Tuesday 22 April 2014

တရုတ်နှင့်ထိုင်းနိုင်ငံသို့ လူကုန်ကူးခံရသည့် မြန်မာနိုင်ငံသား ၃၂ ဦးအနက် ၆ ဦးသာ ပြန်လည်လွှဲပြောင်းနိုင်သေး

Photo: တရုတ်နှင့်ထိုင်းနိုင်ငံသို့ လူကုန်ကူးခံရသည့် မြန်မာနိုင်ငံသား ၃၂ ဦးအနက် 
၆ ဦးသာ ပြန်လည်လွှဲပြောင်းနိုင်သေး
Tuesday, April 22, 2014

အောင်မင်္ဂလာအဝေးပြေး ယာဉ်ရပ်နားစခန်းအနီးတွင် လူကုန်ကူးမှု ပညာပေးဆိုင်းဘုတ် ဆိုက်ထူထားသည်ကို တွေ့ရစဉ်
တရုတ်နှင့်ထိုင်းနိုင်ငံသို့ လူကုန်ကူးခံရပြီး ပြန်လည်ကယ်ဆယ်နိုင်ခြင်း မရှိသေးသည့် မြန်မာနိုင်ငံသား ၃၂ ဦးအနက် ၆ ဦးကိုသာ ကယ်ဆယ်နိုင်ပြီး ပြန်လွှဲပြောင်းပေးနိုင်သေးကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

ပြီးခဲ့သည့် ၂၀၁၃ခုနှစ်အတွင်း၌ လူကုန်ကူးမှု ၁၀၂ မှုဖြစ်ပွားခဲ့ပြီး လူကုန်ကူးခံရသူမှာ ၂၅၀ ကျော်ရှိခဲ့ပြီး ယင်းတို့အနက်မှ ၃၂ ဦးအား ပြန်လည်ကယ်ဆယ်နိုင်ခြင်းမရှိခဲ့ကြောင်း သိရသည်။

"လူကုန်ကူးခံရတဲ့သူတွေကို ပြန်ကယ်ဖို့အတွက် အချို့ဟာတွေက နေရာမသိဘူး။ အခုပြန်လွှဲပေးတဲ့သူတွေကလည်း ပြဿနာဖြစ်ရင်းနဲ့ ထွက်ပြေးလာကြတာဖြစ်တယ်။ ထိုင်းနိုင်ငံမှာဆိုရင် စက်ရုံသူဋ္ဌေးနဲ့ လူကုန်ကူးမှုကျူးလွန်သူတွေကို ထိုင်းတရားရုံးမှာ တရားစွဲထားတယ်။ တရုတ်နိုင်ငံကျတော့ လက်ထပ်ပေါင်းသင်းတဲ့ အမျိုးသားတွေကို အရေးယူတာတွေမရှိသေးဘူး" ဟု လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး
ရဲတပ်ဖွဲ့မှ ဒုရဲမှူးမင်းနိုင်က The Daily Eleven သတင်းစာသို့ ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှာ အမျိုးသား (၄)ဦးတို့သည် ၂၀၁၃ခုနှစ်အတွင်းတွင် ထိုင်းနိုင်ငံရှိ စက်ရုံတစ်ခုတွင် လူကုန်ကူးခံခဲ့ရပြီး ပြန်လည်ထွက်ပြေး လွှတ်မြောက်လာခဲ့ရာ ထိုင်းနိုင်ငံရှိ စောင့်ရှောက်ရေးဂေဟာများတွင် နေထိုင်ရပြီး ထိုင်းနိုင်ငံမှ ယခုနှစ် ဧပြီလ ပထမပတ်အတွင်း၌ ပြန်လည်လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆက်လက်ပြီး တရုတ်နိုင်ငံတွင် တရုတ်အမျိုးသားများ၏ မယားအဖြစ် လူကုန်ကူးခြင်းခံရသော ရှမ်းပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးမှ အမျိုးသမီး(၂)ဦးအား ယခုနှစ် ဧပြီလအတွင်း၌ ရွှေလီလူကုန်ကူးအထူးအဖွဲ့မှ လာရောက်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

၂၀၁၃ခုနှစ်အတွင်း တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံသို့ လူကုန်ကူးခံရပြီး ပြန်လည်ကယ်ဆယ်နိုင်ခြင်းမရှိသေးသည့် လူကုန်ကူးခံရသူ ၂၆ ဦး ကျန်ရှိသေးသည်။

နိုင်ငံဖြတ်ကျော် လူကုန်ကူးမှုဖြစ်စဉ်များတွင် ထိုင်းနိုင်ငံ၌ ဖြစ်ပွားသည့် လူကုန်ကူးမှုဖြစ်စဉ်များတွင် ပြစ်မှုကျူးလွန်သူများကို အရေးယူနိုင်ရန်အတွက် သက်သေအဖြစ် အမှုဆိုင်ရင်နေသည့် မြန်မာနိုင်ငံသားများမှာ တရား
စီရင်ရာတွင် ကြန့်ကြာမှုများရှိနေသည့်အတွက် နေရပ်ကိုပြန်လိုသော်
လည်း ပြန်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။ 

Eeven Media Group
အောင်မင်္ဂလာအဝေးပြေး ယာဉ်ရပ်နားစခန်းအနီးတွင် လူကုန်ကူးမှု ပညာပေးဆိုင်းဘုတ် ဆိုက်ထူထားသည် ကို တွေ့ရစဉ်

တရုတ်နှင့်ထိုင်းနိုင်ငံသို့ လူကုန်ကူးခံရပြီး ပြန်လည်ကယ်ဆယ်နိုင်ခြင်း မရှိသေးသည့် မြန်မာနိုင်ငံသား ၃၂ ဦးအနက် ၆ ဦးကိုသာ ကယ်ဆယ်နိုင်ပြီး ပြန်လွှဲပြောင်းပေးနိုင်သေးကြောင်း လူကုန်ကူးမှု တားဆီးနှိမ် နင်းရေး ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
ပြီးခဲ့သည့် ၂၀၁၃ခုနှစ်အတွင်း၌ လူကုန်ကူးမှု ၁၀၂ မှုဖြစ်ပွားခဲ့ပြီး လူကုန်ကူးခံရသူမှာ ၂၅၀ ကျော်ရှိခဲ့ပြီး ယင်းတို့အနက်မှ ၃၂ ဦးအား ပြန်လည်ကယ်ဆယ်နိုင်ခြင်းမရှိခဲ့ကြောင်း သိရသည်။

"လူကုန်ကူးခံရတဲ့သူတွေကို ပြန်ကယ်ဖို့အတွက် အချို့ဟာတွေက နေရာမသိဘူး။ အခုပြန်လွှဲပေးတဲ့ သူတွေ ကလည်း ပြဿနာဖြစ်ရင်းနဲ့ ထွက်ပြေးလာကြတာဖြစ်တယ်။ ထိုင်းနိုင်ငံမှာဆိုရင် စက်ရုံသူဋ္ဌေးနဲ့ လူကုန်ကူးမှုကျူးလွန်သူတွေကို ထိုင်းတရားရုံးမှာ တရားစွဲထားတယ်။ တရုတ်နိုင်ငံကျတော့ လက်ထပ်ပေါင်း သင်းတဲ့ အမျိုးသားတွေကို အရေးယူတာတွေမရှိသေးဘူး" ဟု လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ဒုရဲမှူးမင်းနိုင်က The Daily Eleven သတင်းစာသို့ ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှာ အမျိုးသား (၄)ဦးတို့သည် ၂၀၁၃ခုနှစ်အတွင်းတွင် ထိုင်းနိုင်ငံ ရှိ စက်ရုံတစ်ခုတွင် လူကုန်ကူးခံခဲ့ရပြီး ပြန်လည်ထွက်ပြေး လွှတ်မြောက်လာခဲ့ရာ ထိုင်းနိုင်ငံ ရှိ စောင့်ရှောက်ရေးဂေဟာများတွင် နေထိုင်ရပြီး ထိုင်းနိုင်ငံမှ ယခုနှစ် ဧပြီလ ပထမပတ် အတွင်း ၌ ပြန်လည်လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆက်လက်ပြီး တရုတ်နိုင်ငံတွင် တရုတ်အမျိုးသားများ၏ မယားအဖြစ် လူကုန်ကူးခြင်းခံရသော ရှမ်းပြည် နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးမှ အမျိုးသမီး(၂)ဦးအား ယခုနှစ် ဧပြီလအတွင်း၌ ရွှေလီလူကုန်ကူးအထူး အဖွဲ့မှ လာရောက်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ သတင်းရရှိ သည်။

၂၀၁၃ခုနှစ်အတွင်း တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံသို့ လူကုန်ကူးခံရပြီး ပြန်လည်ကယ်ဆယ်နိုင်ခြင်း မရှိသေး သည့် လူကုန်ကူးခံရသူ ၂၆ ဦး ကျန်ရှိသေးသည်။

နိုင်ငံဖြတ်ကျော် လူကုန်ကူးမှုဖြစ်စဉ်များတွင် ထိုင်းနိုင်ငံ၌ ဖြစ်ပွားသည့် လူကုန်ကူးမှုဖြစ်စဉ်များတွင် ပြစ်မှု ကျူးလွန်သူများကို အရေးယူနိုင်ရန်အတွက် သက်သေအဖြစ် အမှုဆိုင်ရင်နေသည့် မြန်မာနိုင်ငံသားများမှာ တရားစီရင်ရာတွင် ကြန့်ကြာမှုများရှိနေသည့်အတွက် နေရပ်ကိုပြန်လိုသော်လည်း ပြန်နိုင်ခြင်း မရှိေ သးကြော င်း သိရသည်။

Eeven Media Group

No comments:

Post a Comment