုံးနိုင်ရန် ယာယီကျောင်းဆောင်များ တည်ဆောက်ထားကြောင်း အမှတ် (၄) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်မျိုးကျော်က ပြောကြားသည်။ 
“ကမ်းပါးပြိုတဲ့နေရာကို ကိုယ့်မှာရှိတဲ့ ငွေအင်အားနဲ့ ယာယီသာ ထိန်းနိုင်ပေမယ့် သက်ဆိုင်ရာ နားလည်တတ်ကျွမ်းသူတွေ အမြန်ဆုံး လုပ်ကိုင်ပေးမှ အဆင်ပြေမှာ” ဟု ၎င်းက ပြောဆိုသည်။ 

အဆိုပါ ကမ်းပါးတိုက်စားမှုကြောင့် M-5 သင်္ဘောကျင်း၌ သင်္ဘောများ ဆိုက်ကပ်ရန် ပြုလုပ်ထားသော အလျား ၃၀ ပေ၊ အနံ ၂၀ ပေ၊ အမြင့် ၁၅ ပေခန့်ရှိ ကွန်ကရစ်ဆိပ်ခံ တံတား၏ အစိတ်အပိုင်း အချို့နှင့် သာယာကုန်း ဘုန်းတော်ကြီးကျောင်းဝင်း အတွင်းရှိ ရှစ်ခန်းတွဲ အုတ်ညှပ်သွပ်မိုး အိမ်သာများ တိမ်းစောင်းခဲ့ပြီး နှစ်ထပ်အုတ်ညှပ် သွပ်မိုးကျောင်းဆောင် တစ်ဆောင်၏ အောက်ခြေနားထိ မြစ်ရေများ ရောက်လာသဖြင့် ကျောင်းဆောင်ကို ဖျက်သိမ်းကာ ပြောင်းရွှေ့ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရှိရသည်။ 

ရန်ကုန်တိုင်းဒေသကြီးတွင် မြစ်ကြောင်းထိန်းသိမ်းရေး လုပ်ငန်းများကို ကျောက်တန်း၊ ဆိပ်ကြီးခနောင်တို၊ ရွှေပြည်သာ မြို့နယ်များတွင် ဆောင်ရွက်လျက် ရှိကြောင်း၊ လတ်တလောတွင် လှိုင်မြစ်ကမ်း ပြိုကျမှုနှင့် ပတ်သက်၍ အသေးစိတ်ကို မသိရှိရသောကြောင့် ယင်းနေရာသို့ ကွင်းဆင်းလေ့လာပြီးမှသာ မြစ်ကြောင်းထိန်းသိမ်းရေး လုပ်ငန်းကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း တိုင်းဒေသကြီး ရေအရင်းမြစ်နှင့် မြစ်ချောင်းများ ထိန်းသိမ်းရေးဦးစီးဌာန (ဒေသ ၁) တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

The Voice Weekly
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်၊ အမှတ် (၄) ရပ်ကွက်၊ ဆိပ်ကမ်းသာလမ်း၊ သာယာကုန်း ဘုန်းတော်ကြီးကျောင်း အနီးတွင် ဧပြီလ ၂၀ ရက်နေ့က လှိုင်မြစ်ရေ တိုက်စားမှုကြောင့် မြစ်ကမ်းပါး ပြိုကျ ခဲ့သော နေရာများတွင် ရပ်ကွက်နေထိုင်သူများ၏ အစီအစဉ်ဖြင့် ယာယီမြစ်ကမ်းပါး ထိန်းသိမ်းရေး လုပ်ငန်းကို ဆောင်ရွက်ထားကြောင်း အဆိုပါ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်မျိုးကျော်က The Voice သို့ ပြော ကြားသည်။
လှိုင်မြစ်ရေ အတက်အကျ ကြမ်းမှုကြောင့် ဧပြီ ၂၀ ရက်နေ့ နံနက် လေးနာရီနှင့် ညနေ ငါးနာရီခန့်တို့တွင် ကမ်းပါး ပြိုကျခဲ့သောကြောင့် သာယာကုန်း ဘုန်းတော်ကြီးကျောင်းရှိ ကျောင်းဆောင်တစ်ဆောင် ပြိုကျပျက်စီးခဲ့ပြီး လူထိခိုက်ဒဏ်ရာရမှု မရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

လတ်တလောတွင် မြစ်ရေတိုက်စားမှုကြောင့် ပြိုကျခဲ့သော မြေနေရာတွင် မြစ်ရေတိုက်စားမှု ထပ်မံ မဖြစ် ပွားစေ ရန် သဲအိတ်များနှင့် ဝါးကပ်များ ကာရံပြီး ယာယီမြစ်ကမ်းပါး ထိန်းသိမ်းရေး လုပ်ငန်းကို ဆောင် ရွက်လျက်ရှိကြောင်း၊ သံဃာများ သီတင်းသုံးနိုင်ရန် ယာယီကျောင်းဆောင်များ တည်ဆောက် ထားကြောင်း အမှတ် (၄) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်မျိုးကျော်က ပြောကြားသည်။

“ကမ်းပါးပြိုတဲ့နေရာကို ကိုယ့်မှာရှိတဲ့ ငွေအင်အားနဲ့ ယာယီသာ ထိန်းနိုင်ပေမယ့် သက်ဆိုင်ရာ နားလည် တတ်ကျွမ်းသူတွေ အမြန်ဆုံး လုပ်ကိုင်ပေးမှ အဆင်ပြေမှာ” ဟု ၎င်းက ပြောဆိုသည်။

အဆိုပါ ကမ်းပါးတိုက်စားမှုကြောင့် M-5 သင်္ဘောကျင်း၌ သင်္ဘောများ ဆိုက်ကပ်ရန် ပြုလုပ်ထားသော အလျား ၃၀ ပေ၊ အနံ ၂၀ ပေ၊ အမြင့် ၁၅ ပေခန့်ရှိ ကွန်ကရစ်ဆိပ်ခံ တံတား၏ အစိတ်အပိုင်း အချို့နှင့် သာယာကုန်း ဘုန်းတော်ကြီးကျောင်းဝင်း အတွင်းရှိ ရှစ်ခန်းတွဲ အုတ်ညှပ်သွပ်မိုး အိမ်သာများ တိမ်းစောင်းခဲ့ပြီး နှစ်ထပ်အုတ်ညှပ် သွပ်မိုးကျောင်းဆောင် တစ်ဆောင်၏ အောက်ခြေ နားထိ မြစ်ရေ များ ရောက်လာသဖြင့် ကျောင်းဆောင်ကို ဖျက်သိမ်းကာ ပြောင်းရွှေ့ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ် ဖွဲ့မှူး  ရုံးထံမှ သိရှိရသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် မြစ်ကြောင်းထိန်းသိမ်းရေး လုပ်ငန်းများကို ကျောက်တန်း၊ ဆိပ်ကြီးခနောင် တို၊ ရွှေပြည်သာ မြို့နယ်များတွင် ဆောင်ရွက်လျက် ရှိကြောင်း၊ လတ်တလောတွင် လှိုင်မြစ်ကမ်း ပြိုကျမှုနှင့် ပတ်သက်၍ အသေးစိတ်ကို မသိရှိရသောကြောင့် ယင်းနေရာသို့ ကွင်းဆင်းလေ့လာပြီးမှသာ မြစ်ကြောင်း ထိန်းသိမ်းရေး လုပ်ငန်းကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း တိုင်းဒေသကြီး ရေ အရင်းမြစ်နှင့် မြစ်ချောင်း များ ထိန်းသိမ်းရေးဦးစီးဌာန (ဒေသ ၁) တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

The Voice Weekly

No comments:

Post a Comment