Tuesday 22 April 2014

သူဌေးချောင်း ရေအားလျှပ်စစ် စီမံကိန်းသည် နိုင်ငံတော် အတွက် လိုအပ်လျက် ရှိသည့် လျှပ်စစ် ဓာတ်အားကိုလည်း ဖြည့်စွမ်း ပေးနိုင်မည့် စီမံကိန်းဖြစ်

Photo: သူဌေးချောင်း ရေအားလျှပ်စစ် စီမံကိန်းသည် နိုင်ငံတော် အတွက် လိုအပ်လျက် ရှိသည့် လျှပ်စစ် ဓာတ်အားကိုလည်း ဖြည့်စွမ်း ပေးနိုင်မည့် စီမံကိန်းဖြစ်
Tuesday, April 22, 2014

လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်စိုးသည် တာဝန် ရှိသူများ နှင့်အတူ ဧပြီ ၂ဝရက် နံနက် ၁ဝ နာရီက သူဌေးချောင်း ရေအား လျှပ်စစ် စီမံကိန်းသို့ ရောက်ရှိပြီး စီမံကိန်း ရှင်းလင်းဆောင်၌ တာဝန်ရှိသူ များ၏ တင်ပြချက်များ အပေါ် ပြည်ထောင်စု ဝန်ကြီးက ရေထိန်းစည် တူးဖော်ရာ၌ ကျောက်သား အနေအထား အရ အန္တရာယ်ရှိ နိုင်သဖြင့် လုပ်ငန်းခွင် အန္တရာယ် ကင်းရှင်း စေရေး ဂရုစိုက်ရန်၊ ရေသွယ်ဥမင် လိုဏ်များ တူးဖော်ရာတွင်လည်း ဥမင်လိုဏ် မပြိုကျ စေရေးနှင့် အလုပ်သမားများ ထိခိုက် အန္တရာယ် မရှိစေရေး ဂရုစိုက် ဆောင်ရွက်ရန် မှာကြားခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးနှင့် အဖွဲ့သည် စက်ယန္တရားကြီး များဖြင့် ရေထိန်းစည် တူးဖော်နေမှု၊ အမှတ်(၁) ရေသွယ်ဥမင် လိုဏ်တူး ဖော်နေမှုနှင့် ပင်မတမံ အုတ်မြစ် လုပ်ငန်းများတွင် စိမ့်ရေတား နံရံဆောင် ရွက် နေမှုများအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။

သူဌေးချောင်း ရေအားလျှပ်စစ် စီမံကိန်းသည် စက်တပ်ဆင် အင်အား ၁၁၁ မဂ္ဂါဝပ်ရှိပြီး နှစ်စဉ်ပျမ်းမျှ ထုတ်လုပ်နိုင်မည့် လျှပ်စစ်ဓာတ်အား ၃၈၆ ကီလိုဝပ် နာရီ သန်းပေါင်းဖြစ်ပြီး စီမံကိန်း ပြီးစီးပါက ရခိုင်ပြည်နယ် တစ်ခုလုံးအား လျှပ်စစ်ဓာတ်အား အပြည့်အဝ ပေးနိုင်မည့်အပြင် နိုင်ငံတော် အတွက် လိုအပ်လျက် ရှိသည့် လျှပ်စစ် ဓာတ်အားကိုလည်း ဖြည့်စွမ်း ပေးနိုင်မည့် စီမံကိန်းဖြစ်ပြီး ယခုအချိန်တွင် စီမံကိန်း တစ်ခုလုံး၏ ၃၄ ရာခိုင်နှုန်း ပြီးစီးနေပြီး ဖြစ်ကြောင်း သိရှိရသည်။

ထို့နောက် ပြည်ထောင်စု ဝန်ကြီး နှင့်အဖွဲ့သည် မွန်းလွဲ(၂) နာရီတွင် တောင်ကုတ် ပင်မဓာတ်အား ခွဲရုံသို့ ရောက်ရှိပြီး ရှင်းလင်းဆောင်တွင် ပြည်ထောင်စု ဝန်ကြီးက တောင်ကုတ် မြို့နယ်နှင့် သံတွဲမြို့များသို့ လာမည့် ဇွန်လအတွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူး ပေးနိုင်ရန်အတွက် ဆောင်ရွက်ရေး၊ ရခိုင်ပြည်နယ် လျှပ်စစ်ဓာတ်အား ရရှိရေး အတွက် ဆောင်ရွက်လျက်ရှိသော စီမံကိန်းများကို ယခုနှစ် ဒီဇင်ဘာလ မတိုင်မီ ပြီးစီးအောင် ဆောင်ရွက် ရေးတို့ကို မှာကြားခဲ့သည်။

ယင်းနောက် ပြည်ထောင်စု ဝန်ကြီးသည် တောင်ကုတ် ပင်မ ဓာတ်အားခွဲရုံ Control Building နှင့် Switch Yardအတွင်း လုပ်ငန်း ဆောင်ရွက် နေမှုများကို လှည့်လည် ကြည့်ရှု စစ်ဆေးပြီး သံတွဲ ဓာတ်အား ခွဲရုံသို့ သွားရောက် ကြည့်ရှု စစ်ဆေးခဲ့သည်။

ရခိုင်ပြည်နယ် အတွင်း ဆောင်ရွက်လျက်ရှိသော နိုင်ငံတော် ဓာတ်အားစနစ်နှင့် ဆက်သွယ် ဆောင်ရွက်မည့် စီမံကိန်းများ ပြီးစီးပါက စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ဘူးသီးတောင်၊ မောင်တော၊ အမ်း၊ တောင်ကုတ်၊ သံတွဲ၊ မအီ၊ ကျောက်ဖြူ၊ ရမ်းဗြဲမြို့များနှင့် မဒဲကျွန်းသို့ လျှပ်စစ် ဓာတ်အား ဖြန့်ဖြူး ပေးနိုင်မည်ဖြစ်ပြီး အိန္ဒိယနိုင်ငံ ချေးငွေ၊ တရုတ်နိုင်ငံမှ လှူဒါန်းငွေ၊ နိုင်ငံပိုင် နိုင်ငံခြားငွေ စုစုပေါင်း အမေရိကန် ဒေါ်လာ ၁ဝ၂ဒသမ ၄သန်းနှင့် ပြည်တွင်းငွေ ကျပ်သန်းပေါင်း ၈၈၅ဝ၈သန်း နိုင်ငံတော်မှ သုံးစွဲ ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။

မြ၀တီ
လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်စိုးသည် တာဝန် ရှိသူများ နှင့်အတူ ဧပြီ ၂ဝရက် နံနက် ၁ဝ နာရီက သူဌေးချောင်း ရေအား လျှပ်စစ် စီမံကိန်းသို့ ရောက်ရှိပြီး စီမံကိန်း ရှင်းလင်းဆောင်၌ တာဝန်ရှိသူ များ၏ တင်ပြချက်များ အပေါ် ပြည်ထောင်စု ဝန်ကြီးက ရေထိန်းစည် တူးဖော်ရာ၌ ကျောက်သား အနေအထား အရ အန္တရာယ်ရှိ နိုင်သဖြင့် လုပ်ငန်းခွင် အန္တရာယ် ကင်းရှင်း စေရေး ဂရုစိုက်ရန်၊ ရေသွယ်ဥမင် လိုဏ်များ တူးဖော်ရာတွင်လည်း ဥမင်လိုဏ် မပြိုကျ စေရေးနှင့် အလုပ်သမားများ ထိခိုက် အန္တရာယ် မရှိစေရေး ဂရုစိုက် ဆောင်ရွက်ရန် မှာကြားခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးနှင့် အဖွဲ့သည် စက်ယန္တရားကြီး များဖြင့် ရေထိန်းစည် တူးဖော်နေမှု၊ အမှတ်(၁) ရေသွယ်ဥမင် လိုဏ်တူး ဖော်နေမှုနှင့် ပင်မတမံ အုတ်မြစ် လုပ်ငန်းများတွင် စိမ့်ရေတား နံရံဆောင် ရွက် နေမှုများအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။

သူဌေးချောင်း ရေအားလျှပ်စစ် စီမံကိန်းသည် စက်တပ်ဆင် အင်အား ၁၁၁ မဂ္ဂါဝပ်ရှိပြီး နှစ်စဉ်ပျမ်းမျှ ထုတ်လုပ်နိုင်မည့် လျှပ်စစ်ဓာတ်အား ၃၈၆ ကီလိုဝပ် နာရီ သန်းပေါင်းဖြစ်ပြီး စီမံကိန်း ပြီးစီးပါက ရခိုင်ပြည်နယ် တစ်ခုလုံးအား လျှပ်စစ်ဓာတ်အား အပြည့်အဝ ပေးနိုင်မည့်အပြင် နိုင်ငံတော် အတွက် လိုအပ်လျက် ရှိသည့် လျှပ်စစ် ဓာတ်အားကိုလည်း ဖြည့်စွမ်း ပေးနိုင်မည့် စီမံကိန်းဖြစ်ပြီး ယခုအချိန်တွင် စီမံကိန်း တစ်ခုလုံး၏ ၃၄ ရာခိုင်နှုန်း ပြီးစီးနေပြီး ဖြစ်ကြောင်း သိရှိရသည်။

ထို့နောက် ပြည်ထောင်စု ဝန်ကြီး နှင့်အဖွဲ့သည် မွန်းလွဲ(၂) နာရီတွင် တောင်ကုတ် ပင်မဓာတ်အား ခွဲရုံသို့ ရောက်ရှိပြီး ရှင်းလင်းဆောင်တွင် ပြည်ထောင်စု ဝန်ကြီးက တောင်ကုတ် မြို့နယ်နှင့် သံတွဲမြို့များသို့ လာမည့် ဇွန်လအတွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူး ပေးနိုင်ရန်အတွက် ဆောင်ရွက်ရေး၊ ရခိုင်ပြည်နယ် လျှပ်စစ်ဓာတ်အား ရရှိရေး အတွက် ဆောင်ရွက်လျက်ရှိသော စီမံကိန်းများကို ယခုနှစ် ဒီဇင်ဘာလ မတိုင်မီ ပြီးစီးအောင် ဆောင်ရွက် ရေးတို့ကို မှာကြားခဲ့သည်။

ယင်းနောက် ပြည်ထောင်စု ဝန်ကြီးသည် တောင်ကုတ် ပင်မ ဓာတ်အားခွဲရုံ Control Building နှင့် Switch Yardအတွင်း လုပ်ငန်း ဆောင်ရွက် နေမှုများကို လှည့်လည် ကြည့်ရှု စစ်ဆေးပြီး သံတွဲ ဓာတ်အား ခွဲရုံသို့ သွားရောက် ကြည့်ရှု စစ်ဆေးခဲ့သည်။

ရခိုင်ပြည်နယ် အတွင်း ဆောင်ရွက်လျက်ရှိသော နိုင်ငံတော် ဓာတ်အားစနစ်နှင့် ဆက်သွယ် ဆောင်ရွက် မည့် စီမံကိန်းများ ပြီးစီးပါက စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ဘူး သီးတော င်၊ မောင်တော၊ အမ်း၊ တောင်ကုတ်၊ သံတွဲ၊ မအီ၊ ကျောက်ဖြူ၊ ရမ်းဗြဲမြို့များနှင့် မဒဲကျွန်းသို့ လျှပ်စစ် ဓာတ် အား ဖြန့်ဖြူး ပေးနိုင်မည်ဖြစ်ပြီး အိန္ဒိယနိုင်ငံ ချေးငွေ၊ တရုတ်နိုင်ငံမှ လှူဒါန်းငွေ၊ နိုင်ငံပိုင် နိုင်ငံခြားငွေ စုစုပေါင်း အမေရိကန် ဒေါ်လာ ၁ဝ၂ဒသမ ၄သန်းနှင့် ပြည်တွင်းငွေ ကျပ်သန်းပေါင်း ၈၈၅ဝ၈ သန်း နိုင် ငံတော်မှ သုံးစွဲ ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။

မြ၀တီ

No comments:

Post a Comment