Tuesday 22 April 2014

ဆိုးဆေး ပါဝင်သည့် စိမ်းစားငါးပိများ သိမ်းဆည်း

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဌာန၏ စစ်ဆေးတွေ့ရှိချက်အရ ဧရာဝတီတိုင်းဒေ သကြီး မြန်အောင်မြို့တွင် ဧပြီလ ၂၀ ရက်နေ့က စိမ်းစားငါးပိ အရောင်းဆိုင် ငါးဆိုင်ကို မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က ဝင်ရောက်ရှာဖွေ စစ်ဆေးခဲ့ရာ ဆိုးဆေး ပါဝင်သည့် စိမ်းစားငါးပိ ကုန်ချိန် ၁၆၂ ပိဿာကျော်ကို သိမ်းဆည်းရမိခဲ့ကြောင်း မြန်အောင်မြို့နယ် ဆေးရုံ အုပ်ကြီး ဒေါက်တာ ဝင်းထိန် က ပြောကြားသည်။
သိမ်းဆည်းရမိခဲ့သော ငါးပိ အရောင်းဆိုင်များကို ဒဏ်ငွေရိုက်ခြင်းနှင့် အရေးယူခြင်းတို့ကို မပြုလုပ် ခဲ့သော်လည်း နောင်မဖြစ်ပွားရေးအတွက် သတိပေး မှတ်တမ်းများ ထားရှိကာ ကျန်းမာရေး ဦးစီးဌာနသို့ နမူနာ ပို့ မည်ဖြစ်ပြီး ယင်းဦးစီးဌာန၏ အန္တရာယ်ကင်းရှင်းကြောင်း ထောက်ခံချက် ရရှိမှ သာ ပြန် လည်ရောင်း ချရန် ပညာပေးခဲ့သည်ဟု ၎င်းကဆိုသည်။

ဧရာဝတီတိုင်းဒေသကြီး ကျန်းမာရေးဦးစီးမှူး၏ ညွှန်ကြားချက်အရ စိမ်းစားငါပိများကို နမူနာ ဝယ်ယူပြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဌာနကို တင်ပို့ခဲ့ကြောင်း၊ စစ်ဆေးချက်များကို တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှ တစ်ဆင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ကို တင်ပြမှုကြောင့် ယင်းသို့ စစ်ဆေး ခဲ့ခြင်း ဖြစ်ကြောင်း ဒေါက်တာဝင်းထိန်က ရှင်းပြသည်။

ငါးပိများတွင် ဆိုးဆေး ပါဝင်ခြင်း၊ ငါးအရိုးများ အမြန်ဆွေးမြေည့်ရန် ဓာတ်မြေသြဇာများ ထည့်သွင်း အသုံးပြုခြင်းတို့ကို ငါးပိရေကျို ချက်စားသည့် ရေချိုငါးငပိများတွင် ထည့်သွင်းသည့် အစဉ်အလာ မရှိကြောင်း၊ ဈေးနှုန်းသက်သာသော ရေငန်ငါးပိများကိုသာ စက်နှင့် ကျိတ်ပြီး ရေချိုငါးပိထဲတွင် ထည့်သွင်း ရောင်း ချခြင်းကို ဆိုင်အချို့က လုပ်ကိုင်လေ့ ရှိကြောင်း ဟင်္သာတမြို့က မိရိုးဖလာ ရေချိုငါးပိ လုပ်ငန်း လုပ်ကိုင်သူ အသက် ၇၀ အရွယ်ရှိ ဦးလှအောင်က ပြောကြားသည်။

ဟင်္သာတမြို့နယ်အတွင်း ငါးပိ အရောင်းဆိုင်များမှ ငါးပိများကိုလည်း နမူနာယူ စစ်ဆေးရန် တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနသို့ ပို့ထားရာ အဖြေမသိရသေးကြောင်း ဟင်္သာတခရိုင် ဆေးရုံမှ ဒေါက် တာဒေါ်သီတာ က ပြောကြားသည်။

မြန်အောင်မြို့ရှိ ငါးပိဆိုင်များကို ဝင်ရောက် သိမ်းဆည်းရာတွင် မြို့နယ်ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းထိန်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းမင်းထွန်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက် အကူပြုအဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်း သိမ်းဆည်းခဲ့ခြင်း ဖြစ်ကြောင်း ယင်းအဖွဲ့ ၏ ပြော ကြားချက်အရ သိရသည်။

The Voice Weekly

No comments:

Post a Comment