Tuesday 22 April 2014

တိုင်းရင်းသားအားလုံး လက်ခံနိုင်သည့် ပုံစံမျိုးသာ ဖွဲ့စည်းပုံ အခြေခံဥပဒေအား ပြင်ဆင်ပေးပါက ၎င်းတို့ကို လက်မှတ်ထိုးခိုင်းစရာပင် မလိုဟု ကေအိုင်အေ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော် ပြောကြား

အစိုးရအနေဖြင့် တိုင်းရင်းသားအားလုံး လက်ခံနိုင်သည့် ပုံစံမျိုးသာ ဖွဲ့စည်းပုံ အခြေခံဥပဒေ အား ပြင် ဆင်ပေး ပါက ၎င်းတို့ကို လက်မှတ်ထိုးခိုင်းစရာပင် မလိုဟု ကေအိုင်အေ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော် က ပြောကြားသည်။
အမေရိကန်ရောက် ချင်းတိုင်းရင်းသားများနှင့် တွေ့ဆုံပွဲတွင် ဗိုလ်ချုပ်ဂွမ်မော်အား ၂၀၁၅ ရွေးကောက် ပွဲပြီး ပါက ယခုဆောင်ရွက်နေသည့် ငြိမ်းချမ်းရေး ဆောင်ရွက်မှုကို မည်ကဲ့သို့ဖြစ်စေနိုင်ကြောင်း မေး ခွန်းမေးမြန်းမှု အား ဖြေကြားရာ၌ ၎င်းကထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ကအိုင်အို အနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲကို မိမိတို့နိုင်ငံအတွက် ဆောင်ရွက်နေသည့် ရွေးကောက်ပွဲ တစ်ခု အဖြစ် မြင်သော်လည်း တိုင်းရင်းသားများမှာ ပါဝင်ရန်အဆင်သင့် မရှိသေးဟု မြင်ကြော င်း၊ ရွေးေ ကာက် ပွဲစနစ် ပုံစံမှာလည်း အများကြီး ဆွေးနွေးရန် လိုသည်ဟုမြင်ကြောင်း၊ ဒီမိုကရေစီအရ သွားနေသည့် လမ်းကြောင်းတစ်ခုလုံး အပေါ်တွင် အကောင်းမြင်သော်လည်း တစ်ခုချင်းအလိုက် ဖော်ဆောင် မှု များတွင်မူ အားရမှု မရှိကြောင်း ဗိုလ်ချုပ်ဂွမ်မော်က ပြောကြားသည်။

"၂၀၁၅ ရဲ့ နောက်ပိုင်းမှာ ဘာတွေဖြစ်လာမလဲလို့ ကျွန်တော်တို့ တစ်ခါတလေ စဉ်းစားကြည့်တဲ့အခါမှာ ၂၀၁၅ ရွေးကောက်ပွဲပြီးလို့ရှိရင် အခြေခံဥပဒေ ပြင်ဆင်ရေးကို အစိုးရက ဘယ်လိုပုံစံလုပ်မလဲ။ တကယ်တော့ အခြေခံဥပဒေ ပြင်ဆင်ရေးဟာ နိုင်ငံရဲ့ အသက်သွေးကြောဖြစ်တယ်။ တကယ်လို့သာ ဒီအခြေခံ ဥပဒေ ပြင်ဆင်ရေးကို ကျွန်တော်တို့ ဘယ်သူမှမပါဘဲနဲ့ အစိုးရက တိုင်းရင်းသားတွေအားလုံး လက်ခံနိုင်တဲ့ ပုံစံမျိုးနဲ့ ပြင်ဆင်လို့ရှိရင် ကျွန်တော်တို့ကို လက်မှတ်ထိုးခိုင်းစရာတောင် မလိုပါဘူး။ ဒါပေမဲ့ တကယ်ပဲပြင်ဆင်ရေး လုပ်မလား။ အ ခုချိန်မှာ အသံထွက်နေတာကတော့ ပြင်ဆင်ရေး လုပ်မယ်လို့ပြောတယ်။ ကောင်းပြီ။ လွှတ်တော်ကပြင်တာကို အစိုးရနဲ့ တပ်မတော်က တကယ်လိုက်နာ မလားဆိုတဲ့ မေးခွန်းတွေကို ကျွန်တော်တို့ကဖြေဖို့ တော်တော်ခက်သေးတယ်။ ဘယ်လိုဖြစ်လာမလဲဆိုတာ ကျွန်တော်တို့ ကေအိုင်အိုကတော့ စောင့်ကြည့်နေတုန်း ရှိပါတယ်" ဟု ဗိုလ်ချုပ်ဂွမ်မော်က ပြောကြားသည်။

ထို့အပြင် ရွေးကောက်ပွဲသည် နိုင်ငံတစ်နိုင်ငံအတွက် အရေးကြီးကြောင်း၊ သို့သော် မိမိတို့နိုင်ငံ ၏ ရွေးကောက် ပွဲ များကို လူများက စိတ်မ၀င်စားကြသည်မှာ အံ့သြစရာကောင်းကြောင်း၊ မိမိတို့နားလည် သည့် ရွေးကောက်ပွဲနှင့် ယခုဖြစ်နေသည့် ရွေးကောက်ပွဲပုံစံမှာ တော်တော်ကွာခြားသည် ဟု မြင်ကြောင်း၊ ပြည်သူလူထုတွင် နိုင်ငံရေးအသိ နည်းပါးနေသေးသော အခါ၌ ရွေးကောက်ပွဲ ကိစ္စများကို နားမလည်နိုင်ဘဲ စိတ်ဝင်စားမှုသည်လည်း နည်းပါးသွားကြောင်း ဗိုလ်ချုပ်ဂွမ်မော်က ထည့်သွင်း ပြော ကြားသည်။

လက်ရှိတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ ပြည်ထောင်စု လွှတ်တော်တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီ ဖွဲ့စည်းထားပြီး ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ မတိုင်မီ အနည်းဆုံး ခြောက်လအလိုတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြင်ဆင်သင့်သည့် အကြောင်း အရာများကို ဥပဒေပြု၍ ပြင်ဆင်ပြီးဖြစ်ရန် ဆောင်ရွက်ရမည်ဟု ပြည်ထောင်စု လွှတ်တော်နာယ က သူရဦးရွှေမန်းက မူဝါဒချမှတ်ထားသည့်အပြင် အများပြည်သူ ကြား၌လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အရေးကြီး ပုဒ်မဖြစ်သော ပုဒ်မ ၄၃၆၊ ပုဒ်မ ၅၉(စ)စသည့် အချက်များကို ပြင်ဆင်ပေးရန် ဆန္ဒပြ တောင်းဆို မှုများ ပြုလုပ်လျက်ရှိသည်။

Eleven Media Group

No comments:

Post a Comment